Print

ကလေးတွေကိုထိခိုက်စေနိုင်တဲ့ ကလေးချီနည်း ၇ မျိုး

  29-Apr-2020
Preview Image

၁။ ကလေးကို ချိုင်းကြားကနေ မြှောက်ချီခြင်း

          အသက် လကနေ လအထိကလေးတွေ၊ အထူးသဖြင့် မွေးကင်းစလေးတွေဟာ လည်ပင်းကြွက်သားတွေ အပြည့်အဝ မဖွင့်ဖြိုးသေးတဲ့အတွက် ခေါင်းကိုကောင်းကောင်းမထိန်းနိုင်ကြပါဘူး။ ဒါကြောင့် ကလေးချီတဲ့အခါ ခေါင်းကိုနောက်ကပင့်ချီပေးဖို့ အရေးကြီးပါတယ်။ အဲ့လို ခေါင်းနောက်ကမပင့်ထားဘဲ ချိုင်းကနေပဲ မချီလိုက်မယ်ဆိုရင် ကလေးက ရုတ်တရက်ခေါင်းကို လှုပ်လိုက်တဲ့အခါ လည်ပင်းရိုးဆစ်လေးတွေထိခိုက်ဒဏ်ရာဖြစ်ရာကနေ အသက်ရှူလမ်းကြောင်းပိတ်ဆို့တဲ့အထိ ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။


၂။ ကလေးကို သိုင်းကြိုးနဲ့ ပိုက်ချီခြင်း

          အလုပ်တစ်ဖက်နဲ့မေမေတွေ၊ အပြင်သွားစရာရှိတဲ့မေမေတွေ ကလေးကိုမချီဖို့မအားလို့ သိုင်းကြိုးနဲ့ ပိုက်ချီကြရတဲ့အခါ ကလေးရဲ့ပေါင်ရင်းနဲ့ တင်ပါးကို သေချာအံဝင်ခွင်ကျဖြစ်တဲ့ ကလေးချီသိုင်းကြိုးကို အသုံးပြုပေးဖို့လိုသလို ကလေးကို မေမေကိုယ်တိုင်ကချီထားသလို သက်တောင့်သက်သာဖြစ်နေစေဖို့လည်း လိုပါတယ်။ ဒီလိုမှမဟုတ်ဘဲ ကလေးရဲ့ခြေထောက်တွေ အရင်းကနေတွဲလောင်းကျနေရင် တင်ပါးကြွက်သားတွေ အကြောသေတာတို့၊ ပေါင်ဆစ်လွဲတာတို့လို ထိခိုက်မှှုတွေဖြစ်လာနိုင်ပါတယ်။


၃။ ကလေးကို ထိုင်လျက်အနေအထားနဲ့ မချီပြီး ကလေးခေါင်းကို ပုခုံးပေါ်မှီထားစေခြင်း။

ကလေးနဲ့ မေမေနဲ့ ရင်ဘတ်ချင်းဆိုင်အနေအထားအတိုင်းချီထားတဲ့အခါ ကလေးမျက်နှာက မေမေ့ပုခုံးအထက်ကိုရောက်နေပြီး မျက်နှာတစ်ဖက်ကို လွှဲထားစေမှသာ ကလေးအသက်ရှူမကြပ်မှာ ဖြစ်ပါတယ်။


၄။ တစ်ဖက်ထဲကပဲချီခြင်း

လည်ပင်းကြွက်သားတွေနုစဉ်အချိန်ကနေ တဖြည်းဖြည်းသန်မာလာတဲ့အချိန်အထိ ကလေးကို တစ်ဖက်ထဲကပဲ မချီဘဲ ဘက်ပြောင်းချီပေးမှသာ လည်ပင်းကြွက်သားနှစ်ဖက်လုံး ညီတူညီမျှဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။


၅။ ကလေးကို ကျောအောက်ကမပင့်ပေးပဲချီခြင်း။

          ကလေးကို မချီတဲ့အခါ ခါးအောက်ကမပင့်မိဘဲ ခေါင်းနဲ့တင်ပါးအောက်ကပဲ မချီတဲ့အခါ ကလေးကို လွတ်ကျနိုင်ပြီး ကလေးရဲ့ခါးနေရာကိုလည်း သက်ရောက်မှုအားများစေတဲ့အတွက် ခါးရိုးဆစ်တွေကို ထိခိုက်မှုရှိလာနိုင်ပါတယ်။


၆။ ကလေးမျက်နှာကို အရှေ့ဘက်ကိုထားပြီးချီခြင်း။

          ကလေးမျက်နှာကို အရှေ့ကိုထားပြီး မေမေ့ကိုကျောပေးစေပြီး ချီထားတဲ့အခါ ကလေးကိုချီရပိုခက်စေပြီး ကလေးရဲ့ကျောရိုး၊ တင်ပဆုံရိုးနဲ့ ပေါင်ရိုးတွေကို ထိခိုက်စေနိုင်ပါတယ်။


၇။ ကလေးကို လက်ကနေ ဆွဲပြီး မချီခြင်း။

          ကလေးတွေကို လက်ကနေ ဆွဲပြီးမချီကြတဲ့အခါ တံတောင်ဆစ်ရိုး အဆစ်လွဲနိုင်ပြီး အသက် နှစ်နဲ့ နှစ်အောက် ကလေးတွေကို အဖြစ်များတတ်ကြပါတယ်။

 

Dr. KZT



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18