Print

သားအိမ်ကင်ဆာအကြောင်း

  30-Oct-2016
Preview Image

အမျိုးသမီးတွေအတွက်ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာရောဂါတစ်ခုဖြစ်တဲ့ သားအိမ်ကင်ဆာဟာ ယနေ့ကမ္ဘာပေါ်မှာအတော်လေးကို ရေပန်းစားလို့လာပါပြီ။ သားအိမ်ကင်ဆာကို ဆေးပညာအရဆိုရင် Endometrial cancer လို့ခေါ် ပါတယ်။ သားအိမ်ခေါင်း cervix မှာဖြစ်တဲ့ကင်ဆာကိုတော့ cervical cancer လို့ခေါ်ပါတယ်။ Endometrial cancer ဟာ သားအိမ် (Endometrium) မှ တဆင့်ဖြစ်ပေါ်တဲ့ Malignancies ကင်ဆာမျိုးနွယ်ပွားတွေဖြစ်ပါတယ်။ သားအိမ် Uterus နဲ့ သူ့ရဲ့ lining အနားသတ်တွေမှာဖြစ်ပွားပါတယ်။ United States မှာဆိုရင် နှစ်စဉ် ၃၅၀၀၀ သော မိန်းမတွေဟာ သားအိမ်ကင်ဆာဖြစ်ပွားနေပြီးတော့အဖြစ်အများဆုံးအမျိုးသမီးရော ဂါတစ်ခုလည်းဖြစ်ပါတယ်။ အဖြစ်အများဆုံးပုံစံဖြစ်တဲ့ Endometrioid adenocarcinoma မှာ သွေးဆုံးပြီးသား အမျိုးသမီးတွေမှာအဖြစ်များပါတယ်။ ဒီလိုအမျိုးသမီးတွေမှာ ပထမဆုံးသားအိမ်နံရံတွေထူလာခြင်း Endometrial hyperplasia စတင်ဖြစ်ပေါ်လာပြီး သွေးဆင်းခြင်း (Vaginal bleeding) နဲ့ လာပါတယ်။ သားဥအိမ်ကင်ဆာနဲ့ သားအိမ်ခေါင်း ကင်ဆာပြီးရင် တတိယအဖြစ်အများဆုံး အမျိုးသမီး မီးယပ်ရောဂါကြောင့် သေဆုံးမှု နံပတ် ၃ အဆင့်မှာ တည်ရှိပါတယ်။ သားအိမ်တစ်ခုလုံးထုတ်ပစ်ခြင်း (TAH - Total Abdominal Hysterectomy) နဲ့ ဘေးနှစ်ဖက် သားဥအိမ်နှင့် သားအိမ်၊ သားဥအိမ် ဆက်လမ်းကြောင်းတို့အား ရှင်းလင်းဖယ်ထုတ်ခြင်း (Bilateral-Salpingo-oophorectomy) တို့ ပြုလုပ်ရပါတယ်။

Endometrial cancer ကို တစ်ခါတစ်ရံမှာ Uterine cancer လို့လည်း ခေါ်ကြပါတယ်။ ဒါပေမယ့်လည်း မတူညီတဲ့ကင်ဆာတွေဟာ သားအိမ်အတွင်း (endometrium) မှ သာလျှင်မကပဲသားအိမ်ရဲ့အခြားတစ်ရှူး တွေကနေလည်း ဖြစ်ပေါ်နိုင်ပါတယ်။ ဥပမာ- သားအိမ်ခေါင်းကင်ဆာ cervical cancer သားအိမ်ကြွက်သား myometrium မှ ဖြစ်သော Sarcoma of the myometrium နဲ့ trophoblastic ရောဂါတို့ပဲဖြစ်ပါတယ်။

ရောဂါလက္ခဏာများ

- သွေးဆင်းခြင်း ၊ သွေးဆုံးပြီးအမျိုးသမီးတွေမှာတော့ spotting လို့ခေါ်တဲ့ တစ်စက် နှစ်စက်လောက် ပဲဆင်းနိုင်ပါတယ်။

- မူမမှန်သွေးဆင်းခြင်း၊ မူမမှန်သွေးဆင်းကာလများ အသက် ၄၀ ကျော်သွေးဆုံးခါနီး အမျိုးသမီးများတွင် ပုံမှန်သွေးဆင်းကာလကြားကာလများ တွင်သွေးဆင်းခြင်း။

- နေ့ရက်ကြာရှည်စွာသွေးဆင်းပြီးပမာဏများခြင်း၊ ခဏခဏသွေးဆင်းခြင်း စသည်တို့ဟာကင်ဆာဖြစ်နိုင်တဲ့လက္ခဏာတွေဖြစ်ပါတယ်။သွေးအားနည်းခြင်း(ရက်အကြာကီးသွေးဆုံးရှံုးတဲ့အတွက် ဖြစ်ရခြင်းဖြစ်ပါတယ်)

- ၀မ်းဗိုက်အောက်ပိုင်းနာကျင်ခြင်း၊ တင်ပဆုံအတွင်းပိုင်းတွင် ညှစ်ဆွဲထားသလို နာကျင်ခြင်း အဖြူရောင်သို့မဟုတ်အရည်ကြည်များဆင်းခြင်း။ (သွေးဆုံးပြီးအမျိုးသမီးတွေမှာဖြစ်ပါတယ်)

ဘယ်လိုအခြေအနေမျိုးမှာအဖြစ်များသလဲ

ဖြစ်ပွားစေတဲ့အချက် Risk Factor တွေကတော့အများကြီးရှိပါတယ်။ အဲဒါတွေကတော့

- အီစရိုဂျင်ပမာဏများခြင်း

- သားအိမ်နံရံထူလာခြင်း

- အဝလွန်ခြင်း

- သွေးတိုးခြင်း

- သားဥအိမ်တွင်အရည်အိတ်များစွာတည်ခြင်း(Polycysticovary syndrome)

- ကလေးတစ်ယောက်မှမမွေးဖူးသောNulliparity(ကိုယ်ဝန်မဆောင်ဖူးခြင်း)

- မျိုးမပွားနိုင်ခြင်း (မြံုနေခြင်း)

- အပျိုဖော်ဝင်ချိန်စောခြင်း (early menarche)

- သွေးဆုံးချိန်နောက်ကျခြင်း (Late menopause)

- သားအိမ်အတွင်းနံရံအဖုများပါခြင်း Endometrial polyps

- ဆီးချိုသွေးချိုရောဂါရှိခြင်း

- Taxmoifen ဆေးသုံးနေခြင်း

- တိရိစ္ဆာန်အဆီများစွာ စားသုံးခြင်း

- တင်ပဆုံအား ဓါတ်ရောင်ခြည်ပေးကုသဖူးခြင်း

- ရင်သားကင်ဆာရှိခြင်း

- သားဥအိမ်ကင်ဆာ ဖြစ်ခြင်း

- မျိုးဥမကြွေခြင်း

- အသက် ၃၅ နှစ်အထက်အမျိုးသမီးများ

- နေ့စဉ် အရက်များစွာ သောက်သုံးခြင်း စသည်တို့ဖြစ်ပါတယ်။

ရောဂါသိအောင် ဘယ်လိုလုပ်မလဲ

စစဖြစ်ချင်းမှာ ကုသလို့ရတဲ့အတွက် Routine screening လုပ်ဖို့တော့မလိုပါဘူး။ အစောပိုင်းအဆင့်တွေမှာ စမ်းသပ်မှုရဲ့ အဖြေက ပုံမှန်တွေဖြစ်နေတတ်ပါတယ်။

ရောဂါပိုပြင်းထန်လာမှသာလျှင်သားအိမ်ရဲ့ အရွယ်အစား၊ ပုံသဏ္ဍာန်၊ အပျော့အမာစတဲ့လက္ခဏာတွေပြောင်းလဲသွားမှာဖြစ်ပါတယ်။

၁ ။ Pap smear ယူခြင်း

၂ ။ သားအိမ်ခြစ်ပြီး အသာစ စစ်ဆေးခြင်း (သားအိမ်အတွင်းပိုးနှင့်သားအိမ်ခေါင်း အပါအဝင်)

၃ ။ သားအိမ်ခြစ်ခြင်း Endometrial curettage ဟာ အဆင်မပြေခဲ့ရပင် Dilation and Curettage ( D&C) သား အိမ်ခေါင်းချဲ့ပြီးအတွင်းပိုင်းအား ခြစ်ယူခြင်း။

၄ ။ သားအိမ်အတွင်းမှန်ပြောင်းထည့်စစ်ဆေးခြင်း ( Hysteroscopy )။ တခါတည်းသားအိမ်အတွင်းစယူပြီး biopsy လုပ်နိုင် ပါတယ်။ D and C လုပ်သလို မမြင်မစမ်းလုပ်နေစရာမလိုပဲ သေချာ မသင်္ကာတဲ့နေရာတွေကို ယူနိုင်ပါတယ်။

၅ ။ Endometiral biopsy or aspiration

၆ ။ မိန်းမကိုယ် အတွင်းပိုင်းအာ အာထရာဆောင်းရိုက်ခြင်း (Transvaginal ultrasound)

၇ ။ အခုနောက်ပိုင်း TruTest လို့ခေါ်တဲ့စမ်းသပ်မှုတစ်ခုပေါ်လာပါတယ်။ ကျံုဲ့လို့ကွေးလို့ရတဲ့ Tao Brush နဲ့ သားအိမ် ရဲ့ entire lining ကိုခြစ်ယူပါတယ်။ နာကျင်မှုသက်သာပြီး စမ်းသပ်ဖို့လုံလောက်တဲ့ တစ်ရှူးတွေရ ရှိပါတယ်။ ရိုးရှင်းပြီး သက်သာပါတယ်။ TruTest ကိုတခါတရံမှာအသုံးပြုပြီး အများစုကတော့ Pap smear ကိုသာ အသုံးများပါတယ်။

၈ ။ Serum p53 antibody ကိုတိုင်းတာခြင်း စသည်တို့ဖြစ်ပါတယ်။

ကုသခြင်း

ပထမဆုံးကုသခြင်းကတော့ Srugical ပဲဖြစ်ပါတယ်။ အနည်းဆုံး ၀မ်းဗိုက်အတွင်းအရည်ယူမယ် (Peritoneal fluid ကို ယူပြီး cytologic sampling လုပ်ခြင်း)၊ ဗိုက်ဖွင့်ခြင်း၊ lymph nodes များအားစမ်းသပ်ပြီး biopsy ယူခြင်း၊ သားအိမ်ကို ထုတ်ခြင်း၊ သားဥအိမ် ၂ လုံးထုတ်ခြင်း၊ Lymph node များထုတ်ခြင်း၊ စသည်တို့ဖြစ်ပါတယ်။ တစ်ခါတစ်ရံ သားအိမ်ခေါင်းအထိပါ ပျံ့နှံနေပြီဆိုရင်တော့ သားအိမ်ခေါင်းပါ ထုတ်ပစ်ရလေ့ရှိပါတယ်။ သားအိမ်ကို ၀မ်းဗိုက်ဖွင့်ပြီး ထုတ်ခြင်း (Abdominal hysterectomy ) နဲ့ မိန်းမကိုယ်အတွင်းမှ အဆင့်လိုက် ထုတ်ပယ်ခြင်း (vaginal hysterectomy) ဆိုပြီး ရှိပါတယ်။ အဆင့် ၁ သည် ခဏခဏပြန်ဖြစ်ဖို့ များပါတယ်။ အဆင့် ၂ ကိုတော့ ခွဲစိတ်ပြီး ဓါတ်ရောင်ခြည်ပေးပါတယ်။ အချို့ လူနာတွေမှာတော့ ကင်ဆာဆေးသွင်းခြင်း Chemotherapy ကိုပေးပါတယ်၊ အထူးသဖြင့် အဆင့် ၃ နဲ့ ၄ မှာဖြစ်ပါတယ်။ Endometrial stromal sarcomas အတွက် Hormonal therapy ဖြစ်တဲ့ progestins နဲ့ antiestrogen တွေပေးပါတယ်။

Herceptin လို့ခေါ်တဲ့ Antibody ကိုတော့ HER2/neu protein နဲ့ overexpress လုပ်ဆတဲ့ ရင်သားကင် ဆာကုသ တဲ့နေရာမှာသုံးပါတယ်။

ကုသခြင်း၏ နောက်ဆက်တွဲ complication များ

- D&C လုပ်ရင်းနဲ့သားအိမ်ပေါက်ထွက်ခြင်း ( Uterine perforation ) ရနိုင်ပါတယ်။

- Asherman's syndrome (သားအိမ်အတွင်းပိုင်းကပ်ငြိတွယ်ခြင်း) Intrauterine adhesion ရနိုင်ပါတယ်။ D&C လုပ်တဲ့ အခါ complication အနေနဲ့တွေ့ရပါတယ်။ အကျိုးဆက်ကတော့မျိုးမပွားနိုင်ခြင်းနဲ့ နောက်ပိုင်း ကလေးမွေးတဲ့ အခါ အခက်အခဲမျိုးစုံ Obstetric complications တွေနဲ့ ကြံုရနိုင်ပါတယ်။

Ref :

သက်တန့်ချို

11 July 2011

Public Health In Myanmar

Monday, July 11, 2011



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18