Print

မွေးကင်းစ ကလေး အသားဝါခြင်း (Neonatel Jaundice)

  06-Oct-2020
Preview Image


မွေးကင်းစ ကလေး အသားဝါခြင်း ဆိုသည် မှာ မွေးကင်းစ အရွယ် တွင် အရေပြားနှင့် မျက်လုံး ဝါခြင်းကို ခေါ်သည်။ သွေး ထဲတွင်  အဝါရောင် ဓာတ်ကို ဖြစ်စေသော ဘင်လီရူဘင် ( billirubin ) ဓာတ်များသောကြောင့်ဖြစ်သည်။
အသားဝါခြင်းသည် ဖြစ်နေကျ အခြေအနေ တစ်ခုဖြစ်သည်။ အထူးသဖြင့် နေ့ မစေ့ ၊ စော မွေးသော ကလေးများနှင့် နို့ တိုက် ကလေး တစ်ချို့ တွင်ဖြစ်တတ်သည်။ အဓိက အားဖြင့်ဘာကြောင့်ဖြစ်လဲဆို ရင် တော့ ကလေး ရဲ့ အသည်းက ပိုလျှံနေ သော ဘင်လီရူဘင်ကို သွေးထဲကနေ ဖယ်ဖို့အတွက် နုနယ် သေးလွန်းသောကြောင့် ဖြစ်သည်။ ရောဂါ အခံတစ်ခုခုရှိနေ သောကြောင့် လည်းဖြစ်နိင်သည်။
ပုံမှန်အားဖြင့် ကုသရန်မ လိုပါ။ ကုသမှု လိုအပ်သော အခါမှာလည်း ပျောက်ကင်းတာများသည်။
နောက်ဆက်တွဲ ဆိုးကျိုးဖြစ်ခြင်းမှာ ရှားသည် ဆိုပေမယ့် သေချာ စွာ မကုသလျှင် ၊ ဘင်လီရူဘင် သွေးထဲအရမ်းများနေလျှင် အသက်အန္ဒရာယ် ရှိနိင်သည်။ ဦးနှောက် ကို ထိခိုက်နိုင် သည်။
ရောဂါ လက္ခဏာ
-ပုံမှန်အားဖြင့်မွေးပြီး  ၂ ရက် နှင့် ၄ ရက် အတွင်းပေါ်လာတတ်သည်။
 ဘယ် အချိန်မှာ ဆရာဝန် နှင့် ပြရမလဲ
အောက်ပါ အခြေအနေ ရောက် လျှင် ဆရာဝန်နှင့် ချက်ချင်းပြသရန် လိုအပ်သည် ။
- အသားပိုဝါလာလျှင်
- ကလေးရဲ့ ဗိုက်၊ လက်မောင်း၊ ခြေထောက်တွေ ပါ ဝါလာလျှင်
- ကလေးမျက်လုံးဝါလာလျှင်
- ကလေး မှိုင်လာလျှင် နှိုးရခက်နေလျှင်
-ကလေး ကိုယ်အလေးချိန် မတက်လျှင် အစားအသောက်နည်းလာလျှင်
- ကလေး အသံစူးစူးနဲ့ အော် ငိုလျှင်
- ၃ ပတ်ထက် ပိုဝါလျှင်
 ဖြစ်စေတတ်သော အကြောင်းအရာများ
- ပထမ ၂ ရက် - သွေးအုပ်စု မတည့်ခြင်း ( ဥပမာ ABO, R့h )
                    - G6PD ဓာတ် နည်းပါးခြင်း
                   - မွေးရာပါ ရောဂါ ပိုးတစ်ခုခု ပါလာခြင်း
- ၃ ရက်မှ ၆ရက် - သဘာ၀ အရ အသားဝါခြင်း ( အဖြစ်အများဆုံး )
                      - မွေးနေစဉ် ထိခိုက်မိခြင်း (ဥပမာ - မွေးနေစဉ် ဦးခေါင်းထိခိုက်မိပြီးသွေးခဲခြင်း )
                      - မွေးဖွားပြီးနောက် ပြင်ပမှ ပိုးဝင်ခြင်း
                      - သွေးအုပ်စု မတည့်ခြင်း ( ဥပမာ ABO, R့h )
                      - G6PD ဓာတ် နည်းပါးခြင်း
                       - မွေးရာပါ ရောဂါ ပိုးတစ်ခုခု ပါလာခြင်း
-၇ ရက်ကျော်      - မွေးဖွားပြီးနောက် ပြင်ပမှ ပိုးဝင်ခြင်း
                       - မိခင်နို့ရည် ကြောင့် အသားဝါခြင်း
                       - ဆီးလမ်းကြောင်းပိုးဝင်ခြင်း
                       - သိုင်းရွိက်ဟော်မုန်း လျော့နည်းနေခြင်း အစရှိသည် တိြု့ဖစ်ပါတယ်
                       






နောက်ဆက်တွဲဆိုးကျိုးများ
-သွေးထဲက ဘင်လီရူဘင် အလွန်အမင်းများလာလျှင် ဦးနှောက်ထဲသို့ ရောက် သွားပြီး ဦးနှောက် အမြှေးပါး ထိခိုက်နိုင်သည့် အခြေအနေ ဖြစ်နိုင်သည်။ acute bilirubin encephalopathy  ဟုခေါ်သည်။
ရောဂါလက္ခဏာတွေကတော့
•    ဂနာမငြိမ်ဖြစ်ခြင်း
•    အသံစူးပြီးအော်ခြင်း
•    နို့မစိ့ုခြင်း
•    လည်ပင်း နောက်လန်ခြင်း
•    ဖျားခြင်း
•    အန်ခြင်း
-နောက်ထပ်ဖြစ်နိုင်တာက kernicterus လို့ ခေါ်တဲ့ရောဂါ ပါ။ အဲဒါက ဦးနှောက်ထဲကို ဘင်လီရူဘင် ဝင်သွားပြီး နောက်ဦးနှောက် ကို အမြဲ ( permenent )  ထိခိုက် စေတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။
အဲဒီရောဂါဖြစ်ပြီးဆိုရင်တော့ ကိုယ်လက်အဂါၤ မထိန်းချုပ်ပဲ အလိုလို လှုပ်ခြင်း ၊ ကောက်ကွေးခြင်း
( athetoid cerebral palsy )
နားမကြားခြင်း၊ ညဏ်ရည် နည်းပါးခြင်း၊ သွား ဖွံံ ဖြိုးမှု မမှန်ခြင်း
တို့ဖြစ်တတ်ပါတယ်။
Pen name: Dr Cathy



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18