Print

မိန်းမကိုယ် အယ်ပီသီလျမ်တိုးပွားမှုနှင့် အာဟာရပြည့်စုံမှုတွင် မူမမှန်ပြ...

  06-Jul-2018
Preview Image


          မိန်းမကိုယ် အယ်သီပီလျမ်တိုးပွားမှုနှင့် အာဟာရပြည့်စုံမှုတွင် မူမမှန်ပြောင်းလဲချက်များအရ မတိကျသည့်ကြီးမားသော ပြောင်းလဲချက်များ ဖြစ်ပေါ်လာသည်။ ယင်းသို့ ပြောင်းလဲမှုများကို အလွယ်တကူ သဘောပေါက်ရန် ခက်ပေသည်။ သက်သာသော မူမမှန်ပြောင်းလဲချက်များအပြင် ကင်ဆာဖြစ်နိုင်ချေရှိသော အခြေအနေများ ပါဝင်ပါသည်။ ယင်းသို့ မတိကျသည့် ကြီးမားသော ပြောင်းလဲချက်များကို အောက်ပါအခေါ်အဝေါ်များဖြင့် ခေါ်ဆိုကြသည်။

-       Leukoplakia

-       Lichen Sclerosus et Atrophicus

-       Sclerotic Dermatosis

-       Atrophic and Hyperplastic Vulvitis

-       Kraurosis Vulvae

 

မိန်းမကိုယ်ရောဂါများ လေ့လာရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့က မိန်းမကိုယ် အယ်ပီသီလျမ် တိုးပွားမှုနှင့် အာဟာရပြည့်စုံမှုတွင် မူမမှန် ပြောင်းလဲချက်များ အမျိုးအစားခွဲခြား သတ်မှတ်ထားသည်။ ယင်းတို့မှာ

 

-       Vulvar Dystrophies

-       Hyperplastic Dystrophy

-       Lichen Sclerosus

-       Mixed Dystrophy

 

အင်္ဂါစပ်၏ အစိတ်အပိုင်းတစ်ခုအတွင်း၌ မူမမှန်သော ပြောင်းလဲချက်အားဖြင့် လျင်မြန်စွာ တိုးပွားကြီးမြန်လာခြင်း

Hyperlastic Dystrophy

          ဤရောဂါမှာ လက်ဦးအစတွင် မီးယပ်သွေးဆုံးပြီးသော အမျိုးသမီးများတွင် တွေ့ရသော်လည်း မျိုးပွားနိုင်သော အသက်အပိုင်းအတွင်းလည်း ဖြစ်နိုင်သည်။

 

လက္ခဏာများ

·         ယားယံခြင်း (အများဆုံးတွေ့ရသည်)

·         ဖြစ်ပွားရာနေရာရှိ အရေပြားမှာ ထူ၍ကြမ်းနေခြင်း

·         ကုတ်ခြစ်ထားချက်များ တွေ့ရခြင်း

·         ရောဂါဖြစ်ပွားနေရာမှာ တစ်ခုစီတခြားစီ ဖြစ်နေသော်လည်း အချိုးပြေ၍ အစိတ်အပိုင်းများစွာ ပါဝင်နိုင်သည်။

 

ရောဂါဖြစ်နေသော အနာအဆာနေရာမှာ ခွဲစိတ်အသားစယူ၍ တစ်သျှူးဗေဒအရ စစ်ဆေးမှုလိုအပ်သည့် Toluidine Blue Directed Biopsies ဆဲလ်များ ပုံစံမကျခြင်း သို့မဟုတ် ကင်ဆာဖြစ်နေခြင်းကို ခွဲခြားသတ်မှတ်နိုင်သည်။ ယင်းအနာအဆာမှာ မိန်းမကိုယ်ကင်ဆာရောဂါနှင့် မကြာခဏယှဉ်တွဲ တွေ့ရတတ်၍ ဖြစ်သည်။ လူနာများကို ဆက်လက်ခေါ်ယူ လေ့လာစစ်ဆေးချက်အရ ကင်ဆာအဖြစ်သို့ တိုးတက်ဖွံ့ဖြိုးမှုကို နှစ်ရာခိုင်နှုန်းထက် နည်းသည်ကို တွေ့ရသည်။

 

တိကျသောကုသချက်ရှိသည်။

·         ကော်တီဇုန်းလိမ်းဆေး Fluorinated Cortisone Oint: တစ်နေ့သုံးကြိမ်လိမ်းပေးခြင်းကို ခြောက်ပတ်အထိ ပြုလုပ်ရမည်။

·         ရောဂါအနာအဆာများမှာ လုံးဝပျောက်ကင်းသွားသည်။

·         အကယ်၍ အနာအဆာများ ပြန်လည်ဖြစ်ပွားလာပါက အသစ်ပြန်လည်ဖြစ်ခြင်း သဘောအရ အသားစဖြတ်ပြီး တစ်သျှူးဗေဒအရ စစ်ဆေးခြင်း ပြုလုပ်ရမည်။ ကုသချက်အားဖြင့် စတီးရွိုက်လိမ်းဆေးတစ်နေ့သုံးကြိမ် ခြောက်ပတ်တိုင် ပြုလုပ်ရမည်။

 

Credit: ဒေါက်တာလဲ့လဲ့ဝင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18