Print

မိဘတွေအတွက် ဆရာဝန်တွေမျှဝေပေးထားတဲ့ ကလေးပြုစုစောင့်ရှောက်နည်းများ

  28-Jul-2020
Preview Image

၁-ကလေးအသက်၃နှစ်ပြည့်တဲ့အချိန်အထိ ကလေးနဲ့အိပ်ရာတစ်ခုတည်းအတူအိပ်ပါကလေးငယ်အတွက် စိတ်အချရဆုံးအိပ်စက်တဲ့နည်းလမ်းကတော့ သူ့ရဲ့ မိခင်နဲ့အတူ အိပ်စက်ခြင်းပဲဖြစ်ပါတယ်။ ကလေးအထူးကုဆရာဝန်တွေကလည်း ကလေးငယ်တွေကို သီးခြားအခန်းခွဲသိပ်တာက စိတ်ချလို့မရနိုင်ဘူးလို့ သတိထားမိကြပါတယ်။ စောင့်ကြည့်လေ့လာချက်တွေအရ ကလေးငယ်တစ်ယောက်ဟာ သီးခြားအခန်းခွဲအိပ်တဲ့အခါ စိတ်ဖိစီးမှုက ၃ဆပိုများတယ်လို့ဆိုထားပါတယ်။ အကောင်းဆုံးကတော့ ကလေးအသက်၃နှစ်ပြည့်တဲ့အချိန်အထိမိခင်နဲ့အတူအိပ်ခြင်းပါပဲ။


၂-ကလေးကို အစာများများစားဖို့ ဖိအားမပေးပါနဲ ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေ စားပွဲပေါ်တင်ထားပါ။ ဒီအခြေအနေမှာဆိုရင် ကလေးက ကျန်းမာရေးနဲ့မညီညွတ်တာတွေစားမှာ ဒါမှမဟုတ် သူတို့စားတဲ့ပမာဏကို စိတ်မပူသင့်ပါဘူး။ တချို  ့မိဘတွေဟာ ကလေးကဗိုက်ဆာနေတယ်လို့ထင်ပြီး စားဖို့ဖိအားပေးတတ်ကြပါတယ်။ ကလေးကို အစာနဲ့ပတ်သက်လို့ဖိအားမပေးတာပိုကောင်းပါတယ်။ ကျန်းမာတဲ့အစားအစာတွေပဲ ထားပေးပြီး ကလေးကို ဘာစားမလဲဆိုတာ ဆုံးဖြတ်ခိုင်းပါ။


၃- သင့်ရဲ ့ပူတူတူးလေးက ဆီးအိုးကို မသုံးချင်ဘူးဆိုရင် အထိတ်တလန့်မဖြစ်ပါနဲ ့လတိုင်းသေးခံဝယ်ဖို့ပိုက်ဆံမဖြုန်းတီးတာကောင်းပါတယ်။ ဒါပေမယ့် ကလေးကို ဆီးအိုးတည်တာလေ့ကျင့်ပေးဖို့လိုပါတယ်။ ကလေးတစ်ယောက် ဆီးအိုးစသုံးသင့်တဲ့အရွယ် ဆိုပြီးသတ်မှတ်ထားတာတော့မရှိပါဘူး။ ဒါပေမယ့် အသင့်တော်ဆုံးအသက်အရွယ်ကတော့ အသက်၂နှစ်နဲ ့၄နှစ်ကြားဖြစ်ပါတယ်။


၄-သင့်ရဲ ့ပူတူတူးလေးကို ကိုယ်ပိုင်ဆုံးဖြတ်ချက်ချတာ သင်ကြားပေးနိုင်ဖို့ရွေးချယ်ခွင့်ပေးပါပူတူတူးအရွယ်မှာတောင် ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာကို သင်ကြားပေးဖို့လိုပါတယ်။ တင်းကြပ်တဲ့ စည်းကမ်းတွေချမှတ်တာက အကောင်းဆုံးနည်းလမ်းမဟုတ်ပါဘူး။ သူတို့မှာလည်းရွေးချယ်ခွင့် လိုအပ်ပါတယ်။ ဥပမာ-ညစာဘာစားချင်လဲ၊ အင်္ကျ ှီဘာအရောင်ဝတ်ချင်လဲဆိုတာတွေမေးကြည့်ပါ။


၅-ကလေးဆရာဝန်နဲ ့ချိန်းထားတဲ့အခါ သူတို့ကိုလည်းပါဝင်ဆွေးနွေးခိုင်းပါကျန်းမာရေးအသိပညာဟာ ကလေးကိုပြုစုပျိုးထောင်ရာမှာအရေးကြီးပါတယ်။ ကလေးတွေဟာ ဆရာဝန်တွေဆီ ဘယ်လိုသွားရမလဲ၊ သူတို့ရဲ့အချက်အလက်တွေကိုဆရာဝန်ကို ဘယ်လိုပေးရမလဲဆိုတာကိုသင်ယူသင့်ပါတယ်။  အသက်၆နှစ်အရွယ်ကလေးတွေဟာ ဆေးစစ်ချက်ယူတဲ့အခါ မေးခွန်းတချို့ကိုစတင်ဖြေနိုင်နေပါပြီ။ သူတို့ကို သီးသန့်ခွဲထားပြီး ဆရာဝန်ရဲ့မေးခွန်းတွေအကုန်လုံးကို ကိုယ်ကပဲဒိုင်ခံဖြေတာမျိုးမလုပ်ပါနဲ့။ သူတို့ကျန်းမာရေးအတွက် သူတို့ကိုယ်တိုင်မှာလည်းတာဝန်ရှိတယ်ဆိုတာကို နားလည်သင့်ပါတယ်။


၆-မွေးစကလေးတွေမှာ အစာစားတဲ့အလေ့အကျင့်အပြောင်းအလဲရှိမရှိကို သတိထားကြည့်ပါမိသားစုဆရာဝန်တွေက မွေးကာစကလေးတွေဟာ အစာကို ခဏခဏစားလေ့ရှိကြောင်း သတိပြုမိကြပါတယ်။ သင်ဟာ မွေးစကလေးကို အစာစားဖို့နှိုးရတယ် ဒါမှမဟုတ် သူတို့ပုံမှန်စားနေကျအစားအစာကို စားလို့မပြီးတာမျိုးဖြစ်တယ်ဆိုရင် သူတို ့နေမကောင်းတာဖြစ်နိုင်ပါတယ်။ ပြီးတော့ အစာစားတဲ့အခါချွေးတွေထွက်နေတာမျိုး၊ ငိုတဲ့ပုံစံပြောင်းတာမျိုး ဒါမှမဟုတ် ပုံမှန်ထက်ပိုပြီးအိပ်နေတာမျိုးတွေလည်း သတိထားကြည့်ပါ။


၇-တစ်နှစ်အောက်အရွယ်ကလေးက အငိုမရပ်ဘူးဆိုရင် ဒါတွေလုပ်ကြည့်ပါတခါတလေမှာ ကလေးက ဘယ်လိုပဲလုပ်လုပ် အငိုမရပ်ဘူးလို ့ခံစားမိပါလိမ့်မယ်။ ဒါဆိုရင် ဒီနည်းလမ်းတွေကို အသုံးပြုကြည့်ပါလို့ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။ ကလေးတွေကို လှုပ်ကုလားထိုင်ထဲထည့်သိပ်တာ သို့မဟုတ် လက်မောင်းထဲထည့်ပွေ ့ထားတာ၊ ညင်သာတဲ့ တေးဂီတသံဖွင့်ထားပေးတာ၊ သူတို့ကိုလက်မောင်းနဲ့ပွေ့ချီတာ ဒါမှမဟုတ် တွန်းလှည်းထဲထည့်ပြီး လမ်းလျှောက်တာ၊ ကားပတ်မောင်းတာ၊ ပန်ကာနဲ့ပန်းကန်ဆေးစက်တို့လို white noiseသံလေးတွေ ဖွင့်ထားပေးတာတို့ဖြစ်ပါတယ်။


၈-အသက်အရွယ်အစောပိုင်းကစပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့နဲ့ တန်ဖိုးထားတတ်မှုကို တည်ဆောက်ပေးပါကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ်တဲ့ကလေးတွေဟာ ပိုပျော်ရွှင်ကြတယ်လို့ ဆရာဝန်တချို ့ကမှတ်ချက်ပြုပါတယ်။ ဒီလိုကလေးတွေဟာ ရွယ်တူချင်းဖိအားပေးမှုကို ခံနိုင်ရည်ပိုများပါတယ်။ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ်ခြင်းဟာ ကလေးတွေကို ပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့အကူအညီပေးပါတယ်။ မိဘတွေဟာ ကလေးတွေရဲ ့အားထုတ်မှုနဲ့အောင်မြင်မှုတွေကို အသိအမှတ်ပြုချီးကျူးပေးသင့်ပါတယ်။ အသက်အရွယ်နဲ့လိုက်ဖက်တဲ့အလုပ်တွေတာဝန်ယူခိုင်းပြီး ကျေးဇူးတင်စကားပြောပေးတာတို့၊ သူတို့နဲ့အတူတူရှိပေးတာတို့ပေါ့။


၉-ကလေးက ဝုန်းဒိုင်းကြဲတဲ့အခါ  သတိမထားမိချင်ယောင်ဆောင်ပေးပါစတိုးဆိုင်မှာ ပူတူတူးလေးတွေစူးစူးဝါးဝါးအော်ဟစ်ငိုယိုတာမြင်နေကျထုံးစံလိုပါပဲ။ ဒါပေမယ့် ဒီလိုဆူပူသောင်းကျန်းတာကို ဘယ်လိုကိုင်တွယ်မလဲမေးစရာရှိပါတယ်။ ဆရာဝန်တစ်ယောက်ကတော့ ဒါကိုရပ်တန့်ဖို့အကောင်းဆုံးနည်းလမ်းက လစ်လျှူရှုထားခြင်းလို့ဆိုပါတယ်။ ကလေးက လုံခြုံစိတ်ချရတဲ့နေရာမှာရှိတယ်ဆိုရင် အဝေးတနေရာကိုကြည့်နေပါ။ ကလေးက သင့်အာရုံစိုက်မှုကို ရှာရင်း သူလိုချင်တာမရနိုင်တာကိုသိတဲ့အခါ အော်တာကိုရပ်လိုက်ပါလိမ့်မယ်။ ပထမဆုံးအကြိမ်တော့ ခက်ခဲကောင်းခက်ခဲပါလိမ့်မယ် ဒါပေမယ့် ကြိုးစားလို့ရနိုင်ပါတယ်။ စာအုပ်တွေ၊ ကလေးကြိုက်တဲ့ ကစားစရာတွေနဲ့လည်းအာရုံလွှဲလို ့ရနိုင်ပါတယ်။


Dr. Mon

Brightside



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18