Print

ကလေးငယ်များအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆာပြေစားစရာများ

  07-Jul-2020
Preview Image

          ကျန်းမာသွက်လက်တဲ့ ဘေဘီလေးတို့ရဲ့ နေ့စဉ်ဘဝကို အာဟာရပြည့်ဝခြင်းက ရရှိနိုင်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ကလေးတို့အတွက် အကောင်းဆုံးအဆာပြေစားစရာလေးတွေဖြစ်ပါတယ်။


၁။ ဒိန်ချဉ်

          ဒိန်ချဉ်ဟာ ကလေးတွေအတွက် အကောင်းဆုံးအဆာပြေစားစရာဖြစ်ပါတယ်။ ပရိုတင်းနဲ့ ကယ်လ်ဆီယမ်တွေ ကြွယ်ဝလို့ အရိုးတွေ သန်မာကြီးထွားဖို့အားပေးပါ။ အကျိုးပြုဗက်တီးရီးယားတွေ ပါဝင်လို့ အူလမ်းကြောင်းခုခံအားကို ကောင်းစေပါတယ်။ ဒိန်ချဉ်ကို သကြားအစား သစ်သီးတွေ၊ ပျားရည်နဲ့ ရောပြီးတိုက်တာ ပိုသင့်တော်ပါတယ်။

          အသက်တစ်နှစ်အထက် ကလေးတွေကိုပဲ တိုက်လို့ရပါတယ်။


၂။ ပြောင်းဖူးပေါက်ပေါက်

          ပြောင်းဖူးပေါက်ပေါက်က Junk food ကြီးကို ကျန်းမာရေးနဲ့ အာဟာရဓာတ်တွေ အများကြီးပါပါတယ်။ ပြောင်းဖူးပေါက်ပေါက်ကို အချိုတွေနဲ့ မရောဘဲ ထောပတ်နည်းနည်း၊ ချိစ်နည်းနည်းနဲ့ စားလို့ရပါတယ်။ ကလေးအငယ်လေးတွေအတွက်တော့ စားလို့သိပ်မသင့်တော်ပါဘူး။


၃။ မြေပဲထောပတ်ယို၊ စပျစ်သီးခြောက်၊ တရုတ်နံနံပါဝင်သော အဆာပြေစားစရာ

          တရုတ်နံနံကို သေးသေးနုတ်နုတ်လေးတွေ လှီးပြီး မြေပဲထောပတ်ယိုနဲ့ နယ်၊ စပျစ်သီးခြောက်လေးဖြူးပြီး စားမယ်ဆိုရင် ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနဲ့ အဆီဓာတ် သုံးမျိုးလုံး အစုံအလင် ရရှိမှာ ဖြစ်ပါတယ်။ မြေပဲထောပတ်ယို ဝယ်တဲ့အခါ သကြားနဲ့ ဟင်းရွက်ဆီမပါတာ ဝယ်ဖို့တော့ လိုပါမယ်။


၄။ အစေ့အဆန်များ

          ဗာဒံစေ့၊ သစ်ကြားစေ့၊ ဖရုံစေ့စတဲ့ အစေ့အဆန် စတာတွေကနေ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ၊ အမျှင်ဓာတ်နဲ့ အင်န်တီအောက်ဆီဒန့်အာနိသင်ကို ရရှိစေပါတယ်။

          အစေ့အဆန်အမျိုးမျိုး၊ သစ်သီးခြောက်၊ ကွေကာတွေနဲ့ အကုန်ရောပြီး ပြုလုပ်ထားတဲ့ မုန့်အနေနဲ့လည်း စားသုံးနိုင်ပါတယ်။


၅။ သစ်တော်သီးစိပ်များနှင့် Ricotta ချိစ်

          ပရိုတင်းနဲ့ ကယ်လ်ဆီယမ်ဓာတ်တွေပါတဲ့ အဆာပြေစားစရာ အတွဲအစပ်ဖြစ်ပါတယ်။ သစ်တော်သီးစိပ်တွေကို ရီကိုတာချိစ်သုတ်ပြီး စားသုံးနိုင်ပါတယ်။


၆။ Cottage ချိစ်

          ဒီချိစ်အမျိုးအစားကတော့ ခရင်မ်ချိစ်အမျိုးအစားဖြစ်ပြီး ၆ လကျော် ကလေးတွေကစပြီး စားလို့ရပါတယ်။ ပရိုတင်း၊ ဆယ်လီနီယမ်၊ ဗီတာမင် ဘီ ၁၂၊ ကယ်လ်ဆီယမ်တွေ ပါဝင်လို့ ကြီးထွားဖွံ့ဖြိုးမှု၊ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အကျိုးရှိစေပါတယ်။


၇။ ကွေကာအုတ်

          ကွေကာအုတ်မှာ ရေမှာ ပျော်ဝင်တဲ့ အမျှင်ဓာတ်တွေကြွယ်ဝပြီး အစာအိမ်၊ အူလမ်းကြောင်းမှာ အကျိုးပြုဗက်တီးရီးယားတွေ ပွားများစေလို့ အူကျန်းမာရေးကို အကျိုးပြုပါတယ်။ အသင့်စားကွေကာအုတ်၊ ဖျော်ရည်ထုပ်တွေမှာ သကြားတွေများလို့ မိမိဘာသာ ကွေကာသပ်သပ်ဝယ်ပြီး ကျိုးစားတာက ပိုကောင်းပါတယ်။


၈။ ဟင်းသီးဟင်းရွက်နဲ့ Pita ပေါင်မုန့်ပြား

          ဟင်းသီးဟင်းရွက်တွေကို သေးသေးလှီးပြီး အရသာနယ်ကာ Pita ပေါင်မုန့်အပြားထဲကို ထည့်စားခြင်းဖြင့် အရေးပါတဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ ရရှိမှာဖြစ်ပါတယ်။


၉။ သစ်သီးဒိန်ချဉ်

          အသီးအနှံမျိုးစုံမှ မိမိနှစ်သက်ရာ အသီးအနှံကို ဒိန်ချဉ်၊ နွားနို့ (သို့) Almond Milk၊ ပျားရည်တို့နဲ့ ရောစပ်ဖျော်ကာ သောက်သုံးနိုင်ပါတယ်။


၁၀။ ကြက်ဥအကျက်ပြုတ်

          ကြက်ဥကို အကျက်ပြုတ်ပြီး စားပေးခြင်းဟာ ပရိုတင်းဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်အမြောက်အမြား (ဗီတာမင် ဘီ ၁၂၊ ရိုင်ဗိုဖလေဗင်၊ ဆယ်လီနီယမ်) တွေကို ရရှိမှာ ဖြစ်ပါတယ်။ Lutein နဲ့ Zeaxanthin တွေပါဝင်လို့ မျက်စိကျန်းမာရေးအတွက်လည်း အကျိုးများပါတယ်။ Choline ပါဝင်လို့ ဦးနှောက်ဖွံ့ဖြိုးမှုကို ကောင်းစေပါတယ်။


၁၁။ ကန်စွန်းဥပြုတ်

          ကန်စွန်းဥမှာ ဗီတာမင်အေပါဝင်လို့ အရေပြားနဲ့ မျက်စိကျန်းမာရေးအတွက် အကျိုးများပါတယ်။


၁၂။ ဂျုံခရက်ကာမုန့်နဲ့ အစေ့အဆန်မှရသော ထောပတ်

          အစေ့အဆန်မှရသော ထောပတ်ညှပ်ခရက်ကာများ စားပေးခြင်းဖြင့် ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီဓာတ်ညီမျှစွာ ရရှိနိုင်ပါတယ်။

Credit : Dr. Marvel 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18