Print

Menstruation နှင့်မိန်းမပီသမှု့

  30-Oct-2016
Preview Image

မိန်းကလေး-အမျိုးသမီးတိုင်းဟာ သီးသန့်သဘောဆောင်တယ်။ သူ့သဘာဝနဲ့ သူရှိတယ်။ ရာသီရက်တိုမယ်၊ရှည်မယ်၊နည်းမယ် များမယ်။ အပျိုဖြစ်ပြီး နှစ်တွေနဲနဲကြာရင် ကိုယ့်သဘာဝကိုယ် သိမှတ်ထားနိုင်ပြီ။ ငါ့ရာသီဟာဒီလိုဘဲလို့။ အများဆုံးကတလဆိုတာ ၂၈ ရက်၊ တလလာရင် ၃-၅ ရက်။ အဲလိုကနေထူခြားတာဖြစ်လာရင်တော့ သတိထားစရာတွေ ရှိလာမယ်။

 

၁။ Amenorrhea ရာသီမလာရင်

-----------------------------------

• အသက် ၄၅-၅ဝ အရွယ်မှာရာသီမလာတော့တာကမတူးဆန်းပေမဲ့ အသက် အစိတ်မှာရာသီမလာတော့ရင် တခုခု ဖြစ်နေနိုင်တယ်။ အသက် ၂ဝ-၃ဝ ဆိုတာမျိုးပွါးကိစ္စအတက်ကြွဆုံးအချိန်တွေဘဲ။ ဘယ်လိုဘဲ Protected sex အကာအကွယ် လုပ်ပါတယ် ဆိုနေနေကိုယ်ဝန်ကိုပဌမစဉ်းစားတာမမှားဘူး။

• ၄ဝ-၄၅ ဆိုရင် အရင် စဉ်းစားရမှာကPerimenopauseသွေးဆုံးတော့မလို့လား။ မရပ်ခင်မှာမ-မျိုးဥအိမ်ကနေ Estrogen (အီစထိုဂျင်) ထုတ်တာနည်းနည်းလာလို့ ရာသီရက်တိုတိုလာမယ်။ နည်းနည်းလာမယ်။ ၁၂ လတာမလာတော့ရင်တော့ ဆရာဝန်တွေကနေ Menopause ပါလို့သတ်မှတ်တယ်။

• Excessive exercise ကိုယ်လက်လေ့ကျင့်ခန်းသိပ်များသူတွေမှာလဲရာသီမလာတာမျိုး ဖြစ်နိုင်တယ်။ အမျိုးသမီးအားကစားမယ်တွေ ၅-၂၅% မှာအဲလိုဖြစ်ကြတယ်။

• Eating disorders အစားအသောက်နဲ့ဆိုင်တာလဲရှိသေးတယ်။ Anorexia nervosa ဘာဆိုဘာမှ စားချင်စိတ် မရှိလို့ မစားမသောက်ရောဂါ ဖြစ်နေသူတွေ ရာသီမလာဘဲနေတတ်တယ်။

• Other possible causes တခြားဖြစ်နိုင်ခြေတွေကတော့ –

– Thyroid or pituitary gland disorders (သိုင်းရွိုက်) လည်ပင်းကြီးနဲ့ ဦးနှောက်က (ပစ်ကျူထရီ-ဂလင်း) ရောဂါ၊

– Hypothalamus ဦးနှောက်က (ဟိုက်ပိုသဲလ်မတ်စ်) နေရာရောဂါ၊

– Breastfeeding ကလေးနို့တိုက်နေချိန်၊

– Obesity လူအဝလွန်ခြင်း၊

– Oral contraceptives ကိုယ်ဝန်တားဆေး၊ (တချို့မှာသာဖြစ်တယ်)၊

– Stress စိတ်-ရုပ် ဖိအားများခြင်း၊

– Polycystic ovarian syndrome and other hormone imbalances ဟော်မုန်းမညီမျှခြင်း၊ မ-မျိုးဥအိမ် အကျိတ်ရောဂါ၊

– Ovarian failure မ-မျိုးဥအိမ် အလုပ်မလုပ်တော့ခြင်း၊

– Disease of the uterus သားအိမ်ရောဂါ။

 

၂။ Heavier Than Normal ရာသီလာတာများနေရင်

---------------------------------------------------------

• အမျိုးသမီးအများစုဟာတလမှာဟင်းခပ်ဇွန်း ၂-၃ ဇွန်းစာသွေးဆင်းကြတယ်။ ၅ ဇွန်းကျော်ရင် Menorrhagia များတယ်လို့ ပြောနိုင်တယ်။ များတာကြာရင် Anemia သွေးအားနည်းတာဆက်ဖြစ်လာနိုင်တယ်။ ဘာလို့များနေလဲ –

• Uterine fibroids or polyps သားအိမ်အလုံး-အကျိတ်၊

• Miscarriage ကိုယ်ဝန်ပျက်ခြင်း၊

• Ectopic pregnancy သားအိမ်ပြင်ပသန္ဓေတည်ခြင်း၊

• Blood thinners သွေးကျဲဆေး၊ Steroids (စတီရွိုက်) ဆေးသောက်နေရခြင်း၊

• Birth control pills ကိုယ်ဝန်တားဆေးပြောင်းသောက်ခြင်း၊

• Clotting disorders သွေးမခဲရောဂါ၊ ဥပမာWillebrand’s disease ရောဂါ၊

• Cancer of the uterus သားအိမ်-ကင်ဆာ၊

• အကြောင်းခံရောဂါမရှိသူတွေမှာရာသီဆင်းတာသူများထက်များနေရင် Oral contraceptives ကိုယ်ဝန်တားစားဆေးသုံးနိုင်တယ်။

• IUD သားအိမ်ထဲပစ္စည်းထည့်သူဆိုရင် Mirenaအမျိုးအစားသုံးရင် နည်းစေတယ်။

• Lystedaဆေးလဲပေးနိုင်တယ်။ သူကနေသွေးခဲတာအားပေးတယ်။ ဆရာဝန်ပေးမှသာသောက်ပါ။

 

၃။ Bleeding In Between Periods ကြားရက် သွေးဆင်းနေရင်

---------------------------------------------------------------------

• ဘာမဟုတ်တာလေးတွေလဲအရင်စဉ်းစား ပြုပြင်ရမယ်။

– တားဆေးသောက်ဘို့ မေ့သွားတာ။

– မွေးလမ်းမှာအနာ ဖြစ်နေတာ။

• သိပ်ဆိုးဝါးတာတွေလဲရှိတယ်။

– Ectopic pregnancy သားအိမ်ပြင်ပသန္ဓေတည်ခြင်း၊

– Cancer ကင်ဆာ။

 

၄။ Painful Period ရာသီလာလို့ တအားနာနေရင်

------------------------------------------------------

• ရာသီလာတာအနေရအထိုင်ရမသက်သာသူတွေများတယ်။ ဗိုက်နာတာလဲပါတယ်။ နဲနဲလောက်၊ ၁-၂ ရက် လောက်ဆိုစိုးရိမ်စရာမလိုပါ။ ရာသီလာချိန်မှာနာတာကို Dysmenorrhoea ခေါ်တယ်။ တချို့မှာပျို့-အန်ချင်၊ ဝမ်းပျက်၊ ခေါင်းကိုက်၊ ခါးနာတာတွေလဲ ဖြစ်တယ်။ စိတ်မူပြောင်းသူတွေလဲရှိတယ်။ (သပ်သပ်ရေးထားပါတယ်။)

• ရာသီလာချိန်နာတာကို NSAIDs (စတီရွိုက်) မပါတဲ့ အများသုံးအကိုက်-အခဲပျောက်ဆေးသောက်ရင် သက်သာတယ်။

• သတိထားရမှာတွေကတော့ –

– Endometriosis (အင်ဒိုမီထရီယိုးဆစ်) သားအိမ်ရောဂါ နဲ့

– Fibroids (ဖိုက်ဘရွိုက်) သားအိမ် အကျိတ်ရောဂါတွေ ပါတယ်။ ဆေးစစ် ကုသရလိမ့်မယ်။

 

Dr. တင့်ဆွေ

Dr.TintSwe

Medical Writing

September 9, 2014



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18