Print

ကလေးပျိုးထောင်ခြင်း နှင့် အိမ်မှုကိစ္စ

  20-May-2020
Preview Image

အရှေ့တိုင်းမိဘများ တော်တော်များများဟာ သားသမီးများ ပညာကောင်းကောင်းဆည်းပူးနိုင်ဖို့အတွက် ကျောင်းစာအပေါ်မှာသာ အချိန်ပြည့်အာရုံစူးစိုက်ထားစေချင်တာပါ။ အိမ်မှုကိစ္စတွေဘာတွေ လုပ်ခိုင်းလိုက်ရင် ကျောင်းစာထိခိုက်သွားမှာကို မမြင်လိုကြပါ။ ကလေးများပင်ပန်းတာကိုလည်း မကြည့်ရက်ကြပါ။


သုသေတနရဲ့တွေ့ရှိချက်အရ အိမ်မှုကိစ္စလုပ်တဲ့ကလေးများကို နှိုင်းယှဉ်ထားပါတယ်။ အဆိုပါကလေးနှစ်စု အရွယ်ရောက်လာတဲ့နောက်ပိုင်းမှာ၊ လုပ်တဲ့အုပ်စုနဲ့ မလုပ်တဲ့အုပ်စုရဲ့ လက်ဝယ်အလုပ်လုပ်နေတဲ့အချိုးဟာ ၁၅း၁ ဖြစ်တယ်။ အလုပ်ရှိတာအတူတူတောင်မှ ငယ်စဉ်ကအိမ်မှုလုပ်တဲ့အုပ်စုက ဝင်ငွေ၂၀% ပိုရတယ်။ အိမ်ထောင်ရေးလည်းပိုပြီး သာယာကြတယ်လို့ ဆိုပါတယ်။


တရုတ်နိုင်ငံမှာလည်း ကလေးပေါင်း ၂၀၀၀၀ကို သုတေသနလုပ်ပါတယ်။ အိမ်မှုကိစ္စလုပ်တဲ့ကလေးဟာ အိမ်မှုကိစ္စ မလုပ်တဲ့ကလေးထက်အထွေထွေထူးချွန်မှုမှာ ၂၇ဆ ကွာခြားတယ်လို့ ဖော်ပြထားပါတယ်။ ဆိုလိုတာက အိမ်မှုကိစ္စလုပ် မလုပ်ဟာ ကျွန်တော်တို့ လယူဆခဲ့သလို မဟုတ်ဘဲ ကလေးများပုံမှန်ကြီးပြင်းဖွံ့ဖြိုးဖို့အတွက် များစွာပတ်သက်ဆက်နွယ်နေတဲ့အချက်ပါ။ အဲဒီတော့ ကလေးများကို အိမ်မှုကိစ္စ လုပ်တတ်လာအောင်၊ လုပ်ချင်လာအောင် ဘယ်လိုလုပ်ခိုင်းရမှာလဲ၊ လေ့လာကြည့်ရအောင်


. မိသားစုဝင်တာဝန်ဆိုတဲ့ အသိရှိပါစေ

ကလေးများကို အိမ်မှုကိစ္စအသိများဝင်အောင် အရင်ပြောပြပေးထားပါမယ်။ အိမ်မှုကိစ္စဆိုတာ လူတစ်ဦးတစ်ယောက်ရဲ့ တာဝန်မဟုတ်ပါ။ မိသားစုဝင်များ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ မိသားစုဝင်တိုင်းဟာအိမ်မှုကိစ္စကို ပါဝင်လုပ်ဆောင်ရပါမယ်။ လုပ်ဖို့လည်းတာဝန်ရှိကြပါတယ်။ အိမ်မှုကိစ္စဟာ မိသားစုဝင် အချင်းချင်း ချစ်ခင်လေးစားကြဖို့ တွန်းအားပေးတတ်ပါတယ်။


၂။ကလေးများကို လေးစားပါ။ ရွေးချယ်ခွင့်ပေးပါ။

တကယ်လို့ ကလေးများက လုပ်ဆောင်ဖို့ငြင်းဆန်နေရင်၊ အတင်းမလုပ်ခိုင်းပါနဲ့၊ မိသားစု အစည်းအဝေးတစ်ခုပြုလုပ်ပါ။ ကလေးများပါဝင်ပါစေ၊ လုပ်ရမယ့်အလုပ်များကို စာရင်းပြုစုပါ။ ကလေးများကိုလုပ်ဖို့ တစ်ခု၊ နှစ်ခုရွေးချယ်ခိုင်းပါ။ သူတို့ ကိုယ်တိုင် ရွေးချယ်တဲ့အလုပ်မျိုးဆိုရင် သူတို့ကောင်းအောင် လုပ်တတ်တဲ့သဘာဝ ရှိပါတယ်။


၃။ရှင်းရှင်းလင်းလင်းဖြစ်ပါစေ

ဟိုလိုလို၊ ဒီလိုလို ဝိုးတဝါးဆန်တဲ့ လမ်းညွှန်မှုများဟာ အကျိုးထိရောက်မှု မရှိတတ်ပါ။ ဥပမာ ဒီမှာ သန့်ရှင်းရေးလုပ်လိုက် လို့ပြောရင် ကလေးများလုပ်ဖို့ ငြင်းဆန်တတ်ပါတယ်။ တာဝန်ကို အတိအကျရေးချပါ။ ဘယ်ဟာလုပ်ပြီးရင် ဘာကိုဆက်လုပ်ရမယ်ဆိုတာကို ကလေးများရှင်းရှင်းလင်းလင်း သိထားပါစေ၊ ဥပမာ အဝတ်လျှော်ပြီးရင် အခြောက်လှန်းပြီး သိမ်းဆည်းထာမျိုး၊ ထမင်းစား စားပွဲသိမ်းရင်စားပြီး ပန်းကန်များကို ဆေးကြောကန်ထဲကို တစ်ခါတည်းစီထည့်တာမျိုးကို ဆိုလိုတာပါ။


၄။မိဘများ စိတ်ရှည်ပါ။ အသိအမှတ်ပြုပေးပါ။ ချီးမွမ်းပေးပါ။

အိမ်မှုကိစ္စလုပ်တဲ့နေရာမှာ ကလေးများလုပ်တာကောင်းမွန်ပြည့်စုံချင်မှ ပြည့်စုံမှာပါ။ ဥပမာ တံမြက်စည်းလှည်းထားပေမဲ့ သန့်ရှင်းမှု မလုံလောက်တာမျိုး ဖြစ်နိုင်ပါတယ်။ ကလေးများကို မိဘများ ကိုယ်တိုင် လှည်းပြပါ။ ဘယ်ထာင့်ကို ဘယ်လိုလှည်းသင့်တယ်ဆိုတာသေသေချာချာရှင်းပြပေးပါ။ သူတို့စီးထားတဲ့အပိုင်းတွေကို အသိအမှတ်ပြုပေးပါ။ ချီးမွမ်းပေးပါ။


၅။အပြုစိတ်ဓာတ်ဖြင့် အိမ်မှုကိစ္စလုပ်ကိုင်စဉ်မှာ ပျော်ရွှင်မှုကို ခံစားနိုင်ပါစေ၊ မောလိုက်တာ၊ ပင်ပန်းလိုက်တာ၊ ပျင်းလိုက်တာ စတဲ့ စကားလုံးများ လုံးဝမညည်းညူမိပါစေနဲ့၊ အိမ်မှုကိစ္စလုပ်ပြီးတိုင်း ပြီးဆုံးခြင်းရဲ့ ကျေနပ်မှုကို ခံစားမိတဲ့ မိသားစုပတ်ဝန်ကျင်မျိုးဖြစ်အောင် ဖန်တီးပေးပါ။ ဂုဏ်တကာ့ ဂုဏ်ထဲမှာ အလုပ်ဂုဏ်ကို တန်ဖိုးထားတက်ဖို့ ငယ်စဉ်ကတည်းကစပြီး ပျိုးထောင်ပေးထားပါ။


၆။ ကလေးများကို စိန်ခေါ်မှုအသစ်များပေးပါ။

 အိမ်မှုကိစ္စတစ်ခုကို အကြိမ်ကြိမ်လုပ်နေရရင်ကလေးများ ငြီးငွေ့သွားနိုင်ပါတယ်။ တစ်ခါတလေအိမ်မှုကိစ္စအသစ်တစ်ခုခုကို စီစဉ်ကြည့်ပါ။ မစီစဉ်ခင်မှာ သူတို့အကြံဉာဏ်ကို တောင်းဆိုကြည့်ပါ။ ကလေးများဟာ အသစ်တစ်ခုခုကို လုပ်ခွင့်ကြုံတဲ့အခါတိုင်းမှာ စိတ်လှုပ်ရှားတတ်ပါတယ်။ မိမိလုပ်နိုင်တယ်ဆိုတာကို ပြသလိုကြပါတယ်။ အဲဒီအခွင့်အရေးကို အသုံးချပြီး ကလေးများရဲ့ယုံကြည်စိတ်ကို မွေးထုတ်ပေးပါ။

 

Credit : အောင်ကိုလတ်

 

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18