Print

ကလေးသူငယ် နားပြည်ယိုရောဂါ

  17-Oct-2020
Preview Image

          ကလေးသူငယ်တွေမှာ အဖြစ်များတဲ့ နားပြည်ယိုရောဂါဆိုတာ အတွင်းနားကိုရောဂါပိုးဝင်လို့ ဖြစ်တာပါ။ ရောဂါပိုးက ဘက်တီးရီးယားပိုး ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်နိုင်ပါတယ်။ အတွင်းနားဆိုတာ နားစည်နောက်က လေရှိတဲ့နေရာလေးနဲ့ အသံကို ဖမ်းပေးတဲ့အရိုးနုလေးတွေ ရှိတဲ့နေရာပါ။ ကလေးတွေက လူကြီးတွေထက်စာရင် ရောဂါပိုးဝင်လွယ်ကြပါတယ်။ ရောဂါသဘာဝအရ အများစုက ထွေထွေထူးထူးကုသဖို့မလိုဘဲ ပျောက်ပေမယ့် တစ်ခါတစ်လေ ပြင်းထန်ပြီး တစ်ခြားနေရာကို ပြန့်သွားနိုင်တဲ့အတွက် နားပြည်ယိုရောဂါဖြစ်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသင့်ပါတယ်။

          အများအားဖြင့် ကနေ နှစ်အရွယ်ကလေးတွေမှာ အဖြစ်များပါတယ်။ နားရဲ့တည်ဆောက်ပုံနဲ့ နုနယ်သေးတဲ့ ကိုယ်ခံအားကြောင့်ပါ။ နောက်တစ်ခုက လေထုညစ်ညမ်းမှုရှိတဲ့နေရာတွေ ဥပမာ- ဆေးလိပ်သောက်သူနားနေတာ၊ မီးခိုးငွေ့တွေနား ကလေးရှိနေတာဆို ကလေးမှာ နားပြည်ယိုရောဂါ ပိုဖြစ်နိုင်ပါတယ်။ နောက်ပြီး နို့ဘူးတိုက်တဲ့ကလေးတွေ အထူးသဖြင့် လှဲအိပ်ပြီး တိုက်လေလေ၊ ပိုဖြစ်နိုင်လေလေ ဆိုတာတွေ့ရပါတယ်။

ရောဂါလက္ခဏာတွေက

          ကလေးတွေမှာ နားပြည်ယိုရောဂါဖြစ်ရင် ပြနိုင်တဲ့ လက္ခဏာတွေက

-       နားကိုက်မယ်၊ လှဲလေ ပိုကိုက်လေပဲ

-       အိပ်ပျော်ရခက်တာတွေ့ရမယ်

-       ကလေး ဂနာမငြိမ်ဖြစ်မယ်၊ ဂျီကြမယ်၊ သာမန်ထက်ပိုငိုမယ်

-       အသံသိပ်မကြားရဘူး၊ ချော့မရဘူး

-       နားထဲက အရည်ထွက်မယ်၊ ပြည်ထွက်မယ်

-       ခေါင်းကိုက်မယ်၊ ကိုယ်ဟန်ချက်ပျက်မယ်

-       ဖျားမယ်၊ ခေါင်းကိုက်မယ်၊ အစားနည်းတာကို တွေ့ရတတ်ပါတယ်။

လူကြီးတွေမှာ တွေ့ရများတာကတော့ နားကိုက်တာ၊ နားထဲက အရည်ထွက်၊ ပြည်ထွက်တာနဲ့အကြားအာရုံအားနည်းသွားတာဖြစ်ပါတယ်။ အကယ်၍ ရောဂါလက္ခဏာက တစ်ရက်ထက်ပိုကြာတယ်ဆိုရင်၊ လအောက် ကလေးမှာဖြစ်တယ်ဆိုရင်၊ ဂျီကျပြီး မငြိမ်မသက်ဖြစ်နေရင် ဒါမှမဟုတ် နားထဲက ပြည်၊ သွေး၊ အရည် တစ်ခုခုတွေ့ရတယ်ဆိုရင်ဆရာဝန်နဲ့ အမြန်ဆုံးပြဖို့ လိုပါမယ်။

ဖြစ်နိုင်တဲ့ နောက်ဆက်တွဲတွေ

မကုသဘဲ ထားမယ်ဆို နောက်ဆက်တွဲရောဂါအနေနဲ့ အကြားအာရုံထိခိုက်သွားနိုင်ပါတယ်။ ရောဂါပြင်းထန်ပုံပေါ်မူတည်ပြီး တစ်သက်လုံးမကြားနိုင်တော့တဲ့အထိဖြစ်နိုင်ပါတယ်။ အကြားအာရုံထိခိုက်ရင် စကားပြောတဲ့စွမ်းရည်ပါ ထိခိုက်နိုင်ပါတယ်။ နောက်ပြီး ရောဂါပိုးကပြန့်နိုင်တဲ့အတွက် နားနောက်မှ အရိုးတွင်း ရောဂါပိုးဝင်ရောဂါ၊ ဦးခေါင်းတွင်းက ဦးနှောက်အမြှေးရောင်ရောဂါအထိ ဖြစ်နိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ နားစည်ပေါက်ပြဲသွားနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။

ကုသခြင်းအနေနဲ့

          ဆရာဝန်က ရောဂါပိုးဝင်တာကို စမ်းသပ်ပြီး နားစည်အခြေအနေကို နားစမ်းတဲ့ ကိရိယာမှန်ပြောင်းလေးနဲ့ စမ်းပါလိမ့်မယ်။ နားပြည်ယိုရောဂါရဲ့ ပြင်းထန်မှုအခြေအနေအရ စောင့်ကြည့်ကုသတာ၊ ရောဂါဝေဒနာသက်သာအောင် ဆေးဝါးနဲ့ ကုသတာ၊ ရောဂါပိုးသေအောင် ပဋိဇီဝပိုးသတ်ဆေးပေးတာ၊ နာတာရှည် နားပြည်ယိုရောဂါအတွက် နားကို ပြုပြင်ခွဲစိတ်တာမျိုးနဲ့ ကုသမှုပေးနိုင်ပါတယ်။

နားပြည်ယိုရောဂါအတွက် ဆောင်ရန်၊ ရှောင်ရန်

-       ကလေးကို တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ဖို့ သင်ပေးပါ။ လက်ကို ဆပ်ပြာနဲ့ ဆေးတဲ့အလေ့အကျင့်လေး သင်ပေးပါ။ သန့်စင်ခန်းဝင်ပြီးတိုင်း၊ ဆော့ကစားပြီးတိုင်း ဆေးကြောပါ။

-       နှာစေး၊ ချောင်းဆိုးတယ်ဆိုရင် အဝတ်နဲ့ ဖုံးအုပ်ပြီး ချေတတ်တဲ့အကျင့်ကို သင်ပေးပါ။

-       လေထုညစ်ညမ်းတဲ့နေရာတွေကို ရှောင်ပါ။ ဆေးလိပ်သောက်သူရဲ့အဝေးမှာ နေပါ။

-       တတ်နိုင်ရင် မိခင်နို့သာ တိုက်ကျွေးပါ။ မိခင်နို့မှာ ရောဂါပိုးဝင်တာကို ကာကွယ်ပေးနိုင်တဲ့ ခုခံအားပစ္စည်းတွေ အများကြီးပါဝင်ပါတယ်။

-       နားကိုက်တယ်ဆို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆေးထည့်တာ၊ ဆေးဝယ်သောက်တာ မလုပ်ပါနဲ့။ နားနာတယ်ဆိုရင် နားနောက်က အရိုးပေါ်ကို ရေနွေးအုံပေးတာ၊ အကိုက်အခဲပျောက်ဆေးသောက်တာ လုပ်ပေးနိုင်ပါတယ်။

ဒေါက်တာကောင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18