Print

ကိုယ်ဝန်ဆောင်မိခင်များအတွက် ဗဟုသုတ

  03-Mar-2020
Preview Image

ကိုယ်ဝန်ဆောင်နေချိန်မှာ အသားအရေလှပစေတဲ့ ပစ္စည်းများ သုံးလို့ရပါသလား . . .

          ကိုယ်ဝန်ဆောင်နေချိန်မှာ အသားအရေလှပစေတဲ့ ပစ္စည်းများ အသုံးပြုလို့ရပါတယ်။


အသားအရေလှပစေတဲ့ ပစ္စည်းများသုံးခြင်းဖြင့် သန္ဓေသားကို ထိခိုက်စေနိုင်ပါသလား…

          ခန္ဓာကိုယ်မှာ ပထမတစ်ထပ်က အရေပြားအပေါ်လွှာပါ။ ဒုတိယတစ်ထပ်ကလည်း အရေပြားပါပဲ။ ဒုတိယအလွှာအရေပြားရဲ့ အောက်ဘက်တတိယအုပ်စုမှာ သွေးကြောများနဲ့ ဖွဲ့စည်းထားတဲ့ သွေးကြောအုပ်စုဖြစ်ပါတယ်။ အသားအရေလှပတဲ့ ပစ္စည်းများရဲ့ အကျိုးသက်ရောက်မှုဟာ အပေါ်ယံအရေပြား ပထမအလွှာထိပဲ စိမ့်ဝင်နိုင်ပါတယ်။ တတိယအုပ်စုမှာရှိတဲ့ သွေးကြောတွေ နေရာအထိ မရောက်ရှိနိုင်ပါ။ ဒါကြောင့် သန္ဓေသား မထိခိုက်နိုင်ပါ။


ကိုယ်ဝန်ဆောင်ချိန်မှာ အရက်၊ ဆေးလိပ် သောက်သင့်ပါသလား . . .

          ကိုယ်ဝန်ဆောင်ချိန်မှာ အရက်၊ ဆေးလိပ်မသောက်သင့်ပါ။ အရက်၊ ဘီယာ၊ ဆေးလိပ်သောက်တတ်တဲ့သူများ ကိုယ်ဝန်စရှိတာနဲ့ အရက်၊ ဘီယာ၊ ဆေးလိပ်သောက်ခြင်းကို ရပ်လိုက်ပါ။ ကိုယ်ဝန်ဆောင်မိခင်များ ဆေးလိပ်၊ အရက်သောက်ပါက သန္ဓေသားရဲ့ ဦးနှောက်ဖွဲ့ဖြိုးမှုတိုးတက်မှုကို ထိခိုက်စေနိုင်ပါတယ်။


ကိုယ်ဝန်ဆောင်မိခင်များ ကော်ဖီ၊ လက်ဖက်ရည်အပျစ် သောက်လို့ရပါသလား . . .

          ကိုယ်ဝန်ဆောင်ချိန်မှာ ကော်ဖီ၊ လက်ဖက်ရည်အပျစ် သောက်လို့ရပါတယ်။ ဒါပေမယ့်ကိုယ်ဝန်ဆောင်ကာလ ပထမသုံးလအတွင်းတော့ ကော်ဖီ၊ လက်ဖက်ရည်အပျစ် သောက်ခြင်းကို ရှောင်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များထဲမှ နှလုံးမကောင်းသူများဟာ ကော်ဖီ၊ လက်ဖက်ရည်အပျစ် သောက်ခြင်းကို ရှောင်သင့်ပါတယ်။


ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ဆောင်မိခင်များဟာ အစပ်စားလို့ရပါသလား . . .

          ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ဆောင်မိခင်များက အစပ်စားလို့ ရပါတယ်။ အစပ်စားလို့ သန္ဓေသားကို မထိခိုက်နိုင်ပါ။


ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်လို့ရပါသလား . . .

          မိမိနဲ့ သင့်လျော်တဲ့ လေ့ကျင့်ခန်းမျိုး၊ ဖြေးညင်းစွာ ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းမျိုး၊ ကိုယ်ဝန်ဆောင် လေ့ကျင့်ခန်းများ ပြုလုပ်လို့ ရပါတယ်။


ကိုယ်ဝန်ဆောင်မိခင်များ နွားနို့ သောက်လို့ရပါသလား . . .

          ကိုယ်ဝန်ဆောင်မိခင်များဟာ ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရဓာတ် ပြည့်ဝဖို့ လိုအပ်ပါတယ်။ ညအိပ်ရာမဝင်ခင် နွားနို့ပူပူလေးတစ်ခွက် သောက်ပေးသင့်ပါတယ်။ ဒီလိုမအိပ်ခင် နွားနို့သောက်ပေးခြင်းက အိပ်ရေးမပျက်အောင် ကူညီပေါ်နိုင်ပါတယ်။


ကိုယ်ဝန်ဆောင်မိခင်များ လက်ကိုင်ဖုန်း သုံးလို့ရပါသလား . . .

          ကိုယ်ဝန်ဆောင်မိခင်များဟာ ကိုယ်ဝန်ဆောင်ချိန်မှာ လက်ကိုင်ဖုန်းသုံးလို့ရပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ပထမ သုံးလအတွင်း လက်ကိုင်ဖုန်း ကြာကြာမသုံးသင့်ပါ။ ကိုယ်ဝန်ပထမသုံးလအတွင်းသာ သန္ဓေသားဖွံ့ဖြိုးတိုးတက်ချိန်ဖြစ်ပါတယ်။ ဒါကြောင့် သန္ဓေသားကို ထိခိုက်မှု လွယ်ကူစေနိုင်ပါတယ်။


ကိုယ်ဝန်ဆောင်ချိန်မှာ အလေးမလို့ ရပါသလား . . .

          ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ဆောင်မိခင်များဟာ အလွန်လေးလံသော ပစ္စည်းတွေမဖို့ မသင့်လျော်ပါဘူး။ အလေးမချိန်မှာ ကိုယ်ခန္ဓာအားကို အသုံးပြုရပါတယ်။ ဗိုက်သားကို ကျုံ့သွားစေနိုင်ပါတယ်။ ဒါကြောင့် သန္ဓေသားကို ထိခိုက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များ အလေးမရန် မသင့်ပါ။


ကိုယ်ဝန်ဆောင်မိခင်များ ဒူးရင်းသီးစားလို့ရပါသလား . . .

          ကိုယ်ဝန်ဆောင်မိခင်များ ဒူးရင်းသီး စားလို့ရပါတယ်။ ဒါပေမယ့် ဒူးရင်းသီးဟာ အပူစာပါ။ ဒူးရင်းသီးစားခြင်းကြောင့် ရရှိလာတဲ့ အပူဓာတ်ဟာ သန္ဓေသားကို သွားရောက်ထိခိုက်တတ်ပါတယ်။ ဒါကြောင့် ဒူးရင်းသီးစားမယ်ဆိုပါက အနည်းငယ်သာ စားသုံးပေးသင့်ပါတယ်။


ကိုယ်ဝန်ဆောင်မိခင်များ သင်္ဘောသီးစားလို့ ရပါသလား . . .

          သင်္ဘောသီးစိမ်း စားခြင်းက သန္ဓေသားကို မတည်ငြိမ်စေနိုင်ပါဘူး။ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ သင်္ဘောသီးစားပေးခြင်းဖြင့် ကလေးမွေးဖွားရလွယ်ကူတယ်လို့ လူတစ်ချို့က ထင်မြင်ယူဆနေပါတယ်။ အဲ့လို ထင်မြင်ယူဆနေတာ မှားနေပါတယ်။

Credit : ရွှေပြည့်အိမ်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18