Print

ဆီးလမ်းကြောင်းပိုးဝင်ခြင်း

  13-Sep-2017
Preview Image

ဆီးလမ်းကြောင်းပိုးဝင်ခြင်းဆိုသည်မှာ ဆီးနှင့်ကျောက်ကပ်ဆိုင်ရာ စနစ်များဖြစ်သော (ကျောက်ကပ်၊ ဆီးလမ်းကြောင်းနှင့် ဆီးအိမ်တို့တွင် ပိုးဝင်ခြင်းဖြစ်သည်။ အများအားဖြင့် ဆီးအိမ်နှင့် ဆီးလမ်းကြောင်းတို့တွင် ပိုးဝင်ခြင်းမှာ အဖြစ်များသည်။ အမျိုးသမီးများသည် အမျိုးသားများထက် ပို၍အဖြစ်များသည်။

ဆီးလမ်းကြောင်းပိုးဝင်သည့်လက္ခဏာများ
• ဆီးသွားချင်စိတ်အမြဲဖြစ်နေခြင်း၊ ဆီးခဏခဏသွားနေခြင်း
• ဆီးသွားရာတွင်ပူခြင်း၊
• ဆီးအရောင်နောက်ခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ နီခြင်း၊
• အမျိုးသမီးများတွင် တင်ပဆုံနာခြင်း တို့ဖြစ်တတ်ပါသည်။
အမျိုးအစားပေါ်မူတည်၍ လက္ခဏာများကွဲပြားနိုင်ပါသည်။


ကျောက်ကပ်ရောင်ခြင်း  
- ခါးကျောနာခြင်း၊ ဘေးဘက်နာခြင်
 - အပူကြီးခြင်း၊ (အဖျားကြီးခြင်း) ချမ်းတုန်ခြင်းများ)
 - ပျို့ခြင်း၊ အန်ခြင်း


ဆီးအိမ်ရောင်ခြင်း
- တင်ပဆုံနာခြင်း၊
 - ဗိုက်အောက်ပိုင်း မအီမသာဖြစ်ခြင်း
 - ဆီးခဏခဏသွားခြင်း
 - ဆီးသွားရာတွင် သွေးပါခြင်း


ဆီးလမ်းကြောင်းရောင်ခြင်း
 - ဆီးပူခြင်း၊ ဆီးတစ်စက်စက်ကျခြင်း၊ ပြည်ကျခြင်း


ဖြစ်ပွားစေသော အကြောင်းအရင်းများ
ဆီးအိမ်ပိုးဝင်ခြင်း

  - E-coli လို့ခေါ်တဲ့ Baoteria ကြောင့် အဖြစ်များပါတယ်။ အခြားသော Baoteria
များကြောင့်လည်း ဖြစ်နိုင်ပါသည်။
 - လိင်ဆက်ဆံခြင်းဖြင့် ဆီးအိမ်ပိုးဝင်ခြင်းကို ဖြစ်စေပါသည်။ အမျိုးသမီးများတွင်အဖြစ်များသည် (ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ) အရ ဆီးလမ်းကြောင်းနှင့်စအိုနှင့် နီးသောကြောင့်ဖြစ်သည်။


ဆီးလမ်းကြောင်းပိုးဝင်ခြင်း
ဆီးလမ်းကြောင်းသည် မိန်းမကိုယ်နှင့် နီးသောကြောင့် လိင်ဆက်ဆံရာမှတစ်ဆင့် ကူးသောရောဂါများကြောင့် ဖြစ်နိုင်သည်။


ဆီးလမ်းကြောင်းပိုးဝင်စေရန် အားပေးသောအကြောင်းအရာများ
• အမျိုးသမီးများ (ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ)
• လိင်ဆက်ဆံသည့် အကြိမ်ရေနှင့် ဆက်ဆံဖက်များသူများ
• သွေးဆုံးပြီးသော အမျိုးသမီးများ
• ဆီးလမ်းကြောင်း မူမမှန်ခြင်းများ
• ဆီးကြောင်းတွင် ပိတ်နေခြင်း (ကျောက်တည်နေခြင်း)
• ခုခံအားကျနေသူများ
• ဆီးဗိုက်သုံးနေသူများ


နောက်ဆက်တွဲဆိုးကျိုးများ
• ခဏခဏဆီးလမ်းကြောင်းပိုးဝင်ခြင်း
• ကျောက်ကပ်ကိုထိခိုက်စေခြင်း
• ဆီးလမ်းကြောင်းကျဉ်းသွားစေခြင်း
• သွေးဆိပ်ပျံ့နှံ့ခြင်းနှင့်
• အသက်အန္တရာယ်သေဆုံးနိုင်ခြင်း
• ကိုယ်ဝန်ဆောင်မိခင်များတွင် ပေါင်မပြည့်၊ နေ့မစေ့သော ကလေးများမွေးနိုင်ခြင်း


Credit: That Naing



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18