Print

ဆယ်ကျော်သက်တို့ အလိုအပ်ဆုံးအရာ

  18-Aug-2020
Preview Image

ဘယ်အရာကို သင့်ရဲ့ဆယ်ကျော်သက်မြီးကောင်ပေါက်အရွယ်မှာ လိုအပ်သလဲဆိုတာ သတိထားမိပါသလား။

          သင့်ရဲ့ချစ်ခြင်းမေတ္တာ၊ သင့်ရဲ့ထောက်ခံမှု၊ သင့်ရဲ့ အားပေးမှုနဲ့ သင့်ရဲ့အာရုံစူးစိုက်မှု၊ သင့်ရဲ့ သူတို့အပေါ်ထားတဲ့ အလေးထားလက်ခံမှုလေးတွေပါပဲ။

          ဒါပေမယ့် ဆယ်ကျော်သက်တွေမှာ ခြားနားချက်လေးတွေတော့ ရှိပါတယ်။ အဲဒါကတော့ တချို့ဆယ်ကျော်သက်လေးတွေဟာ သူတို့ရဲ့ ဘဝအတွက်အရေးကြီးဆုံး ဆုံးဖြတ်ချက်တွေကို ချရဲတဲ့သတ္တိမရှိတာနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု လျော့နည်းတာပါပဲ။ ဘာကြောင့်လဲဆိုတော့ အဖြေက ရှင်းရှင်းလေးပါပဲ။ သူတို့ရဲ့ ဆယ်ကျော်သက်ဘဝရောက်တဲ့အချိန်အထိ ဆွဲခေါ်လာခဲ့တဲ့ မိဘတွေရဲ့ သွန်သင်ဆုံးမမှု၊ မိဘတွေရဲ့ အတ္တနဲ့ ရိုက်သွင်းခံရတဲ့ ဆုံးမသွန်သင်မှု၊ မိဘတွေရဲ့ အတ္တနဲ့ ရိုက်သွင်းခံရတဲ့ ဆုံးမသွန်သင်မှု အမှားတွေကြောင့်ပါပဲ။


          ဒါကြောင့် ဆယ်ကျော်သက်တို့ရဲ့ ကြီးပြင်းမှုမှာ မိဘတွေရဲ့ သွန်သင်ထိန်းကျောင်း၊ ပြုစုစောင့်ရှောက်၊ နားသွင်းမှုဟာ သိပ်ကိုအရေးကြီးပါတယ်။ မိဘတွေအနေနဲ့ သူတို့လေးတွေကို ပုံသွင်းလို့လွယ်ကူတဲ့ ကလေးဘဝအရွယ်ကတည်းက သေချာစီမံခန့်ခွဲတတ်ဖို့ လိုအပ်ပါတယ်။

          ဆယ်ကျော်သက်အရွယ်ဆိုတာ ငယ်ငယ်တုန်းကအရွယ်လိုမျိုး သွန်သင်ဆုံးမရလွယ်ကူတဲ့ အရွယ်တွေမဟုတ်တဲ့အတွက် သူတို့ကို ပြောဆိုဆုံးမတဲ့အရာမှာ ပိုပြီး သတိထားဖို့ လိုပါတယ်။


ဆယ်ကျော်သက်တို့ လိုအပ်တာ ဘာလဲ။

          ဒီအရွယ်မှာ ကျန်းမာရေးအတွက် အဓိကထားရမှာမို့ မေမေတို့ကလည်း ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ အစားအစာအာဟာရပြည့်ဝစေဖို့ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေပြည့်ဝအောင် အသီးအရွက်များများ၊ အသီးအနှံများများ ကျွေးရပါမယ်။ ဆယ်ကျော်သက်လေးတွေအတွက် ဒီအချိန်မှာ ကျန်းမာရေးကို ဂရုစိုက်ဖို့လိုအပ်သလို သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း အထူးစောင့်ရှောက်ဖို့ လိုအပ်ပါတယ်။

          မိဘအုပ်ထိန်းသူတွေနဲ့ ခဏခဏစကားများရန်ဖြစ်တာဟာ မိဘတို့ရဲ့ အုပ်ထိန်းမှုလိုအပ်ချက်တွေကြောင့်လည်း ပါပါတယ်။ သူလမ်းမှားတစ်ခုလိုက်မိလို့ ဥပမာ ဖုန်းပဲ အရမ်းကြည့်နေတာမျိုး၊ ကွန်ပျူတာအရမ်းသုံးတာ၊ တက်ဘလက်တွေ အရမ်းသုံးပြီး ဂိမ်းတွေချည်းပဲ ကစားနေတာမျိုးဆိုရင် သေချာနားဝင်အောင် ပြောဆိုဆုံးမရမှာဖြစ်သလို ဆူပူဆောင့်အောင့်ပြီး သားသမီးနဲ့အပြိုင် ရန်ဖြစ်အော်ဟစ်နေလို့တော့ အဆင်မပြေပါဘူး။ နေရာတကာ လိုက်ချုပ်ချယ်နေပြန်ရင်လည်း သူတို့က အရွယ်ရောက်လာပြီဆိုပြီး ဆန့်ကျင်တတ်ကြပြီး သိပ်ပြီး ဆင်ခြင်တုံတရား မထားတတ်ကြသေးပါဘူး။

          မမှားသင့်တာ မမှားရအောင် Sex Education လေးတွေကိုလည်း ဆယ်ကျော်သက် သားငယ်၊ သမီးငယ်တိုင်းကို သင်ကြားပေးထားသင့်ပါတယ်။


ဆယ်ကျော်သက်တို့ သတိထားသင့်တာ

          ဆယ်ကျော်သက်အရွယ်မှာ အင်တာနက်အသုံးပြုမှုနဲ့အတူ Facebook သုံးတာ၊ YouTube ကြည့်တာနဲ့ 18+ တွေ ဝင်ကြည့်တာဟာ အန္တရာယ်များလှပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီ Facebook တို့၊ Twitter တို့၊ Instragram တို့ကနေတစ်ဆင့် သင်တို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို မသမာသူတွေက အလွယ်တကူရသွားနိုင်တာကြောင့်ပါပဲ။

          မနူးမနပ်ကလေးတွေကို အင်တာနက်ကနေ ဖျားယောင်းသွေးဆောင်ပြီး ရောင်းစားဖို့ ကြံစည်နေကြတဲ့ လူမဆန်တဲ့လူတွေလည်း အများကြီးမို့ သတိထားတာ မမှားပါဘူး။ ဆယ်ကျော်သက်တို့ မိဘတွေအနေနဲ့လည်း ကိုယ့်သားသမီးရဲ့ ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာကို ဘာတွေသုံးနေတယ်ဆိုတာ ခြေရာခံဖို့ လိုကိုလိုအပ်ပါတယ်။

          အင်တာနက်တွေ၊ ဂိမ်းတွေလည်း ဘိန်းလိုပါပဲ။ စွဲတတ်ပါတယ်။ ဖုန်းဘေလည်း အလွန်ကုန်ပါတယ်။ ဝိုင်ဖိုင်ဖရီးရတဲ့နေရာတွေဆိုရင်တော့ တစ်မျိုးပေါ့။ ကိုယ့်ဘာသာကိုယ်ဖုန်းဘေထည့်ပြီး သုံးရမယ်ဆိုရင်တော့ တော်တော်ကို ဖုန်းဘေကုန်ပါတယ်။ အဲဒီလို ဖုန်းမှာဘေလ်မရှိလို့ မဆော့ရတဲ့အခါ ဘိန်းစားတွေလိုပဲ မဆော့ရမနေနိုင်ဖြစ်ပြီး ဖုန်းဘေလ်ဖိုးကို မိဘတွေမသိအောင် ခိုးယူတတ်လာပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်လေးတွေကို အဲဒီလိုမဖြစ်အောင် ဂိမ်းဆွဲနေပြီဆိုကတည်းက မိဘတွေအနေနဲ့ ကြပ်ကြပ်မတ်မတ်တားမြစ်ဖို့ ပြောပြချင်ပါတယ်။

         

Credit : ဘုန်းသော်ခ

 

 

          



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18