Print

ဂျပန်ဦးနှောက်အမြှေးရောင် ရောဂါအကြောင်းသိကောင်းစရာ

  28-Aug-2019
Preview Image

          ဂျပန်ဦးနှောက်အမြှေးရောင်ဖြစ်စေတဲ့ ဗိုင်းရပ်စ်ဟာ Flaviviridae ဆိုတဲ့ မျိုးရိုးကနေ ဆင်းသက်လာတဲ့ ဗိုင်းရပ်စ်အမျိုးအစားဖြစ်ပါတယ်။ ငှက်ရိုင်းတွေ (ငဟစ်ငှက်) အမျိုးအစားနဲ့ အိမ်မွေးဝက်တွေမှာ ဗိုင်းရပ်သိုမှီးနေနိုင်ပြီး လူတွေကို များစွာသော ရောဂါလက္ခဏာ ဖြစ်ပွားစေအောင် ကူးစက်တတ်ပါတယ်။ ဖြစ်ပွားစေတဲ့အကောင်တွေ အများကြီးရှိတဲ့အနက်က အရေးကြီးဆုံး ခြင်အမျိုးအစားတွေကတော့ Culex tritaeniorhynchus နဲ့ Culex vishnui တို့ပဲဖြစ်ပါတယ်။ အဖြစ်များတဲ့ နေရာဒေသကတော့ အရှေ့တောင်အာရှနဲ့ အရှေ့ပိုင်းဒေသတွေပဲ ဖြစ်ပါတယ်။


ရောဂါလက္ခဏာများ

          ပိုးမွေးတဲ့ကာလလို့ခေါ်တဲ့ Incubation period ဟာ ငါးရက်ကနေ ဆယ့်ငါးရက်အထိ ကြာမြင့်ပါတယ်။ အများစုက ဘာရောဂါလက္ခဏာမှ မပြဘဲလည်း လာတတ်ပါတယ်။ ပိုးကူးစက်မှုအကြိမ် ၂၅၀ မှာမှတစ်ကြိမ်သာလျှင် ဦးနှောက်အမြှေးရောင်အဖြစ်ကို ပြောင်းလဲသွားနိုင်တာဖြစ်ပါတယ်။ လူတွေမှာတော့ ရောဂါဖြစ်ဖြစ်ခြင်း ပထမပိုင်းမှာ အလွန်အမင်း ချမ်းတုန်ခြင်းကို ခံစားရနိုင်ပါတယ်။ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံးခွေခြင်းတို့ဟာ တစ်ရက်ကနေ ခြောက်ရက်အထိ ကြာမြင့်ပါတယ်။ ဦးနှောက်အမြှေးရောင်အဆင့်မှာ ဖြစ်ပွားတတ်တဲ့ မြင်ရတတ်တဲ့ လက္ခဏာတွေကတော့ ဇက်ခိုင်ခြင်း၊ ပိန်ချုံးခြင်း၊ ကိုယ်တစ်ခြမ်းလေဖြတ်ခြင်း၊ တက်ခြင်းနှင့် ကိုယ်အပူချိန်မြင့်မားဖြင်း(38  ံC မှ 41  ံC အတွင်း) စတာတွေဖြစ်ပါတယ်။ စိတ်အာရုံခံစားမှုတွေပါ ချို့ယွင်းပြီး နောက်ပိုင်းမှာ သတိလစ်မေ့မြောနေခြင်း Coma အဖြစ်ကို ဦးတည်သွားနိုင်ပါတယ်။

          ဒီရောဂါကြောင့် ဖြစ်တဲ့သေဆုံးမှုကတော့ ပြောင်းလဲမှုတွေရှိနိုင်ပြီး ကလေးတွေမှာ ပိုမြင့်မားပါတယ်။ သန္ဓေသားကို အချင်းနောက်ကနေ တစ်ဆင့်လည်း ကူးစက်နိုင်တယ်။ အာရုံကြောချို့ယွင်းမှုတွေဖြစ်တဲ့ နားမကြားခြင်း အာရုံခံစားမှု စိတ်ပိုင်းဆိုင်ရာ ချို့တဲ့ခြင်းနဲ့ ကိုယ်တစ်ခြမ်းသေခြင်းတို့ဟာ ဦးနှောက်နဲ့ ဦးခေါင်းပိုင်းဆိုင်ရာကို ထိခိုက်လာပြီဆိုရင်တော့ ဖြစ်ပွားတတ်ပါတယ်။ ဒါ့အပြင် ပျို့ခြင်း၊ ခေါင်းကိုက်ခြင်း၊ အန်ခြင်းတို့အပြင် တစ်ခါတစ်ရံမှာ မျိုးပွားအင်္ဂါရောင်ရမ်းခြင်းလည်း ဖြစ်တတ်ပါတယ်။

          JE ဟာ အာရှတစ်ဝန်းမှာ ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါကို ဦးဆောင်နေပြီး နှစ်စဉ်နှစ်တိုင်း သုံးသောင်းကနေ ငါးသောင်းအထိ ဖြစ်ပွားနေပါတယ်။ သေဆုံးမှုကလည်း အသက်အရွယ်နဲ့ လူဦးရေအပေါ်မူတည်ပြီး ဝ.၃ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းအထိ ဖြစ်ပွားနေတာကို တွေ့ရတယ်။ ကျေးလက်ပြည်သူတွေမှာ အဖြစ်များနိုင်ပြီး မြို့နေလူထုမှာတော့ ဖြစ်ပွားလေ့သိပ်မရှိပါလူး။

          လူတွေ၊ ကျွဲနွား တိရစ္ဆာန်တွေ မြင်းတွေဟာ ဒီသေစေနိုင်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါ အချိန်မရွေး ကူးစက်ခံရနိုင်ပါတယ်။ ဝက်ကတော့ ပိုးသယ်ဆောင်ရာ အကောင်ဖြစ်နိုင်ပြီး ဒီရောဂါဖြစ်ပွားရခြင်းရဲ့ အရေးကြီးအစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ ဝက်မှာဖြစ်တဲ့ ဒီပိုးဟာ ရောဂါလက္ခဏာမပြဘဲ ရှိနေနိုင်ပြီး မျိုးပွားတဲ့အချိန်မှသာ သားပျက်သားလျောတွေ ကိုယ်လက်အင်္ဂါချို့ယွင်းတာတွေ မွေးလာခြင်းစတဲ့ ဆိုးကျိုးတွေ ဆက်ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် သိထားဖို့က ကျူးလက်ခြင်ဟာ ကျွဲနွားတိရစ္ဆာန်ကနေလူတွေကို ရောဂါပိုးအဓိက ဖြန့်ဖြူးသယ်ဆောင်နေရာဖြစ်ပြီး ဝက်စာကျွေးတဲ့လူတွေနဲ့ ကျွဲနွားတိရစ္ဆာန်အစာကျွေးနေတဲ့ သူတွေကတော့ အဓိက High Risk အုပ်စုဝင်တွေ ဖြစ်ပါတယ်။ သဘာဝ အလျောက် JE ဗိုင်းရပ်သယ်ဆောင်ရာ အကောင်ဟာ ငှက်တွေဖြစ်ပါတယ်။ လူတွေမဟုတ်ပါဘူး။ ဒါကြောင့် ဘယ်တော့မှ ဒီရောဂါကို အဆုံးသတ်နိုင်ဖို့ သိပ်မလွယ်ကူလှပါဘူး။

Credit : သက်တန့်ချို



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18