Print

ကိုယ်ဝန်ဆောင်ကာလမှာ ဘာတွေစားသင့်သလဲ

  05-May-2020
Preview Image

()အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ

အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို နေ့တိုင်းပုံမှန်စားပေးသင့်ပါတယ်။ ကြော်စားတာ၊ ချက်စားတာ၊ ကင်စားတာ၊ ဖျော်ရည်အဖြစ် ဖျော်သောက်တာမျိုးတွေ လုပ်ပေးနိုင်ပါတယ်။ ဗီတာမင်နဲ့ အာဟာရဓာတ်တွေ လျော့ပါးပျက်စီးသွားတာမျိုး မဖြစ်အောင်ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေကို ရေခဲသေတ္တာထဲ အကြာကြီးထည့်ထားပြီးမှ စားတာမျိုးမလုပ်ဘဲ လတ်လတ်ဆတ်ဆတ် ဝယ်၊ ချက်ချင်းကြော်ချက်စားသောက်တာ၊ ဖျော်သောက်တာ၊ စားတာမျိုး လုပ်သင့်ပါတယ်။


()ကာဗိုဟိုက်ဒရိတ်ဓာတ်ကြွယ်ဝတာတွေ စားပေးပါ။

ကာဗိုဟိုက်ဒရိတ်ဓာတ်ကြွယ်ဝတဲ့ အာလူး၊ ထမင်း၊ ပါစတာ၊ ပါမုန့်စတဲ့အစားအစာတွေဟာ ခန္ဓာကိုယ်ရဲ့စွမ်းအင်ကို မြင့်မားစေပြီး ကိုယ်ဝန်ဆောင်မိခင်လောင်းတစ်ယောက်အတွက် မရှိမဖြစ် အရေးကြီးတဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။


()ပရိုတင်း

ကျန်းမာရေးအတွက်အထောက်အကူပြုပေးနိုင်တဲ့ အရေးပါတဲ့ အာဟာရတစ်မျိုးပါ။ ငါး၊ အနီရောင်အသား၊ ကြက်သားနဲ့ ဥတွေကနေ ရရှိနိုင်ပါတယ်။ ဒါ့အပြင် တို့ဟူးနဲ့ ပဲနဲ့လုပ်ထားတဲ့အစားအစာတွေ၊ ပဲအမျိုးမျိုး၊ အခွံမာသီး၊ အစေ့အဆန်တွေကနေလည်း ပရိုတင်းဓာတ်နဲ့ သံဓာတ်တွေ ရရှိစေနိုင်ပါတယ်။


()အဆီ

ကိုယ်ဝန်ဆောင်ကာလမှ မိခင်လောင်းဟာ အဆီဓာတ်ကို လွန်ကဲစွာစားသုံးမိရင် မွေးလာတဲ့ကလေးမှာ အဝလွန်ခြင်း၊ ဆီးချိုသွေးချိုရောဂါ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေဟာ အိုမီဂါသရီးအဆီလို ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီကိုတော့ သမမျှတမှုရှိအောင် ရွေးချယ်စားသုံးသင့်ပါတယ် အိုမီဂါသရီးကို သံလွင်ဆီ၊ မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီ၊ ထောပတ်သီး၊ အခွံမာသီးတွေနဲ့ အစေ့အဆန်တွေကနေ ရရှိနိုင်ပါတယ်။


()အမျှင်ဓာတ်

အမျှင်ဓာတ်ကို ရရှိနိုင်တဲ့အစားအစာတွေက ဂျုံကြမ်းနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်ကြမ်း၊ ဆန်ကြမ်း၊ ပါစတာ၊ ပဲနီလေးနဲ့ ပဲအမျိုးမျိုးအပြင် ဟင်းသီးဟင်းရွက်တွေနဲ့ အသီးအနှံတွေမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ဝမ်းချုပ်ခြင်း၊ လိပ်ခေါင်းဖြစ်ခြင်းစတာတွေ ဖြစ်တတ်သူတွေကို လေ့လာဆန်းစစ်ကြည့်တဲ့အခါမှာ အမျှင်ဓာတ်စားသုံးမှုနည်းပါးတာကို တွေ့ရပါတယ်။ ဒါကြောင့်ကိုယ်ဝန်ဆောင်နေ့စဉ်ဝမ်းတစ်လုံးကောင်းဖို့ဆိုရင်တော့ အမျှင်ဓာတ်ကိုနေ့စဉ်မှန်မှန် စားသုံးပေးဖို့ အရေးကြီးပါတယ်။


()ကယ်လ်ဆီယမ်

ကျန်းမာရေးရဲ့အခြေခံအုတ်မြစ် အရေးကြီးတဲ့အာဟာရဓာတ် ကယ်လ်ဆီယမ်ကို နို့နဲ့ နို့ထွက်ပစ္စည်းတွေကနေ ရရှိနိုင်ပါတယ်။ မိခင်လောင်းဟာ သက်သတ်လွတ်စားသူဆိုရင်တော့ ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ ပဲနို့နဲ့ အသီးဖျော်ရည်တွေ၊ တို့ဟူး၊ ပဲပြား၊ ပန်းဂေါ်ဖီစိမ်း၊ မုန့်ညင်းဖြူထုပ်၊ ရုံးပတီသီး၊ မုန်ညင်းစိမ်း၊ ကိုက်လန်နဲ့ ပဲကတ္တီပါပဲတွေကနေ ရရှိနိုင်ပါတယ်။


()ဇင့်ဓာတ်

ရင်သွေးရဲ့ကောင်းမွန်တဲ့ကြီးထွားဖွံ့ဖြိုးမှုနဲ့ အဓိကကျတဲ့ဆဲလ်တွေ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေတိုးတတ်ဖွံ့ဖြိုးမှုအပြင် ဦးနှောက်မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။ ဇင့်ဓာတ်ကို ကြက်သား၊ ကြက်ဆင်သား၊ ဝက်သား၊ ပုစွန်ဆိတ်လေးတွေ၊ ကဏန်း၊ ကမာ၊ အသား၊ ငါး၊ နို့ထွက်ပစ္စည်းတွေ၊ ပဲ၊ ပဲထောပတ်၊ အခွံမာအသီးတွေ၊ နေကြာစေ့၊ ချင်း၊ ကြက်သွန်နီ၊ ဂျုံ၊ ဆန်၊ တို့ဟူးနဲ့ ပဲနီလေးတို့ကနေ ရရှိနိုင်ပါတယ်။


()သံဓာတ်

သွေးနီဥဖွဲ့စည်းမှု၊ ဖြစ်ပေါ်မှုတွေအတွက် အရေးကြီးတဲ့ဓာတ်ပါ။ သွေးနီဥဟာ သွေးတွင်းအောင်ဆီဂျင်မှုအတွက် အဓိကကျပြီး ခန္ဓာကိုယ်တစ်ခုလုံးဆီကို အောက်ဆီဂျင်သယ်ယူပို့ဆောင်ပေးနေတဲ့ အဓိကပစ္စည်းဖြစ်ပါတယ်။ သံဓာတ်အားနည်းတဲ့အခါသွေးအားနည်းခြင်း၊ ကလေးကိုယ်အလေးချိန်ကျဆင်းခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း ဒါမှမဟုတ်ကလေးအသေမွေးခြင်း၊ မောပန်းခြင်း၊ ယားယံခြင်း၊ ကိုယ်ဝန်ဆောင်စဉ် မိခင်လောင်းမှစိတ်ကျရောဂါဖြစ်နိုင်ခြင်းစတဲ့ ဆိုးကျိုးတွေဖြစ်စေတာမို့ မိခင်လောင်းတွေ အနေနဲ့သံဓာတ်ကို ပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့ အရေးကြီးပါတယ်။ မိခင်လောင်းမှာ သံဓာတ်အားနည်းနေရင် ကလေးမွေးတဲ့အချိန်မှာ အန္တရာယ်ရှိနိုင်ပါတယ်။ သံဓာတ်ကြွယ်ဝတဲ့အစားအစာတွေ ဖြစ်တဲ့အခြောက်လှန်းထားတဲ့ ပဲ၊ ကြက်ဥအနှစ်၊ အသည်း၊ အသား၊ ကမာ(ကိုယ်ဝန်ဆောင်တွေက ကမာကိုတော့ ချက်စားပါ) ကြက်သား၊ ဆယ်လ်မွန်းငါး၊ တူနာငါး၊ ပဲအမျိုးမျိုး၊ အစေ့အဆန်အမျိုးမျိုး၊ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို ပုံမှန်စားပေးရမှာ ဖြစ်ပါတယ်။

 

Credit - ဘုန်းသော်ခ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18