Print

ဗီတာမင် B1 ချို့တဲ့မှုကြောင့်ဖြစ်သော သူငယ်နာရောဂါ Beri Beri

  07-May-2018
Preview Image

ဗီတာမင် B1 ဆိုတာဘာလဲ။

ဗီတာမင် ဘီဝမ်းကို သိုင်ယာမင်း Thiamine လို့ခေါ်ပါတယ်။ သူက ကစီဓာတ်တွေကို ဖြိုခွဲပျက်စီးတဲ့ ဖြစ်စဉ်မှာ အကူပစ္စည်း Co-Enzyme အဖြစ် ဆောင်ရွက်ပေးပါတယ်။ Acetycholine တွေ ဖြစ်ပေါ်လာဖို့အတွက်လည်း ဘီဝမ်းဟာ မရှိမဖြစ် လိုအပ်ပါတယ်။ Acetylcholine ဆိုတာကတော့ Peripheral nervous system နဲ့ Central nevous system မှာ Neurone တစ်ခုနဲ့ တစ်ခုကြားမှာ သတင်းအချက်အလက်တွေ သယ်ယူပို့ဆောင်ပေးတဲ့ Neurotransmitter အဖြစ် ဆောင်ရွက်ပေးတဲ့အရာဖြစ်ပါတယ်။ 


Beri Beri သူငယ်နာရောဂါဆိုတာ ဘာလဲ။


 ဘယ်ရီဘယ်ရီဟာ ကလေးငယ်အသက် နှစ်လမှ သုံးလအတွင်း တွေ့ရလေ့ရှိပါတယ်။ အထူးသဖြင့် နို့တိုက်မိခင်တွေမှာ သူငယ်နာရောဂါ Beri Beri ဖြစ်ပွားနိုင်ပါတယ်။


Beri Beri ဘယ်နှစ်မျိုးရှိသလဲ။


၁။ နှလုံးနှင့် ဆက်နွယ်သော Cardiacform 


 ကလေးငယ်ဟာ အကောင်းကြီးကနေ ရုတ်တရက် ပြာနှမ်းလာတတ်ပါတယ်။ ကလေးဟာ မောပန်းနေပြီး နှလုံးခုန်နှုန်းတွေဟာလည်း မြန်နေပါမယ်။ အနည်းဆုံး တစ်မိနစ်မှာ နှလုံးခုန်နှုန်း ၁၀၀ အထက်မှာ ရှိနေပါမယ်။ ကလေးဟာ အသက်ရှူနေတဲ့နေရာမှာ ရှိုက်ရှိုက်ပြီး ရှူနေရခြင်း၊ မျက်နှာဖောင်းလာခြင်း၊ ဆီးသွားနည်းလာခြင်းတို့နှင့် တွဲတွေ့ရပါတယ်။ 


၂။ အသံနှင့်ဆက်နွယ်သော


 ၂၄ နာရီကနေ ၄၈ နာရီအတွင်းမှာ ကလေးဟာ ဆက်တိုက်ငိုလာနေရင်းကနေ တဖြည်းဖြည်း အသံတိမ်ဝင်လာပြီး နောက်ဆုံးအသံလုံးဝပျောက်သွားပါမယ်။


၃။ ဦးနှောက်နှင့် ဆက်နွှယ်နေသော


 ဂနာမငြိမ်ဖြစ်ခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း၊ မေ့မျောနေခြင်းတို့နဲ့ တွဲတွေ့ရပါတယ်။ 


Beri Beri မှန်း ဘယ်လိုသိနိုင်မလဲ။


၁။ B1 တိုက်ကျွေးကြည့်ခြင်း (ယေဘုယအခြေအနေ ပြန်ကောင်းလာမယ်။ နှလုံးခုန်နှုန်း ပုံမှန်ပြန်ဖြစ်သွားမယ်။ အသည်းအရွယ်အစား ပြန်သေးသွားမယ်။ နှစ်နာရီအတွင်း ဆီးပြန်သွားမယ်) ဒါဆိုရင်တော့ ကလေးဟာ B1 ချိုတဲ့လို့ Beri Beri ဖြစ်နေတယ်ပေါ့။


၂။ သွေးစစ်ကြည့်တဲ့အခါမှာ lactic acid နဲ့ Pyruvic acid level တွေ မြင့်တက်နေခြင်း။


၃။ သွေးနီဥဆဲလ် Transketolase လျော့နည်းနေခြင်း


Beri Beri ကို ဘယ်လိုကုသမလဲ။

 အမေရော ကလေးပါ တစ်ပြိုင်တည်း ကုသရပါမယ်။ ကလေးကို Vitamin B1 ပါဝင်တဲ့ အစားအစာတွေကို လုံလောက်မျှတစွာ စားသုံးပေးရပါမယ်။ (ဥပမာ - ဝက်သား၊ မြေပဲ၊ ပဲအမျိုးမျိုး။) B1 ဓာတ်ကို ဆုတ်ယုတ်စေတဲ့ ချေဖျက်ပေးတဲ့ Thiaminase ပါရှိတဲ့ ငါးတွေကိုတော့ ရှောင်ရှားရပါမယ်။ 


Credit: သက်တန့်ချို



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18