Print

ကလေးငယ်များတွင် ကားမူးခြင်းကို ကာကွယ်ရန်

  24-Feb-2017
Preview Image

ကလေးငယ်များကို ကားနောက်ခန်းတွင် လှဲအိပ်စေခြင်း၊ အပြင်ကို မကြည့်စေခြင်း၊ စာအုပ်ဖတ်ခြင်း၊ မိုဘိုင်းဖုန်း အသုံးပြုခြင်းတို့ကြောင့် ကားမူးခြင်းကို ပိုမိုဖြစ်ပေါ်စေပါတယ်။ အရှိန်နဲ့ ရွေ့လျားနေတာကို နားကသတိထားမိပေမယ့် မျက်စိက တစ်ခုခုကိုကြည့်နေ အာရုံစိုက်နေတာကြောင့် ရွေ့လျားနေတာကို မသိဖြစ်တတ်ပါတယ်။ ဒီလို မညီမျှမှုကြောင့် ကားမူးခြင်းရဲ့ လက္ခဏာတွေဖြစ်တဲ့ ဝမ်းဗိုက်အတွင်း မအီမသာဖြစ်ခြင်း၊ ချွေးစေးများပျံခြင်း ၊ မောပန်းခြင်း၊ အစားအသောက်ပျက်ခြင်း၊ အန်ခြင်းတို့ကို ဖြစ်ပွားစေပါတယ်။

 

ကလေးငယ်များ ကားမူးခြင်းကို ကာကွယ်နိုင်ရန်
• ခရီးသွားရင် ပြင်ပ ပတ်ဝန်းကျင်ကို ကြည့်ပါစေ၊ စာအုပ်ဖတ်ခြင်း၊ ဂိမ်းဆော့ခြင်း တို့ကို ရှောင်ခိုင်းပါ
• တရေးအိပ်တတ်သူဖြစ်ပါက ကားပေါ်မှာ အိပ်စေနိုင်ပါတယ်
• ခရီးသွားခါနီးမှာ အစပ်နဲ့ အဆီများတဲ့ အစာတွေကို မကျွေးမိပါစေနဲ့၊ ခရီးတိုလေးသွား မယ်ဆိုရင် အစာမကျွေးထားတာ အကောင်းဆုံးပါ၊ ခရီးရှည်မယ်ဆိုရင်တော့ မုန့်ခြောက် နဲ့ ဖျော်ရည်ကို နည်းနည်းစီကျွေးပါ
• လေဝင်လေထွက်ကောင်းတဲ့ နေရာမှာထားပါ၊ ကားအတွင်း အနံ့ဆိုးတွေ မရှိပါစေနဲ့
• ကားမူးတာကို အာရုံလွှဲထားနိုင်အောင် စကားပြောပေးတာ၊ သီချင်းနားထောင်စေတာ၊ သီချင်းဆိုခိုင်းတာတွေ ပြုလုပ်နိုင်ပါတယ်
• ကလေးအသက် ၂နှစ်ကျော်ပြီဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး အမူးကာကွယ်စေတဲ့ဆေးတွေ တိုက်နိုင်ပါတယ်
• ကလေးကားမူးလာပြီဆိုတာနဲ့ ကားကို ချက်ချင်းရပ်ပါ၊ ခဏအပြင်ထွက်ပြီး၊ လမ်းလျှောက်စေပါ။ ဒါမှမဟုတ်ရင် မျက်လုံးမှိတ်ပြီး ခဏလောက်လှဲနေပါစေ၊ နဖူးပေါ်ရေခဲကပ်ပေးတာကလဲ ကားမူးတာကို သက်သာစေနိုင်ပါတယ်

 

Lei
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref; Mayo Clinic

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18