Print

ကလေးများတွင်ဖြစ်သော ပန်းနာရင်ကျပ်ရောဂါ

  27-Oct-2020
Preview Image

ကလေးများတွင်ဖြစ်သော ပန်းနာရင်ကျပ်ရောဂါ


ကလေးများတွင်ဖြစ်သည့် ပန်းနာရင်ကျပ်ရောဂါဆိုသည်မှာ အအေးမိခြင်း အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းနှင့် လေထဲရှိပန်းဝတ်မှုံများ စသည်တို့ကို ရှူမိသောအခါများတွင် လေပြွန် ရောင်ယမ်းလာခြင်းဖြစ်ပါသည်။ ကလေးရင်ကျပ်ရောဂါသည် ကလေးများ၏ နေ့စဉ်လုပ်ငန်းဆောင်တာများဖြစ်သော ကစားခြင်း ကျောင်းသွားခြင်း အိပ်စက်ခြင်း စသည်တို့ကို ထိခိုက်စေနိုင်သည့် ရောဂါတစ်မျိုးဖြစ်သည်။


ရောဂါလက္ခဏာများမှာ


·         မကြာခဏ ချောင်းဆိုးခြင်း

·         အသက်ရှူလျှင် တရွီှရွီှမြည်ခြင်း

·         အသက်ရှူမဝခြင်း

·         ရင်ဘတ်ထဲတွင် တင်းကျပ်နေခြင်း

·         ရင်ဘတ်အောင့်ခြင်း စသည်တို့ဖြစ်သည်။

အထက်ပါလက္ခဏာများအပြင်

·         ချောင်းဆိုးရင်ကျပ်ခြင်းကြောင့် အိပ်မပျော်ခြင်း

·         မကြာခဏ ချောင်းဆိုးတတ်ပြီး အအေးမိခြင်း အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းများဖြစ်သောအခါ ပိုဆိုးလာတတ်ခြင်း

·         လေပြွန်ရောင်ခြင်း အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းများဖြစ်သောအခါ ပြန်ကောင်းရန် အချိန်ကြာခြင်း

·         အသက်ရှူရခက်ခြင်းကြောင့် ကစားခြင်းနှင့် အားကစားတို့တွင် အများနီးတူမလုပ်နိုင်ခြင်း

·         အိပ်ရေးပျက်ပါများသောကြောင့် မောပန်းနွမ်းနယ်ခြင်း စသည်တို့ကိုပါတွေ့ရနိုင်ပါသည်။

အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းကြောင့်ဖြစ်တဲ့ ချောင်းဆိုးခြင်း တရွှီရွှီမြည်ခြင်းတို့သည် ကလေးရင်ကျပ်ရောဂါမှာ ရှေးဦးစွာတွေ့ရသည့် လက္ခဏာများဖြစ်သည်။ကလေးရင်ကျပ်ရောဂါသည် ကလေးတစ်ယောက်နှင့်တစ်ယောက် ကွာခြားတတ်ပြီး အချိန်ကြာလာသည်နှင့်အမျှ သက်သာလာသူများရှိသလို ပိုမိုဆိုးရွားလာနိုင်ခြေလဲရှိပါတယ်။

ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ပြသင့်လဲ

ကလေးမှာ ရင်ကျပ်ရောဂါရှိနေပြီလို့ သံသယရှိတယ်ဆိုတာနဲ့ ဆရာဝန်ပြသင့်ပါသည်။ ဆရာဝန်နှင့် စောစောပြသခြင်းက နေ့စဉ် ခံစားရမည့် ဝေဒနာတွေကို သက်သာစေရုံမဟုတ်ပါဘူး။ ့ရုတ်တရတ်ရင်ကျပ်ခြင်း မဖြစ်အောင်ပါကာကွယ်ပေးနိုင်ပါတယ်။

·         မကြာခဏချောင်းဆိုးခြင်း

·         အသက်ရှူလျှင်တရွီှရွီှမြည်ခြင်း

·         အသက်ရှူမြန်ခြင်း အသက်ရှူမဝခြင်း

·         ရင်ကျပ်ခြင်း

·         အသက်ရှူလမ်းကြောင်း မကြာခဏပိုးဝင်၍ လေပြွန်ရောင်ယမ်းခြင်းများ ရှိလျှင် ဆရာဝန်ထံသွားရောက်ပြသသင့်ပါသည်။

အကယ်၍ ကလေးသည်

·         အသက်ရှူမဝသောကြောင့် စကားကို စာကြောင်းအပြည့်မပြောနိုင်ဘဲ ရပ်၍ အသက်ရှူရလျှင်

·         အသက်ရှူရာတွင် ဝမ်းဗိုက်ကြွက်သားများကိုပါ အသုံးပြုနေရလျှင်

·         အသက်ရှူရာတွင် နှာခေါင်းပေါက်ကို ပွ၍ရှူရလျှင်

·         အသက်ရှူသောအခါ ဝမ်းဗိုက်သည် နံရိုးအောက်ချိုင့်ဝင်သွားလျှင် အရေးပေါ်အခြအနေဖြစ်ပြီး ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါသည်။

ဖြစ်ရသောအကြောင်းအရင်းများ

ကလေးရင်ကျပ်ရောဂါ ဘာကြောင့်ဖြစ်ရသလဲဆိုတာကို အပြည့်အဝနားမလည်ကြသေးပါ။ ဖြစ်နိုင်တဲ့အကြောင်းအရင်းများကတော့

·         မျိုးရိုးလိုက်ခြင်း

·         အလွန်ငယ်ရွယ်သောအချိန်တွင် အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း

·         ဆေးလိပ်ငွေ့နှင့် လေထုညစ်ညမ်းမှု စသော ပတ်ဝန်းကျင် အခြေအနေများ စသည်တို့ဖြစ်ပါသည်။

သည့်အပြင်

·         အအေးမိခြင်းကဲ့သို့သော ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်း

·         ဆေးလိပ်ငွေ့ များ ညစ်ညမ်းသောလေထု စသည်တို့နှင့် ထိတွေ့နေရခြင်း

·         ဖုန်မှုန့်များ တိရိစ္ဆာန် အညစ်အကြေးများ ပန်းဝတ်မှုန်များ မှိုများ စသည်တို့နှင့် ဓာတ်မတည့်ခြင်း

·         ရာသီဥတုပြောင်းလဲခြင်း အေးခြင်း စသည်တို့ကြောင့်လည်း ရင်ကျပ်စေနိုင်ပါသည်။

ဘယ်လိုကာကွယ်ကျမလဲ

ရင်ကျပ်စေနိုင်သည် အရာများကို ဂရုစိုက်ရှောင်ရှားခြင်းသည် ရင်ကျပ်ခြင်းကို ကာကွယ်ရန်အကောင်းဆုံးနည်းလမ်းဖြစ်သည်။

·         ရင်ကျပ်ခြင်းကို ဖြစ်စေနိုင်သောအရာများကို ဂရုပြုရှောင်ကျဉ်ပါ

·         ကလေးနားမှာ ဆေးလိပ်မသောက်ပါစေနှင့်

·         ရင်မကျပ်သောအချိန်များတွင် ကလေးကို လှုပ်လှုပ်ရှားရှားရှိပါစေ

·         ကလေးကို သင့်တော့သော ကိုယ်အလေးချိန်ရှိပါစေ

·         လိုအပ်လျှင် ဆရာဝန်နှင့်ပြသပါ။


Dr.Aung

Ref:mayoclinic.org

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18