Print

အပျံသင်ချိန်မှာ

  24-Nov-2020
Preview Image

အပျံသင်ချိန်မှာ

          အပျံသင်ချိန်ဆိုတာ မိဘတိုင်းတစ်ချိန်ချိန်မှာ ရင်ဆိုင်ရပါတယ်။ ကျွန်မတို့ခေတ်သစ်မိဘတွေရော ဘယ်လိုရင်ဆိုင်ကြမလဲ။

          သားသမီးအရွယ်ရောက်လာပြီး ထူးချွန်ပြောင်မြောက်စွာ ဒီအထိရောက်လာတယ်ဆိုတော့ မိဘတွေရဲ့ ပျိုးထောင်မှုကောင်းမွန်ခဲ့လို့ ဆိုတာလည်း မှန်ပါတယ်။ မိဘနှစ်ပါး ရက်လနှစ်ပေါင်းများစွာ အရိပ်တကြည့်ကြည့် ပြုစုပျိုးထောင်လာခဲ့ပြီး ရုတ်တရက် နှုတ်ဆက်ပြီး လက်လွှတ်လိုက်ရတာ ဝမ်းနည်းသလို ချက်ချင်း ချဉ်းကပ်ပုံတွေ Parenting စတိုင်လ်တွေပြောင်းဖို့ ခက်ခဲတယ်။

စဉ်းစားစရာ ခေတ်သစ်မိဘ Over Parenting ပါ။

          အထူးသဖြင့် ခေတ်သစ်မိဘအများစုမှာ အလွန်အကျွံမိဘ (Over Parenting) လုပ်တဲ့ ဟယ်လီကော်ပတာ မိဘစတိုင်လ် က ရှိနေတာ ကျွန်မတို့အားလုံး အသိအမှတ်ပြုရမှာပါ။ သားသမီးကို ထမင်းစား၊ ရေသောက်၊ အိမ်စာလုပ်၊ ကျူရှင်သွား၊ စာကျက်ကအစ အလွန်အကျွံစောင့်ကြည့် ကာကွယ်စောင့်ရှောက်ခြင်း၊ အလွန်အကျွံကူညီပံ့ပိုးခြင်း၊ အလွန်အကျွံကယ်ဆယ်ပေးခြင်းတွေကြောင့် ဒီလိုအပြောင်းအလဲ အပျံသင်ချိန်မှာ မိဘတွေအတွက် သားသမီးကို လက်လွှတ်ရတာ ပိုခက်ခဲပါတယ်။

          အရာရာ ပါဝင်ကူညီတဲ့ Over parenting က ရည်ရွယ်ချက်ကောင်းပေမယ့် ကလေးကို ဘာမဆို ဖေဖေမေမေ ကူညီမယ်၊ ပံ့ပိုးမယ်၊ ပြဿနာရှိရင် ဖြေရှင်းပေးမယ်။ အဆိုးအကောင်း ဘယ်ချဲလင့်မဆို အကာအကွယ် ပေးထားမယ်ဆိုတဲ့ Message ကြောင့် ကလေးက ကိုယ့်ကိုယ်ကိုယ် မသိဘူး၊ မတတ်ဘူး၊ မလုပ်နိုင်ဘူးလို့ ယူဆပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းစေတယ်။

          သားသမီးတွေ ငယ်စဉ်မှာ မသိသာလှပေမယ့် ဆယ်ကျော်သက်အရွယ် မိဘအနေနဲ့ နည်းနည်းနောက်ဆုတ်ပါ။ ကလေးတွေ လှောင်ပိတ်ပြီး မလုတ်တတ်၊ မကိုင်တတ်၊ မလုပ်နိုင် မကိုင်နိုင်ဖြစ်တတ်တယ်။

သားသမီးတွေ အခက်အခဲရင်ဆိုင်ရတိုင်း ကျရှုံးခြင်း မဟုတ်ပါဘူး။

          ကလေးတွေ ပညာရေးမှာ အခက်အခဲတွေ့တာ၊ စိတ်ပျက်ရတာ၊ အရှုံးပေးရတာတွေ အားလုံး မလွယ်ကူပါဘူး။ ဒါပေမယ့်လည်း ကလေးတွေ ပညာရေးမှာ ပိုဆက်နွယ်လာတာ၊ အလေးထားတာနဲ့ အောင်မြင်ချင်စိတ်တွေ တိုးတာတယ်။

          ကလေးတွေကို အမြဲအကူအညီ အပံ့အပိုးလိုနေတယ်လို့ ထင်မြင်နေတဲ့မိဘတွေကို သူမက ချဲလင့်လုပ်ပြီး ပြန်စဉ်းစားဖို့ အကြံပေးတယ်။ လက်တွေ့မှာ လွတ်လပ်မှု လိုလားနေတဲ့ ကလေးကို အားပေးရာမရောက် ဖြစ်နေလား။

          ကျောင်းမှာ အမှတ်ကောင်းရဖို့ မိဘရဲဖိအားနဲ့ စိတ်စိုးရိမ်မှုတွေရတဲ့ ကလေးတွေက ပညာရေး Intellectual တင်မက ရုပ်ပိုင်းဆိုင်ရာ Physical မှာပါ သိပ်ရင်ဆိုင်ရဲတဲ့ စိတ်မရှိဘူး။ မိဘက အရာရာကူညီမယ်၊ ကယ်တင်မယ်ဆိုတာ သိနေတယ်။ တဖြည်းဖြည်းနဲ့ အသစ်အဆန်းကြိုးစားဖို့ ထိတ်လန့်လာတယ်၊ လုပ်ကြည့်ဖို့ သတ္တိမရှိဘဲ ကျရှုံးခြင်းကို ကြောက်လန့်သူတစ်ယောက်အဖြစ် ကြီးပြင်းလာတယ်။

          တက္ကသိုလ်ဆိုတာ ဘဝအတွက် ပြင်ဆင်ပေးတဲ့ အရပ်မို့ မိဘအနေနဲ့ နောက်ဆုတ်ပြီး ကလေးတွေရင့်ကျက်ဖို့ အချိန်နဲ့ အခွင့်အရေးပေးသင့်ပါတယ်။

အလွန်အကျွံ မိဘ Over Parenting မှ ရပ်တန့်ပါ။

          အလွန်အကျွံ မိဘလုပ်ခဲ့လို့ ပြောင်းလဲ နောက်ဆုတ်နေမယ်ဆိုရင် သားသမီးနဲ့ ပွင့်ပွင့်လင်းလင်းပြောတာ ပိုကောင်းပါတယ်။ ဖေဖေ မေမေတို့ အလွန်အကျွံ မိဘ Over Parenting လုပ်မိတာ မမှန်ကန်တာမို့ တက္ကသိုလ်ကလည်းတက်တော့မယ်။ အပျံသင်မယ့်ငှက်ဖြစ်လာပြီမို့ ပြောင်းလဲချိန်တန်ပါပြီ။ သားကို သမီးကို ယုံကြည်မယ်၊ လူကြီးလို ဆက်ဆံနေရာပေးမယ်။ ဒါမှ အရွယ်ရောက်တဲ့အခါ အရည်အသွေးရှိတဲ့ လူကြီးတစ်ယောက်ဖြစ်လာမယ် မဟုတ်လားလို့ ဆွေးနွေးပါ။ အခုလို အမှားရှိရင် ပြန်ကြည့်၊ သင်ခန်းစာယူ၊ ပြုပြင်ပြောင်းလဲတာ မိဘရဲ့ စံနမူနာကောင်းနဲ့ သားသမီးအတွက် အလွန်အဖိုးတန်တဲ့ ဘဝသင်ခန်းစာတစ်ခုပါပဲ။

          အပျံသင်ချိန်မှာ နှစ်ပေါင်းများစွာ အရိပ်တကြည့်ကြည့် ပျိုးထောင်လာခဲ့တဲ့ သားသမီးကို ရုတ်တရက်လွတ်လပ်ခွင့်ပေး ခွဲခွာရတာ စိမ်းသွားမလားလို့ ဝမ်းနည်းစရာကောင်းသလို မိဘတွေရဲ့ အောင်မြင်တဲ့ လက္ခဏာတစ်ခုအနေနဲ့ ကြည်နူးစရာလည်း ကောင်းပါတယ်။ သူတို့လေးတွေရဲ့ ရေရှည်အကျိုးအတွက် အလွန်အကျွံမိဘ Over Parenting ကိုလည်း ပြန်လေ့လာသင်ခန်းစာရယူပြီး ဟယ်လီကော်ပတာ မိဘစတိုင်လ်ကို အနားပေးလိုက်ဖို့ အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။

Credit : ဧကရီပြုံး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18