Print

ကိုယ်ဝန်ဆောင်နှင့် ရောဂါပိုးများ

  23-Jun-2018
Preview Image


          အမျိုးသမီးများ ကိုယ်ဝန်ဆောင်နေရသော အချိန်တွင် ပြင်ပမှရောဂါပိုးများ အားလုံးကို ကာကွယ်ရန် မတတ်နိုင်ပေ။ သို့သော် မိမိကိုယ်မိမိနှင့်မိမိ၏ သန္ဓေသားအတွက် ပြင်းထန်သော ရောဂါပိုးမွှား၏) ထိခိုက်မှုကို လျှော့နည်းအောင် ပြုလုပ်နိုင်ပါသည်။ ဥပမာ သင်၏ ကျန်းမာရေးအတွက် ဆရာဝန်ညွှန်ကြားထားသော Vitamin စသော ဆေးဝါးများနှင့် လိုအပ်သောအာဟာရ ဖြည့်စွက်ဆေးဝါးများ သောက်သုံးပေးခြင်းမျိုးပင်ဖြစ်သည်။ ထိုကဲ့သို့ မမွေးဖွားမီအချိန်တွင် သန္ဓေသားအား ရောဂါပိုးမွှားများမှ ကာကွယ်ရန် ယနေ့ခေတ်အခါတွင် စစ်ဆေးခြင်းအမျိုးမျိုး ပြုလုပ်ခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ပေသည်။ ထိုသို့သော ရောဂါပိုးမွှားဖြစ်သည့် ရေကျောက်၊ ဂျိုက်သိုး ခေါ် ဂျာမန်ဝက်သက်၊ Group B စထရက်တို ကောကပ်စ် ဗက်တီးရီးယား၊ အသည်းရောင်အသားဝါရောဂါ B ပိုးနှင့် HIV ရောဂါပိုးများကို ကာကွယ်နိုင်ပေသည်။

 

ရေကျောက်

          ၎င်းကို သင်ကိုယ်ဝန်သက်တမ်း ထက်ဝက်၏ ပထမပိုင်းတွင် တွေ့ရှိလာပါက ရောဂါကို လျော့နည်းလာအောင် ပြုလုပ်နိုင်ပေသည်။ ထိုရောဂါပိုးကြောင့် ဖြစ်ပွားလာနိုင်သည့် မွေးရာပါရေကျောက် လက္ခဏာများ ပါလာခြင်း၊ အမာရွတ်များ ဖြစ်နေခြင်း၊ ခြေလက်အင်္ဂါများ ပုံစံမမှန်ခြင်း၊ ပုံမှန်မဟုတ်သည့် ဦးခေါင်းသေးငယ်ပြီး အမြင်နှင့် အကြားအာရုံချို့ယွင်းခြင်း၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေ ပုံမှန်ဖွံ့ဖြိုးမှု မရှိခြင်း၊ သန္ဓေသားသည် မိန်းကလေးဖြစ်ပါမူ သားအိမ်ဖွံ့ဖြိုးမှု အားနည်းခြင်း စသောရောဂါကြောင့် ဖြစ်ပွားလာနိုင်သည့် ဆိုးရွားသောအခြေအနေများ ဖြစ်ခြင်းမှ ကာကွယ်ပေသည်။

          အကယ်၍ သင့်ကိုယ်ဝန်ထက်ဝက်၏ ဒုတိယပိုင်းတွင် တွေ့ရှိဖြစ်ပွားလာပါက ဥပမာ - မမွေးဖွားမီ ငါးရက်နှင့်အထက် ၂၁ ရက်အတွင်းတွင် ဖြစ်လာပါက သင့်ခန္ဓာကိုယ်သည် ပဋိပစ္စည်းများ ကြီးထွားဖွံ့ဖြိုးနေသည့်အတွက် ၎င်းတို့သည် ကလေးငယ်၏ အချင်းမှတစ်ဆင့်ဖြတ်သန်းသွားလာနိုင်သောကြောင့် ကလေးငယ်အတွက် သက်သာရာရရှိနိုင်ပေသည်။ သို့သော် မမွေးဖွားမီ ငါးရက်အလိုနှင့် မွေးဖွားပြီးနှစ်ရက်အတွင်း ဖြစ်ပွားလာပါက ကလေးငယ်သည် မိခင်ထံမှ ပဋိပစ္စည်းများကို လက်ခံရရှိရန် အချိန်ကောင်းစွာ မရရှိခဲ့သည့်အတွက် မွေးကင်းစကလေးငယ်မှာ ၃၀ မှ ၄၀ ရာခိုင်နှုန်းအထိ မွေးကင်းစ ရေကျောက်ရောဂါဖြစ်ပွားမှု ဖြစ်စေပြီး အကယ်၍ ကုသမှုမပြုနိုင်ခဲ့လျှင် ၎င်းဘဝအတွက် ထိတ်လန့်ဖွယ်ကောင်းလောက်အောင် အန္တရာယ်ပေးနိုင်ပေသည်။

 

Group B စထရက်တိုကောကပ်စ် ဗက်တီးရီးယား

          အတိုကောက် GBS ဟု ခေါ်ဆိုကြသည့် ရောဂါပိုးမှာမူ အစာခြေသည့် အစိတ်အပိုင်း ဆီးအိမ်နေရာနှင့် မျိုးပွားအင်္ဂါများနေရာများတွင် ရှိရသော ဗက်တီးရီးယား အမျိုးအစားတစ်ခုဖြစ်သည်။ ထိုရောဂါပိုးသည် ကျန်းမာသော ကိုယ်ဝန်ဆောင်များအတွက် မည်သို့မျှ အန္တရာယ် မပေးနိုင်သော်လည်း မွေးဖွားအပြီးနှင့် ကိုယ်ဝန်ဆောင်ဆဲကာလတွင် မိခင်ရောကလေးပါ အပြင်းအထန်ဖျားနာခြင်း စသော အခြေအနေမျိုးကိုမူ ဖြစ်စေနိုင်ပါသည်။ ၎င်းရောဂါသည် မွေးကင်းစ ကလေးငယ်ကိုလည်း အန္တရာယ်ဖြစ်နိုင်ပြီး မိခင်ကိုလည်း သွေးအတွင်းရောဂါပိုးများကို ရောက်ရှိစေနိုင်သည်။ ၎င်းရောဂါသည် ကလေးငယ်အား အဆုတ်ရောင်ရောဂါနှင့် ဦးနှောက်ဖုံးမြှေးရောင်သော ရောဂါတို့ကဲ့သို့ပင် အန္တရာယ်ဖြစ်စေနိုင်သည်။

 

အသည်းရောင်အသားဝါ B ရောဂါပိုး

          HBV ခေါ်အသည်းရောင်အသားဝါ ရောဂါပိုးရှိနေသော မိခင်လောင်းများမှတစ်ဆင့် သန္ဓေသားကို ကိုယ်ဝန်ဆောင်ဆဲနှင့် မွေးဖွားစဉ်အချိန်တို့၌ ကူးစက်စေနိုင်သည်။ ရောဂါပိုးကို မွေးဖွားချိန်နီးကပ်မှ တွေ့ရှိလာပါက သန္ဓေသားထံ ရောဂါပိုးရောက်ရှိရန် အခွင့်အရေးနည်းပါးနိုင်သည်။ ၎င်း HBV ပိုးသည် နာတာရှည်အသည်းရောင် အသားဝါရောဂါ၊ အသည်းမာခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းဖွံ့ဖြိုးမှု အားနည်းခြင်းနှင့် အသည်းကင်ဆာဖြစ်ခြင်း စသည့် အသက်အန္တရာယ်ကို ပေးနိုင်သည်အထိ ဒုက္ခပေးနိုင်ပါသည်။ ထိုရောဂါပိုးရှိနေသော ကိုယ်ဝန်ဆောင်မိခင်များသည် အသည်းရောင်အသားဝါ B ရောဂါပိုးကို ခံနိုင်ရည်ရှိနိုင်သော သွေးရည်ရှိ ပရိုတင်းတစ်မျိုးပါဝင်သော ဆေးဝါးကိုမှီဝဲသောက်သုံးရန် လိုအပ်သည်။ ၎င်းအပြင် ကလေးငယ်အားလည်း မွေးဖွာပြီး ပထမဆုံး ၁၂ နာရီအတွင်း HBV ကာကွယ်ဆေးကို ထိုးနှံပေးရန် လိုအပ်ပေသည်။

 

 

Credit: ဒေါက်တာခင်ခင်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18