Print

ကလေးများတွင် အော့အန်ခြင်း

  23-Jan-2021
Preview Image

ကလေးများတွင် အော့အန်ခြင်း

          ကလေးငယ်လေးတွေမှာ အော့အန်ခြင်းဟာ တွေ့နေကျ ပြနာတစ်ခုပါ။ အများအားဖြင့် စ်ရက် နှစ်ရက် ကြာတတ်ပြီး စိုးရိမ်လောက်တဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။

          အဓိကဖြစ်ရတဲ့ အကြောင်းအရင်းက အစာအိမ်နဲ့ အူလမ်းကြောင်း ရောင်မ်းခြင်းကြောင့် ဖြစ်ပြီး ဗိုင်းရပ်စ်ပိုး သို့မဟုတ် ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားပါတယ်။

          ကလေးက တောက်လျှောက်အန်နေရင်တော့ ရေဓာတ်ဆုံးရှုံးမှု ပြဿနာတွေ ဖြစ်လာနိုင်တဲ့ အပြင် တခါတလေမှာ ဦးနှောက် အေမြှးရောင်ခြင်းလို စိုးရိမ်ရတဲ့ ရောဂါ တွေကြောင့်လဲ ဖြစ်နိုင်ပါတယ်။

ဘာလုပ်ရမလဲ

          ကလေးတွေအန်တဲ့ အခါမှာ သတိထားပြီး စောင့်ကြည့်ပါ။ စိုးရိမ်ရတဲ့ ပုံပေါ်လျှင် ဆရာဝန်နဲ့ အမြန်ပြသပါ။

          အန်ပေမယ့်လည်း ကလေး လန်းတယ်၊ ဆော့နိုင်တယ် စားနိုင်တယ်ဆို စိုးရိမ်စရာ သိပ်မရှိပါဘူး။ ပုံမှန်တိုင်း ကျွေးလို့ရပါတယ်။ ရေ နဲ့ တခြားသောက်စရာတွေ ပုံမှန် တိုက်ပေးပါ

          တကယ်လို့ ကလေးက မှိန်းတယ် ပျော့တယ် အီတယ် ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။

ဘယ်လို အချိန်မှာ ဆရာဝန်နဲ့ ပြမလဲ

o   ကလေးက အစားကျွေးတိုင်း ရေတိုက်တိုင်း အန်နေရင်

o   နှုတ်ခမ်းခြောက်ခြင်း၊ ငိုရင် မျက်ရည် မထွက်ခြင်း ဆီးသွားနည်းခြင်း၊ မှိန်းခြင်း စတဲ့ ရေဓာတ်ခန်းခြောက်ခြင်း လက္ခဏာတွေရှိရင်

o   အန်တဲ့ အခါ အစိမ်းရောင် သို့မဟုတ် သွေးပါရင်

o   တရက် နှစ်ရက်ထပ်ကျော်ပြီး အန်နေရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။

ကလေးက အန်ပြီးနောက် အပျင်းအထန် ဗိုက်နာရင် ပျော့ရင် နုံးရင် နီးစပ်ရာ ဆေးရုံကို အမြန်သွားသင့်ပါတယ်။

အိမ်မှာ ဘယ်လို စောင့်ရှောက်မလဲ

          အော့အန်ခြင်း အများစုက အိမ်မှာပဲ စောင့်ကြည့်လို့ရပါတယ်။ အရေးကြီးတဲ့ အချက်က အရည်များများတိုက်ပေးဖို့ပါ။

          အန်နေပေမယ့်လည်း ကလေးစားနိုင်တယ်ဆို ပုံမှန် အတိုင်း နို့တိုက်လို့ စားနေကျအတိုင်းကျွေးလို့ရပါတယ်။ ရေဓာတ်ခန်းခြောက်နိုင်ေချရှိရင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ တိုင်ပင်ပြီး ဓာတ်ဆားရည် တိုက်ပေးပါ။

          ကလေး တွေကို ရေ နဲ့ စွပ်ပြုတ် အကြည်တွေ နည်းနည်းနဲ့ မကြာမကြာတိုက်ပေးပါ။ ကလေးက အရည်တိုက်လို့ မရပဲ အန်နေရင် ဆရာဝန်နဲ့ ပြသပါ။

ကလေးများတွင် အော့အန်ခြင်း ဖြစ်ပွားနိုင်တဲ့ အကြောင်းအရင်းများ

·         အစာအိမ်နဲ့ အူလမ်းကြောင်းရောင်ခြင်း

·         အစာ ဓာတ်မတည့်ခြင်း

·         အခြား ပိုးဝင်ခြင်းများ (ဥပမာ အသက်ရှှုလမ်းကြောင်းပိုးဝင်ခြင်း၊ ဆီးပိုးဝင်ခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း)

·         အူအတက်ရောင်ခြင်း

·         အစာအဆိပ်သင့်ခြင်း စတာတွေဖြစ်ပါတယ်။

Dr. Aung



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18