Print

ဆေးယဉ်ပါးတီဘီရောဂါ

  24-Nov-2019
Preview Image


          တီဘီရောဂါကုသရာတွင် အသုံးပြုသော ပထမအဆင့် အစွမ်းထက်ဆုံး ဆေးနှစ်မျိုး Rifampicin နှင့် Isoniazid ကို ယဉ်ပါးသွားသော တီဘီရောဂါကို ဆေးယဉ်ပါးတီဘီရောဂါဟု ဆိုပါသည်။ MDR – TB (Multidrug Resistant) ဟုလည်း ခေါ်ဆိုပါသည်။

          ဆေးယဉ်ပါးတီဘီနှင့် တီဘီရောဂါတို့၏ လက္ခဏာများမှာ အတူတူဖြစ်ပါသည်။ ()ပတ်ကျော် ချောင်းဆိုးခြင်း၊ ညဘက်ချွေးထွက်ခြင်း၊ အဖျားရှိခြင်းနှင့် ကိုယ်အလေးချိန်ကျခြင်း၊ မောပန်းလာခြင်း၊ ကျောရင်အောင့်ခြင်းနှင့် ချောင်းဆိုးသွေးပါခြင်းတို့ ဖြစ်သည်။ ဆေးယဉ်ပါးတီဘီရောဂါကူးစက်နိုင်သော နည်းလမ်းများရှိပါသည်။ တီဘီဖြစ်စေ၊ ဆေးယဉ်ပါးတီဘီဖြစ်စေ လေထဲမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ ဆေးယဉ်ပါးတီဘီရောဂါပိုးသည် တီဘီထက် ပိုမိုကူးစက်လွယ်ခြင်းမရှိပါ။ ရောဂါများသည် ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ စကားပြောခြင်းမှတစ်ဆင့် လေထဲသို့ရောက်ရှိပြီး လူနာ၏ အနီးအနားတွင်ရှိသော လူများထံသို့ ကူးစက်နိုင်ပါသည်။

ဆေးယဉ်ပါးတီဘီရောဂါပိုးရရှိနိုင်သော အကြောင်းအရင်းများရှိပါသည်။ တီဘီရောဂါဆေးကုသမှုကို ယခင်ခံယူခဲ့သော်လည်း ပထမအဆင့်ဆေးများ (Rifampicin နှင့် Isoniazid) မှာ ရောဂါပိုးများကို ယဉ်ပါးသွားခြင်း၊ ညွှန်ကြားထားသော တီဘီဆေးဝါးများကို မှန်ကန်တိကျစွာ မသောက်ခဲ့ခြင်းနှင့် ဆေးယဉ်ပါးတီဘီရောဂါပိုးရှိသူထံမှ ရောဂါပိုးတိုက်ရိုက်ကူးစက်ခံရခြင်းတို့ ဖြစ်ပါသည်။


တီဘီရောဂါရှိမရှိ စစ်ဆေးခြင်း

          သလိပ်ထဲတွင် တီဘီရောဂါပိုးရှိမရှိ စစ်ဆေးခြင်းပြုလုပ်ရပါမည်။ သလိပ်စစ်ဆေးခြင်းသည် အလွယ်ကူဆုံးနှင့် ကုန်ကျစရိတ်အနည်းဆုံး ဖြစ်ပါသည်။ အရေးကြီးသောအချက်မှာ သလိပ်ဖြစ်ရပါမည်။ တံတွေးမဖြစ်ရပါ။ သလိပ် ()ခွက် စစ်ရန်လိုအပ်ပြီး မနက်စောစောတစ်ခွက် ပါရပါမည်။ ကျန်းမာရေးဌာနကဖွင့်ထားသော ဓာတ်ခွဲခန်းများတွင် အခမဲ့စစ်ဆေးနိုင်ပါသည်။ လိုအပ်ပါက ရင်ခေါင်းဓာတ်မှန်ရိုက်ခြင်း ပြုလုပ်ရပါမည်။


ဆေးယဉ်ပါးတီဘီရောဂါကို ရှာဖွေစစ်ဆေးခြင်း

          ဆေးယဉ်ပါးတီဘီရောဂါရှိမရှိသိရှိနိုင်ရန် လူနာ၏ သလိပ်ကို (Gene X – pert) စက်ဖြင့် စစ်ဆေးနိုင်ပါသည်။ ဆေးယဉ်ပါးတီဘီရောဂါကို သတ်မှတ်ထားသော ကုထုံးအတိုင်း ကျန်းမာရေးဌာနများတွင် စနစ်တကျကုသမှသာလျှင် ပျောက်ကင်းအောင် ကုသနိုင်ပါသည်။


ဆေးယဉ်ပါးတီဘီရောဂါကုသနည်း

          ဆေးယဉ်ပါးတီဘီရောဂါကုထုံးမှာ အနည်းဆုံး ဆေး() မျိုးနှင့် ကုသရပါမည်။ ဆေးတစ်မျိုးမှာ ထိုးဆေးဖြစ်ပါသည်။ ထိုထိုးဆေးကို တစ်ပတ်လျှင် () ရက် (တနင်္ဂနွေမပါ) နှင့် အနည်းဆုံး () လ ထိုးရပါမည်။ သောက်ဆေးကို နေ့စဉ် လ (၂၀) ထိ သောက်ရပါသည်။ ဆေးသောက်မှန်ကန်မှုရှိစေရန် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများမှ နေ့စဉ်တိုက်ရိုက်ကြည့်ရှု ဆေးတိုက်ကျွေးပေးနေပါသည်။


ဆေးယဉ်ပါးတီဘီရောဂါ ဆေးကုသခြင်း၏ ဘေးထွက်ဆိုးကျိုးများ

          ဆေးကုသခြင်း၏ ဘေးထွက်ဆိုးကျိုးများမှာ ရင်ပူခြင်း၊ ပျို့အန်ခြင်း၊ အဆစ်အမျက်နာခြင်း၊ ခေါင်းမူးခြင်း စသည်တို့ခံစားရနိုင်ပါသည်။ အကယ်၍ ဘေးထွက်ဆိုးကျိုးများခံစားရလျှင် လူနာက မိမိသဘောအတိုင်း ဆေးကုသမှုရပ်ဆိုင်းခြင်း မပြုလုပ်ရပါ။ ဘေးထွက်ဆိုးကျိုးခံစားနေရပါက ဆရာဝန်၊ ဆရာမများကို အလျင်အမြန်အကြောင်းကြားရန် လိုအပ်ပါသည်။


တီဘီရောဂါကူးစက်ပြန့်ပွားနေခြင်းအကြောင်းရင်းများ

          တီဘီရောဂါသည်ဟု အမည်တပ်ခံရမည်ကိုကြောက်၍ ဆေးစစ်ရမည်ကိုရှောင်ခြင်း၊ ဆေးခန်းသွားရန် ငြင်းဆန်ခြင်း၊ ဆေးသောက်ရမည်ကိုကြောက်ခြင်း၊ ဆေးကုသမှုစရိတ်မတတ်နိုင်ခြင်း၊ ဆေးသောက်သော်လည်း ဆရာဝန်ညွှန်ကြားထားသည့်အတိုင်း တိတိကျကျ လိုက်နာခြင်းမရှိ၍ ဆေးမတိုးတော့ခြင်းနဲ့ ဆေးယဉ်ပါးတီဘီဖြစ်လာခြင်းတို့ကြောင့် တီဘီရောဂါကူးစက်ပြန့်ပွားနေပါသည်။ ကုသရန်ခက်ခဲခြင်း၊ ကုသချိန်ကြာခြင်း၊ ကုန်ကျစရိတ်များနှင့် ပျောက်ကင်းရန်ခဲယဉ်းခြင်းများ ဖြစ်ပေါ်လျက်ရှိပါသည်။


တီဘီရောဂါကင်းဝေးသော ပတ်ဝန်းကျင်တစ်ခုတွင် နေထိုင်ခြင်း

          မိမိအိမ်၊ ပတ်ဝန်းကျင်တွင် တီဘီသံသယလူနာတစ်ဦး စနစ်တကျစစ်ဆေးကုသမှုမခံယူပါက တီဘီရောဂါဖြစ်ပွားခြင်းနှင့် မိမိအပါအဝင်တခြားသူများထံ ရောဂါကူးစက်ပြန့်ပွားစေခြင်းများ ဖြစ်တတ်ပါသည်။ ထို့ကြောင့် တီဘီသံသယရှိလူနာများအား ရှာဖွေကူညီပေးရန် လူတိုင်းတာဝန်ယူဆောင်ရွက်သင့်ပါသည်။


တီဘီရောဂါကင်းဝေးအောင်ဆောင်ရွက်ခြင်း

          ပတ်ဝန်းကျင်တွင် တီဘီသံသယလူနာတစ်ဦးတွေ့ပါက မှန်မှန်ကန်ကန် စစ်ဆေးကုသမှု ခံယူရန် ကူညီလမ်းညွန်ပေးရပါသည်။ မွေးကင်းစကလေးငယ်များအား သတ်မှတ်ထားသောကာလတွင် ဘီစီဂျီကာကွယ်ဆေးထိုးပေးရပါမည်။ ကိုယ်ခံအားကောင်းစေရန် အာဟာရပြည့်ဝသောအစားအစာများ စားရပါမည်။ အရက်၊ ဆေးလိပ်ရှောင်ရပါမည်။ အိပ်ရေးဝဝအိပ်ရပါမည်။ အလင်းရောင်နှင့် လေဝင်လေထွက်ကောင်းသောနေရာတွင် နေထိုင်ရပါမည်။


တီဘီလူနာတစ်ဦးလိုက်နာရမည့် အချက်များ

          ချောင်းဆိုး၊ နှာချေလျှင် ပါးစပ်နှင့်နှာခေါင်းကို လက်ကိုင်ပဝါဖြင့်အုပ်ထားရပါမည်။ သလိပ်၊ တံတွေးကို စနစ်တကျထွေးရပါမည်။ သလိပ်ပိုးတွေ့စဉ်ကာလအတွင်း အခြားသူများနှင့် အတူမအိပ်ဘဲ သီးခြားအိပ်ရပါမည်။ အသုံးအဆောင်ပစ္စည်းများကို သီးသန့်ထား၍ နေလှန်းပေးရပါမည်။ ဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း အတိအကျလိုက်နာသောက်သုံးရပါမည်။


အကြံပြုချက်

          တီဘီရောဂါလက္ခဏာရှိသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆေးရုံဆေးခန်းများတွင် အမြန်ဆုံးစစ်ဆေးကုသမှု ခံယူရပါမည်။ ဆေးသောက်မမှန်ကန်ခြင်း၊ ပြီးဆုံးအောင်မသောက်ခြင်းတို့ကြောင့် ဆေးယဉ်ပါးတီဘီရောဂါများဖြစ်လာနိုင်ပါသည်။ ကျန်းမာရေးဝန်ထမ်းများ ညွှန်ကြားထားသည့်အတိုင်း စနစ်တကျနှင့် ပြီးဆုံးအောင်ကုသမှုခံယူမည်ဆိုလျှင် တီဘီရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ပါသည်။ ရပ်ကွက်ကျေးရွာ တီဘီကင်းဝေးရေး () ပတ်ကျော်ချောင်းဆိုးသူတိုင်း သလိပ်စစ်ပေးရပါမည်။ တီဘီရောဂါမဖြစ်ပွားစေရန် ပြည်သူအားလုံးသိရှိပြီး ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်သင့်ကြောင်း အကြံပြုအပ်ပါသည်။


Credit : ဒေါက်တာ မြင့်သန်းထွန်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18