Print

Menopause in women (အမျိုးသမီးများ သွေးဆုံးခြင်း)

  30-Oct-2016
Preview Image

 

အမျိုးသမီးများ သွေးဆုံး ခြင်း (Menopause) ဆိုသည်မှာ ပုံမှန်ရာသီသွေး အနည်းဆုံး (၁) နှစ်ထိ ရပ်ဆိုင်းသွားခြင်းကိုခေါ်ဆိုပါတယ်။ များသောအားဖြင့် သွေးဆုံး ခြင်းဟာ အသက် ၄၅ မှ ၅၅ နှစ် အတွင်း ဖြစ်ပေါ်လေ့ရှိပြီး ပျမ်းမျှ အားဖြင့်၅၁ နှစ် ဖြစ်ပါတယ်။အချို့ အမျိုးသမီးများတွင်် စော၍ ဖြစ်ပေါ်တတ်ပြီး အချို့မှာနောက်ကျ တတ်ပါတယ်။ အကြမ်းဖျင်းဆိုရပါက မိခင်၏ သွေးဆုံးချိန် နဲ့လည်း တူညီတတ် ပါတယ်။သွေးဆုံး ခြင်းဟာ ရောဂါ တစ်ခု မဟုတ်ပဲ အမျိုး သမီးတိုင်း အချိန်တန် လျှင် ကြံုတွေ့ ရမယ့် ခန္ဓာ ကိုယ်ရဲ့ ဇီဝ ကမ္မ ပြောင်းလဲမှု ဖြစ်စဉ် တစ်ရပ်သာ ဖြစ်ပါတယ်။သွေးဆုံးလျှင် ခန္ဓာကိုယ်တွင်းရှိ မျုုိးဥအိမ် (Ovaries) လုပ်ငန်းများ လုံးဝရပ်ဆိုင်းသွားခြင်း ပဲဖြစ်ပါတယ်။ အမျိုးသမီးများရှိ မျိုးဥအိမ်ဟာ သားအိမ်၏ ဘေးတစ်ဖက်တစ်ချက်စီမှာ ရှိပြီး အရွယ် နဲ့ ပုံသဏ္ဍာန်မှာ မက်မွန်သီး နှင့် ဆင်တူပါတယ်။ မျိုးဥအိမ်မှ လစဉ် မမျိုးဥ (ova) ထုတ်လုပ်ပေးပြီး မဟော်မုန်း အီစထရိုဂျင် (Estrogen) ကို ပုံမှန်ထုတ်ပေးပါတယ်။

 

အီစထ ရိုဂျင် ဟော်မုန်းဟာ အမျိုးသမီးများအတွက် အရေးပါတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပြီး အမျိုးသမီး သဘာဝ အချိုးအစား၊ လစဉ် ရာသီသွေး ဖြစ်စဉ်၊ ကိုယ်ဝန် ဆောင်ခြင်း တို့တွင် အီစထ ရိုဂျင်က ထိန်းချုပ်လုပ်ဆောင်ပေးပါတယ။် ဒါ့ပြင် အီစထရိုဂျင်က အရိုးကိုပါးလွှာခြင်း မရှိအောင်လည်း ကာကွယ်ပေးပါတယ်။ ရောဂါတစ်မျိုးမျိုးကြောင့် မျိုးဥအိမ် နှစ်ခုလုံးဖြတ် ထုတ်လိုက်ရပါကလည်း ခွဲစိတ်မှုကြောင့် သွေးဆုံးခြင်း (Surgical Menopause) ဖြစ်ပေါ်စေပါတယ ်။ လူအများ ထင်မှတ်မှားတဲ့ အကြောင်းတစ်ခုကတော့ ရောဂါအခြေ အနေ တစ်ခုခု ကြောင့် သားအိမ်ထုတ်ရလျှင် သွေးဆုံးပြီဟု ယူဆခြင်းပဲ ဖြစ်ပါတယ။် အမှန်မှာ သားအိမ်ချည်း သက်သက်ထုတ်ရပြီး မျိုးဥအိမ်ကျန်ရှိနေလျှင် သွေးဆုံးခြင်း ဖြစ်စဉ်မရောက်ရှိပဲ ရာသီသွေး မပေါ်တာပဲရှိပါတယ်။ မျိုးဥအိမ်မှ အီစထရိုဂျင်ကို ဆက်လက်ထုတ်ပေး နေလို့ သွေးဆုံးခြင်း လက္ခဏာများ မခံစားရပါ။ သွေးဆုံး ခြင်းဖြစ် လျှင် ပေါ်ပေါက်လာမယ့် လက္ခဏာများမှာ-

 

၁။ မျက်နှာ နဲ့ ခန္ဓာ ကိုယ် တစ်ခု လုံး ပူနွေး ရှိန်းဖိန်းမှု (Hot Flash) ဖြစ်ပေါ် ခြင်း

ပူနွေးရှိန်းဖိန်းမှုဟာ ခန္ဓာကိုယ်တစ်ခုလုံး အထူးသဖြင့် ခေါင်းနဲ့ ရင်ဘတ်မှာ သိသိသာသာ ဖြစ်ပေါ် တတ်ပြီး စက္ကန့် ၃၀ မှ မိနစ် အတန် ကြာထိ ဖြစ်ပေါ်တတ် ပါတယ်။ ပြီးရင် ချွေးထွက် လာတတ်ပါတယ်။ ဒီလို ပူနွေး ရှိန်းဖိန်း ဖြစ်မှုဟာ အမျိုးသမီးများရဲ့ ၄၀ % ဖြစ်ပေါ်တတ်ပြီ ဖြစ်ပွားသူ အားလုံးရဲ့ ၈၀% ဟာ ၅နှစ် ကြာထိ ဆက်လက် ဖြစ်ပေါ်တတ်ပါတယ။်၁၀% ခန့် အမျိုးသမီးများကသာ ၁၀နှစ်ထိ ဒီလို လက္ခဏာ ရှိနေတတ်ပါတယ်။ ဒီလို ဖြစ်ရတာကို တိတိကျကျ မသိသေးပေမယ့် ခန္ဓာ ကိုယ်မှ အီစထရိုဂျင် ထုတ်လုပ်မှု ကျဆင်းခြင်းကြောင့် သွေးတွင်းဟော်မုန်းနဲ့ ဇီဝဓာတု အနည်းအများ မတည်ငြိမ်မှု (Hormonal and Biochemical Fluctuations)ကြောင့် ဖြစ်ကြောင်း တွေ့ရှိ ရပါတယ်။

 

၂။ညပိုင်း ချွေးထွက် မှုများ လာခြင်း (Night Sweats)

သွေးဆုံး ပြီးသူ များတွင် ညပိုင်း ချွေးထွက် ခြင်း ဖြစ်ပေါ် တတ်ပါတယ်။ ချွေးထွက် များတာကြောင့် အိပ်ယာမှ ရုတ်တရက် နိုးလာ တတ်ပြီး ပြန်အိပ် ပျော်ရန် ခက်ခဲ တတ်ပါတယ်။ နောက်နေ့ နေ့လည်ဖက်တွင် မောပန်း နွမ်းနယ်တတ်ပါတယ်။

 

၃။ယောနိ လမ်းကြောင်း တစ်လျှောက် ပြောင်းလဲ မှုများ ဖြစ်ပေါ်ခြင်း

သွေးဆုံး ပြီးနောက် ယောနိ လမ်းကြောင်း တစ်လျှောက် နံရံ တစ်သျှူး များ ပါးလွှာ ခြောက်သွေ့လာပြီး လိင်ဆက်ဆံရာတွင် အဆင်မပြေ နာကျင်မှု၊ ယောနိ လမ်းကြောင်း ပိုးဝင်မှု လွယ်ကူလာခြင်း တို့ ဖြစ်ပေါ် တတ်ပါတယ်။

 

၄။ဆီးလမ်း ကြောင်းတစ် လျှောက် ပြောင်းလဲ မှုများ ဖြစ်ပေါ်ခြင်း

ဆီး လမ်းကြောင်း တစ်လျှောက် တွင်လည်း နံရံ တစ်သျှူး များ ပါးလွှာ ခြောက်သွေ့ လာပြီး ဆီးလမ်း ကြောင်း ပိုးဝင် လွယ်ခြင်း၊ ဆီးမထိန်း နိုင်ခြင်း တို့ ဖြစ်ပေါ် တတ်ပါတယ။်

 

၅။စိတ်ပိုင်း ဆိုင်ရာ ပြောင်းလဲမှု

အမျိုး သမီး အများစု မှာ သွေးဆုံး ပြီးနောက် စိတ်တို စိတ်ဆတ် လွယ်ခြင်း၊ စိတ်အလိုမကျမှု များလာခြင်း၊ မောပန်း နုံးခွေလာခြင်း၊ မှတ်ဉာဏ်ပိုင်းဆိုင်ရာ အားနည်း မှုဖြစ် လာခြင်း စတဲ့ စိတ်ပိုင်း ဆိုင်ရာပြောင်းလဲမှုများ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီလိုဖြစ်ရတာဟာဟော်မုန်းပြောင်းလဲမှုကြောင့်ဆိုပြီးတိတိကျကျပြောရခက်ပါတယ်။ဆုံးတာဟာဘဝမှာပြောင်းလဲမှုတစ်ခုအဖြစ်ယူဆလို့စိုးရိမ် ပူပန်ပြီး စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ ဖြစ်နိုင်ကြောင်း ပြောဆိုထားပါတယ်။ သွေးဆုံးပြီးပါက အီစထရိုဂျင်လျော့ကျမှုကြောင့် အရိုးပွခြင်း(Osteoporosis)လည်းတဖြည်းဖြည်း ဖြစ်ပေါ် လာပါတယ။် အရိုးပွ ခြင်းဟာ ပြင်ပ ရောဂါလက္ခဏာမပြသပဲ သာမန်ထိခိုက်မှုနဲ့ပင် အရိုးကျိုးလွယ် နိုင်သော အခြေ အနေ ရှိပါတယ်။

 

သွေးဆုံး လက္ခဏာ ခံစား ရမှု များကို သက်သာ စေရန် ကုသမှု နည်းလမ်း အမျိုးမျိုး တို့ဖြင့် သုံးစွဲရာမှ ၎င်းတို့၏ အကျိုးအပြစ်များကို ဖော်ပြပေးပါမယ။် ဟော်မုန်း အစားထိုးကု သခြင်း (Hormone Replacement Therapy) နည်းလမ်းဟာ သွေးဆုံးလက္ခဏာများ အလွန်ပင် သက်သာကောင်းမွန်တဲ့အတွက် အရင်က ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲခဲ့ပါတယ်။အီစထ ရိုဂျင် တစ်မျိုး တည်း ပါတဲ့ ကုသနည်း၊ အီစထ ရိုဂျင် နဲ့ ပရို ဂျက်စ ထရုန်း (Progesterone) နှစ်မျိုး ပါတဲ့ ကုသနည်း ဆိုပြီး သုံးစွဲ ကြပါတယ်သုံးစွဲသူများစွာကို အချိန် ယူ လေ့လာကြည့်တဲ့အခါ အီစထရိုဂျင် တစ်မျိုးတည်းပါတဲ့ ကုသနည်းကို သုံးစွဲသူများဟာ မသုံးစွဲသူများထက် လေဖြတ်ခြင်း နဲ့ သားအိမ်မထုတ်ပဲ ရှိနေသူများမှာ သားအိမ်ကင်ဆာ (Endometrial Carcinoma) ပိုမို ဖြစ်ပွားမှုရှိ ကြောင်း တွေ့ရှိ ရပါ တယ်။ အီစထရိုဂျင်နဲ့ ပရိုဂျက်စထရုန်း နှစ်မျိုး ပါတဲ့ ကုသနည်း သုံးစွဲသူများမှာတော့ နှလုံး ရောဂါ၊ လေဖြတ် ရောဂါ နဲ့ ရင်သား ကင်ဆာ ဖြစ်ပွားမှုများ ကြောင်း လေ့လာ တွေ့ရှိ ရပါတယ။် ဒါ့ကြောင့်ဟော်မုန်း ကုသမှု ခံယူသူများအနေဖြင့် မခံယူမီ ဆေးစစ်ဆေးမှု ကို သေချာစွာ ပြုလုပ်ရန် လိုအပ်ပြီး ဆေးပမာဏကိုလည်း အနည်းဆုံး နဲ့ အချိန်အနည်းဆုံး သုံးစွဲသင့် ပါတယ်။

 

သန္ဓေတားဆေးကဒ်များကိုလည်း သွေးမဆုံးမီ သွေးဆင်းမမှန်မှုနဲ့ သွေးဆုံးလက္ခဏာများ သက်သာ စေရန် အတွက် သုံးစွဲ ကြပါ တယ်။ဆေးကဒ် သုံးခြင်း ဖြင့် ပူနွေး ရှိန်းဖိန်း မှု သွေးဆုံး လက္ခ ဏာကို သက်သာ စေသလို သန္ဓေ ကိုလည်း တားပြီး ဖြစ်စေ ပါတယ။် အခု နောက်ပိုင်း မှာတော့ ယောနိ တွင်းသို့ အီစထ ရိုဂျင် ဆေးကွင်း၊ ဆေးပြား နဲ့ လိမ်းဆေး တို့ကို တိုက်ရိုက် ထည့်သွင်း သုတ်လိမ်း သုံးစွဲ ကြပါတယ။်နောက် တစ်မျိုး ကတော့ ခန္ဓာ ကိုယ်တွင်း ရှိ အီစထ ရိုဂျင် နဲ့ ဓာတု ဖွဲ့စည်း ပုံ၊ အာနိ သင်ပါ တူညီ ပြီး အပင် များတွင် တွေ့ရ တဲ့ ဖိုင်တို အီစထ ရိုဂျင် (Phytoestrogens) များပင် ဖြစ်ပါတယ်။ဒါပေမယ့် အီစထ ရိုဂျင် အာနိ သင်ချင်း နှိုင်းယှဉ် ပါက လွန်စွာ နည်းပါး ပါတယ်။ဒါ့ကြောင့် ရင်သား ကင်ဆာ ခံစား ရသူ များ၊ အီစထ ရိုဂျင် သုံးစွဲရန် မသင့် တော်သူ များ သဘာဝ ဖိုင်တို အီစထရိုဂျင်ပါ၀င်တဲ့ အစားအစာများကို စားသုံး ခြင်းဖြင့် သွေးဆုံးလက္ခဏာများကို သက်သာ စေနိုင်ပါတယ်။ ဖိုင်တိုအီစထရိုဂျင်ပါ၀င်တဲ့ အစားအစာများက တော့ ပဲပုတ်၊ ကုလားပဲ၊ ပဲနီလေး အစ ရှိသဖြင့် ဖြစ်ပါတယ။်လက္ခဏာများကို များစွာမသက်သာ စေသော်လည်း ဗိုက်တာမင်အီး တစ်နေ့ ၄၀၀ ယူနစ်ထက် မပိုစေပဲ သုံးစွဲ နိုင်ပါတယ။်

 

အခြား ဆေးဝါး များဖြစ်တဲ့ Antidepressants (SSRIs) ဆေးများ ဟာလည်း ပူနွေး ရှိန်းဖိန်း ဖြစ်ပွားမှုကို အမျိုး သမီး ၆၀ % ခန့်တွင် သက်သာ မှုရှိ ကြောင်း တွေ့ရှိရပါတယ်။၎င်း ဆေးများ မှာ Citalopram (Celexa, Citopam), Venlafaxine (Effexor), Fluoxetine (Prozac), Paroxetine (Paxil) စသည့် ဆေးများ ဖြစ်ပါတယ်။Anti-seizure drug {Gabapentin (Gabantin, Neurontin)}, Anti-hypertensive drug {Clonidine (Catapres)} ဆေးများ ဟာလည်း ပူနွေး ရှိန်းဖိန်းမှုကို သက်သာစေလို့ ဆရာဝန် ရဲ့ ကြီးကြပ် ညွှန်ကြား မှုနဲ့ သုံးစွဲ နိုင်ပါတယ။်ဆေးဖက် ၀င် အပင် များမှ ဖော်စပ် ထားတဲ့ Black Cohosh ဆေး ကိုလည်း ဥရောပ နဲ့ အမေရိက တွင် လူကြိုက် များ သုံးစွဲ လျက် ရှိပြီး ပူနွေး ရှိန်းဖိန်း မှုကို သက်သာ စေပါတယ။် သွေးဆုံး ပြီလျှင် အရိုးပါးလွှာမှု ဖြစ်ပွား လာသဖြင့် ကယ်လ် စီယမ်၊ ဗိုက်တာ မင်ဒီ ပါတဲ့ အစား အစာ များ စားသုံး ရပါမယ။် အစာ တွင် ၎င်းဓာတ်များ မလုံလောက်ပါက ကယ်လ်စီယမ်၊ ဗိုက်တာမင်ဒီ ပါတဲ့ ဆေးကို သုံးစွဲ နိုင်ပါတယ။် အရိုးပါးလွှာမှု လျော့နည်းစေရန် အရိုးသန်မာစေရန် Alendronate (Denfos), Risedronate (Actonel), Ibandronate (Boniva), Calcitonin (Calcimar), Teriparatide (Forteo) စသည့် ဆေးများကို ဆရာဝန် ညွှန်ကြားသည့် အတိုင်း သုံးစွဲ နိုင်ပါတယ်။ဆေးလိပ် ဖြတ်ခြင်း၊ အရက် သောက်သုံး မှု လျှော့ချ ခြင်း၊ ကိုယ်လက် လေ့ကျင့် ခန်း မှန်မှန် ပြုလုပ် ခြင်း၊ အာဟာရ ပြည့်ဝ အောင် စားသုံး ခြင်း စသည့် နေထိုင် စားသုံးမှု ပုံစံ ဖြင့် နေသင့် ကြောင်း ရေးသား လိုက်ရပါတယ။် အားလုံး ရန်သူ မျိုးငါးပါး နဲ့ ဘေးဘယာ အပေါင်းမှ ကင်းဝေး နိုင်ပါစေ။

 

Ref:

Public health in Myanmar

Wednesday, July 29, 2009



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18