Print

Urinary Incontinence ဆီးမထိန်းနိုင်ခြင်း

  30-Oct-2016
Preview Image

 

ဆီးမထိန်းနိုင်တဲ့ ရောဂါဟာ အမျိုးသမီး တော်တော် များများ ခံစား နေရတဲ့ ဆိုးဝါးတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ရောဂါဟာ အသက်အရွယ် ကြီးတဲ့ အမျိုးသမီး တွေမှာသာ ဖြစ်တယ်လို့ ယခင်က သိခဲ့ကြ ပေမယ့် တကယ်တမ်း မှာတော့ အသက် အရွယ် မရွေး ခံစား နေရ ပါတယ်။ အမျိုးသမီး တွေမှာ အမျိုးသား များထက် (၂) ဆ ပိုပြီး အဖြစ်များ ပါတယ်။ အမေရိကန် အမျိုးသမီးထုရဲ့ ၂၅ မှ ၄၅ % ဟာ ဆီမထိန်းနိုင် တဲ့ ရောဂါ ကို ခံစား နေရတယ်လို့ ဆိုပါတယ်။ တစ်နှစ်မှာ အနည်းဆုံး တစ်ကြိမ်ခန့် ဆီးစိမ့် ထွက်ခြင်း ရှိဘူး ကြတယ်လို့ ဆိုပါတယ်။"ဒီရောဂါဟာ အမျိုးသမီးတွေ သူတို့ရဲ့ လူမှု ပတ်ဝန်းကျင်မှာ အရှက်ရစေပြီး လူနေမှု ဘဝတန်ဖိုး Quality of Life ကို လည်း ထိခိုက် စေပါတယ်" လို့ ပရော်ဖက်ဆာ ဒေါက်တာ Linda Brubaker က ဆိုပါတယ်။ "လူတွေက ဒီပြဿနာ ကို ရောဂါ တစ်ခုအနေနဲ့ မမြင်သလို ကုသ နိုင်တဲ့ နည်းလမ်းတွေ ရှိတယ် ဆိုတာ ကိုလည်း မသိကြ ပါဘူး။ ကလေး မွေးဖွားချိန် နဲ့ မီးယပ် သွေးဆုံးချိန် မှာ ပုံမှန် ခံစား ရတဲ့ အဖြစ်အပျက် တစ်ခု အနေနဲ့ပဲ ခံယူ ထားကြပ ါတယ်" လို့ သူက ဆိုပါတယ်။ "ဒါက ဖြစ်ရိုး ဖြစ်စဉ် မဟုတ်ပါဘူး။ သာမန် ရိုးရှင်းတဲ့ နည်းလမ်း လေးတွေနဲ့ ကုသ နိုင်ပါတယ်" လို့ဆိုပါတယ်။

 

ရောဂါအမျိုးအစားများ

တစ်ချို့ ဝေဒနာရှင် တွေမှာ မသိသာ လှပေမယ့် တစ်ချို့ မှာတော့ အဝတ်အစားတွေ စိုတဲ့အထိ အခြေအနေ ဆိုးတတ် ပါတယ်။ ဆီးမထိန်း နိုင်တဲ့ ရောဂါကို ယျေဘူယျ အားဖြင့် (၄)မျိုး ခွဲခြား နိုင်ပါတယ်။

 

(၁) Stress Incontinence

ချောင်းဆိုး၊ နှာချေတဲ့အခါ၊ အူလှိုက် သဲလှိုက် ရယ်မော တဲ့အခါမှာ ဆီးစိမ့် ထွက်ခြင်းကို ဆိုပါတယ်။ သင့်ရဲ့ ဆီးအိမ်ပေါ်ကို ဖိအား ပေးလိုက်တဲ့ မည်သည့် အခြေအနေ မျိုးမှာမဆို ဖြစ်ပွား နိုင်ပါတယ်။ ကိုယ်ဝန် ဆောင်ခြင်း၊ ကလေး မွေးဖွားခြင်း စတဲ့ တင်ပါးဆုံ ရိုးကွင်း အတွင်း က ကြွက်သား တွေကို ဆွဲဆန့်ပြီး အားနည်း စေတဲ့ အခြေအနေ၊ အသက်အရွယ် ကြီးသူတွေနဲ့ အလေးမခြင်း ကဲ့သို့သော အားကစား သမား တွေမှာ ခံစားရတတ်ပါတယ်။

 

(၂) Urged Incontinence

သာမန်အားဖြင့် ဆီးသွားချင်တဲ့အခါ အချိန်အတန်ကြာ ထိန်းထား နိုင်ပါတယ်။ Urged Incontinence ကတော့ ဆီးသွား ချင်တဲ့ ခံစားမှု ဖြစ်ပြီး စက္ကန့်ပိုင်း အတွင်းမှာပဲ မထိ်န်းနိုင်ပဲ စိမ့်ထွက်တတ်ပါတယ်။ ဒီရောဂါရဲ့ အကြောင်းရင်းခံကတော့ ဆီးအိမ် ကြွက်သား တွေရဲ့ ရုတ်တရက် ညှစ်အား spasm ကြောင့် လို့ ဆိုကြ ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင် သူတွေမှာ ဖြစ်တတ်သလို၊ multiple sclerosis, Parkinson's disease စတဲ့ ရောဂါသည် တွေမှာ ဖြစ်တတ် ပါတယ်။

 

(၃) Mixed Incontinence

ဒါကတော့ အထက် ဖော်ပြပါ (၂)မျိုး ပေါင်းနေတာပါ။အမျိုးသမီးအများစုမှာ ဒီလို တွဲပြီး ခံစား ရတယ်လို့ ဆိုပါတယ်။

 

(၄) Overflow Incontinence

သန့်စင်ခန်းကို သွားပြီးတဲ့အခါ ဆီးအိမ်ထဲမှာ ဆီးမကုန်ပဲ စိမ့်ထွက် နေတတ်တာကို ဆိုတာပါ။ တစ်ချို့ ဆေးဝါးများ ကြောင့် ဒီပြဿနာ ဖြစ်တတ် ပါတယ်။ ဆီးချို ရောဂါကြောင့် အာရုံကြောတွေ ထိခိုက်လျှင် ဖြစ်တတ်ပြီး၊ ဆီးကျိတ် ရောဂါ ဝေဒနာရှင် အမျိုးသား တွေမှာလည်း ခံစားရတတ်ပါတယ်။

 

အမျိုးသမီးငယ် တွေမှာတော့ အားကစားလုပ်ရာကနေ ထိခိုက်ဒဏ်ရာရတာက အဓိက ပြဿနာ ပါတဲ့။ ပြေးခုန်ပစ် သမားတွေ၊ ကျွမ်းဘား သမားတွေနဲ့ လေထီးခုန်တဲ့ အမျိုးသမီး တွေဟာ ထိခိုက်ဒဏ်ရာ ရတတ်ပြီး နောက်ဆက်တွဲ အနေနဲ့ ဆီးမထိန်း နိုင်တဲ့ ဝေဒနာ ခံစားရတတ်ပါတယ်။ ဒါကြောင့် အားကစားလုပ်တဲ့ အမျိုးသမီး တွေမှာ tampon or pessary ကိုသုံးပြီး pelvic muscle နဲ့ urethra ကို ထောက်ပ့့ံ ပေးသင့် ပါမယ်။

 

လူနေမှု ဘဝ ပုံစံ Life Style

"အမျိုးသမီး တွေကတော့ pad ကိုသုံးလိုက် တာပါပဲ၊ life style ကို ပြုပြင် ပြောင်းလဲဖို့ စဉ်းစား သင့်တယ်" လို့ ဆိုပါတယ်။ ဥပမာ ရေကို နည်းနည်းချင်း သောက်ခြင်းဖြင့် ဆီးအိမ်ကို ၀န်မပိ စေပါဘူးတဲ့။ ကဖင်းဓါတ်ပါတဲ့ အဖျော်ယမကာတွေ၊ ဘီယာ၊ ကိုလာ စတာ တွေကို မသောက်ဘဲ ရှောင်ရပါမယ်။ ရယ်မောတဲ့အခါ၊ နှာချေ၊ ချောင်းဆိုးတဲ့အခါ သတိလက်လွတ် မဖြစ်အောင် အကျင့် လုပ်ရပါမယ်။

 

ကုသနည်းများ

အထက်ဖော်ပြပါ ရိုးရှင်းတဲ့ နည်းလမ်းလေး တွေနဲ့ မလုံလောက်ဘူူး ဆိုရင်တော့ ကုသနည်း မျိုးစုံကို အသုံးပြု နိုင်ပါတယ်။ ကုန်ကျစရိတ် နည်းတဲ့ ကုသနည်း လေးတွေက စပြီး ပြောပါမယ်။

 

(၁) ကြွက်သား လေ့ကျင့်ခန်း

တင်ပါးဆုံ ရိုးကွင်း အတွင်းက Pelvic ကြွက်သားတွေကို သန်မာအောင် လေ့ကျင့်လျှင် Stress incontinence ကို သက်သာ ပျောက်ကင်း စေပါတယ်။

 

(၂) ဆီးအိ်မ် လေ့ကျင်ခန်း

ဆီးကို ခဏအောင့် ထားတဲ့ အကျင့် လုပ်ပေး ရပါမယ်။ urged incontinence အတွက် အသုံးဝင် ပါတယ်။ ပထမ မိနစ်(၃၀) ကို တစ်ခါ သွား နေရာကနေ ၃-၄နာရီကို တစ်ခါ သွားတဲ့ အထိ လေ့ကျင့် ရပါမယ်။ ရေကို အများကြီး မသောက်မိဖို့ လည်း လိုပါတယ်။ ဆီး သွား ချင်ပြီ ဆိုရင် အသက်ကို ဖြေးဖြေးနဲ့ ပြင်းပြင်း ရှူလိုက်ပါ။ သက်သာတာ တွေ့ရပါမယ်။ (၅ )မိနစ်ခန့် စောင့်ပြီး သန့်စင်ခန်း ကို သွားရ ပါမယ်။ နောက်တစ်ခါ ဆိုလျှင်တော့ စောင့်တဲ့ အချိန်ကို တဖြည်းဖြည်း တိုးသွား ရပါမယ်။

 

(၃) ဟော်မုန်း လိမ်းဆေး

အီစထရိုဂျင် ပါ၀င်တဲ့ ခရင်တွေကို အသုံးပြုရင် သက်သာ စေတယ်လို့ ဆိုပါတယ်။

 

(၄) Implant

ကော်လဂျင် ကဲ့သို့ ပစ္စည်း တွေကို ဆီးသွား လမ်းကြောင်း urethra အနားမှာ ထိုးပေး တာပါ။ ဘေးထွက် ဆိုးကျိုး နည်းပါတယ်။

 

(၅) ဆေးဝါးများ

Stressed Incontinence ကိုတော့ ဆေးဝါးတွေနဲ့ ကုလို့ မရပါဘူ။ anticholinergicဆေးဝါး တစ်ချို့ တွေကတော့ urged incontinence ကို ကုသနိုင် ပါတယ်။ပါးစပ်ခြောက်ခြင်း၊ ၀မ်းချုပ်ခြင်း စတဲ့ ဘေးထွက် ဆိုးကျိုးတွေ ရှိပါတယ်။

 

(၆) ခွဲစိတ်ကုသခြင်း

ဆီးမထိန်းနိုင်တဲ့ ရောဂါ အတွက် ခွဲစိတ် ကုသနိုင်တဲ့ နည်းပေါင်း ၃၀၀ ကျော် ရှိပါတယ်။ ဒါပေမယ့် ဘေးထွက် ဆိုးကျိုးတွေများပြီး အခန့်မသင့်လျှင်တော့ ရောဂါကို ပိုတောင် ဆိုးဝါး စေတတ်ပါသတဲ့။ sling ဆိုတဲ့ သိုင်းတဲ့ကိရိယာလေးကို ခွဲစိတ်ပြီး ထည့်ပေးတာကတော့ အောင်မြင်တယ် လို့ ဆိုပါတယ်။ ၀မ်းဗိုက်အတွင်း ဖိအားများ လာတဲ့အခါ အဆိုပါ ကိရိယာ လေးက ဆီးအိမ် ရှုံ့ ကြွက်သား Urinary sphincter ကိုမပွင့်အောင် အထောက်အကူ ပြုပါတယ်။ တကယ်လို့ သင်ကိုယ်တိုင် ဒီဝေဒနာတွေ ခံစား နေရရင်တော့ သာမန် ဖြစ်ရိုး ဖြစ်စဉ် လို့ လက်ခံ မနေပဲ အထက် ဖော်ပြပါ နည်းလမ်း လေးတွေကို အသုံးပြုပြီး ပျောက်ကင်းအောင် ကြိုးစားပါလို့ တိုက်တွန်း လိုပါတယ်။ ကျန်းမာရွှင်လန်းကြပါစေ။

 

Ref:

public health in Myanmar

Wednesday, September 3, 2008



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18