Print

အေအိုင်ဒီအက်စ် ခုခံကျဆင်းမှု ကူးစက်ရောဂါ (AIDS)

  29-Aug-2019
Preview Image

·         အိပ်ချ်အိုင်ဗွီ ဗိုင်းရပ်စ်ပိုးကို မျက်စိနဲ့ မမြင်ရပါ။

·         ဒီပိုးဟာ အေအိုင်ဒီအက်စ်ခေါ် ခုခံအားကျဆင်းစေတဲ့ ပိုးဖြစ်တယ်။

·         ဒီပိုးကို လူ့ရဲ့သွေး၊ သုက်ရည်နဲ့ မိန်းမကိုယ်မှထွက်တဲ့ အရည်တို့မှာ တွေ့နိုင်ပါတယ်။

 

ရောဂါကူးစက်နည်းများ

·         ရောဂါပိုးရှိသူနဲ့ လိင်ဆက်ဆံရင် ဖြစ်မယ် (လိင်တူလိင်ကွဲ)။

·         မသန့်ရှင်းသော ဆေးထိုးအပ်၊ ပြွန်တို့ဖြင့် မူးယစ်ဆေးထိုးရင် ဖြစ်မယ်။

·         အပ်၊ ပြွန်တို့ကို မျှဝေသုံးစွဲရာမှာ ကူးစက်မယ်။

·         ရောဂါပိုးရှိသူ အသုံးပြုပြီးသော ဆေးထိုးအပ်၊ ဆေးထိုးပြွန်၊ ကိရိယာများမှ ကူးစက်မယ်။

·         ဆေးမင်ကြောင်ထိုးရင်၊ စုတ်ထိုးရင်၊ နားဖောက်ရင်၊ ဓာတ်အပ်စိုက်ရင် ဖြစ်နိုင်တယ်။

·         ရောဂါပိုးရှိနေတဲ့ သွေးသွင်းမိရင်ဖြစ်မယ်။

·         ရောဂါပိုးရှိနေတဲ့ ကိုယ်ဝန်ဆောင်မိခင်မှတစ်ဆင့် သန္ဓေသား၊ ရင်သွေးငယ်သို့ ကူးစက်နိုင်မယ်။

 

ဤနည်းဖြင့် မကူးစက်ပါ။

ဤနည်းသည်

·         လေထဲမှ မပြန့်ပါ။ ချောင်းဆိုးရင်၊ နှာချေရင် မကူးစက်နိုင်ပါ။

·         လက်ဆွဲ နှုတ်ဆက်ရင်၊ ဖက်ရင်၊ ပါးတွင် နမ်းရှုံ့ရင်လည်း မကူးပါ။

·         အရေပြားချင်း ထိတွေ့ရုံနဲ့ မကူးပါ။

·         ပန်းကန်၊ ခွက်၊ ဇွန်းတို့မှတစ်ဆင့် မကူးပါ။

·         ကြမ်းပိုး၊ ကြွက်၊ ယင်တို့မှာလည်း မကူးစက်နိုင်ပါ။

·         အလုပ်ရုံ၊ စက်ရုံ၊ ရုံးဌာနတို့မှာလည်း မကူးစက်ပါ။

 

ရောဂါမကူးစက်စေရန်

·         မူးယစ်ဆေးဝါးကို လုံးဝမသုံးပါနဲ့။

·         လိင်အပျော်အပါးမလိုက်စားပါနဲ့။

·         မိမိဇနီး၊ ခင်ပွန်းအပေါ် သစ္စာရှိပါ။

·         ကိုယ်ကျင့်တရား စောင့်ထိန်းပါ။

·         မိမိလူမျိုးရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ထိန်းသိမ်းပါ။

သင့်တွင် အန္တရာယ်ရှိသလား

          ရိုးရိုးနေရင်တော့ အန္တရာယ်မရှိပါ မူးယစ်ဆေးသုံးစွဲရင် အန္တရာယ်ရှိမယ်။ လိင်အပျော်အပါးလိုက်စားရင် ရောဂါကူးစက်နိုင်ပါတယ်။ အမျိုးသမီးတွေ ရောဂါရှိတဲ့ ခင်ပွန်းမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။

 

အိမ်ရှင်မ

          ရောဂါကူးစက်နိုင်မယ့် အလုပ်များကို ခင်ပွန်းအား မလုပ်အောင် နှီးနှောတိုင်ပင်ပါ။ သားသမီးများ (သားယောကျ်ားလေးများ) ကိုလည်း မူးယစ်ဆေး မသုံးစွဲအောင်နှင့် အပျော်အပါးမလိုက်စားအောင် ဆုံးမပါ။

 

Credit: Health For All Magazine



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18