Print

ကလေးတို့အတွက် OLIVE (သံလွင်သီး)

  22-Apr-2020
Preview Image

Olive (သံလွင်သီး)သည် ကလေးတွေအတွက် အများကြီး အကျိုးကျေးဇူးပေးတဲ့ အသီးလေးတွေဖြစ်ပါတယ်။ သူတို့ဟာ ဆဲလ်များကို သန်မာအောင် တည်ဆောက်ပေးတယ်။ တစ်သျှူးများ၊ အရိုးများ သန်မာဖွံ့ဖြိုးအောင် ကူညီထောက်ပံ့ပေးသော စူပါအသီးလေးတွေပေါ့။ ဒါ့အပြင် ကလေးများ၏ မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်စေမယ့်အပြင် သဘာဝကြီးထွားဖွံ့ဖြိုးမှု နှေးကွေးခြင်းကိုလည်း လျော့ပါးစေပါတယ်။ နောက်ပြီး ADHA ရောဂါ လက္ခဏာ တွေကိုလည်း လျှော့ချဖို့ ကူညီပေးနိုင်ပါသတဲ့။ ကလေးငယ်တွေအတွက် အကောင်းဆုံးဖြစ်တဲ့ ဒီသံလွင်သီး လေးတွေဟာ တခြားအကျိုးကျေးဇူးလေးတွေလည်း ပေးနိုင်တယ်ဆိုတာ ဖော်ပြပေးပါရစေ။

ဒီရာသီမှာ အလိုအပ်ဆုံးမို့ ဒါလေးကို ထည်ပြောရတာပါ။

H1N1 လို ရာသီတုပ်ကွေးကို ကာကွယ်ဖို့ Antioxidant ဓာတ်ပြည့်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် ဒီလိုဖြည့်စွက်အာဟာရလေးတွေကို ကလေးငယ်တွေကို နေ့စဉ်ပုံမုှန် တိုက်ကျွေးထားသင့်ပါတယ်။ ကလေးတို့ရဲ အာရုံစူးစိုက်နိုင်စွမ်းခက်ခဲတာ၊ အာရုံထွေပြားတာ စတဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်၏ အရေးကြီးဆုံး ကိုယ်ခံအားစနစ်ကိုလှုံ့ဆော်ပေးတာကြောင့် လေကတစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါတွေ အန္တရာယ်က ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီလိုသံလွင်ဆီ အဆီအနှစ်နဲ့ ထုတ်လုပ်ထားတာအပြင် ကလေးတို့ တစ်နေ့တာ လိုအပ်တဲ့ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်တာမျိုးဆို ပိုကောင်းပါတယ်။

  တစ်လက်စတည်း ကလေးတို့ကို ရာသီတုပ်ကွေးမကူးစက်နိုင်အောင် တတ်နိုင်သလောက် လူများများ ရှိတဲ့နေရာတွေကို မသွားပါစေနဲ့။ ကျောင်းမှာ၊ လူများကြားတွေမှာ ချောင်းဆိုးသူရှိရင် နှာခေါင်းကို လက်ကိုင်ပုဝါ ဖြစ်ဖြစ်၊ Mask ဖြစ်ဖြစ် တပ်ခိုင်းထားပါ။ အပြင်က ပြန်လာတာနဲ့ လက်ဆေးခိုင်းပါ။ သေချာဆေးကြောဖို့လည်း ကရုစိုက်ပါလို့ ပြောပါရစေခင်ဗျာ။

Crd. ဘုန်းသော်ခ

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18