Print

ကလေးငယ်များအား ကာကွယ်ဆေးထိုးတိုက်ခြင်းဖြင့်ကာကွယ်နိုင်သော ရောဂါများ အက...

  30-Oct-2016
Preview Image

 

ဆေးရုံဆေးခန်းတွေ မွေးဖွားသော ကလေးများကို မွေးဖွားလျှင် မွေးဖွားပြီးခြင်း

 

• တီဘီရောဂါကာကွယ်နိုင်ရန်အတွက် ဘီစီဂျီ ကာကွယ်ဆေးနှင့်

• အသည်းရောင် အသားဝါ (ဘီ) ရောဂါကိ်ု ကာကွယ်ရန်အတွက် အသည်းရောင် အသားဝါ(ဘီ) ကာကွယ်ဆေး တို့ကို ထိုးပေးရပါမည်။ ကလေးငယ်အသက် (၂)လ၊ (၄)လ အရွယ်တို့တွင်

• ပိုလီယိုအကြောသေရောဂါ ကာကွယ်နိုင်ရန်အတွက် ပိုလီယိုအစက်ချ ကာကွယ်ဆေး ကို တိုက်ရပါမည်။

• ၂၀၁၂ နိုဝင်ဘာလမှစ၍ ၅ နှစ်အောက်ကလေးများတွင် အဖြစ်များပြီး သေဆုံးမှုနှုန်း များသော ဦးနှောက်အမြှေးရောင် အဆုပ်ရောင်တို့ကို ဖြစ်ပွားစေသည့် ဟေမိုဖီလပ် အင်ဖလူရင်ဆာ ဘီ (Haemophilus Influenza type B) ကို ကာကွယ်နိုင်သည့် ကာကွယ်ဆေးအသစ်တစ်မျိုးကို အသက် ၁ နှစ်အောက် ကလေးများကို ထိုးနှံပေးနေ ပြီးဖြစ်ပါသည်။ ဤကာကွယ်ဆေးကို ယခင်ကထိုးခဲ့သော ဆကမ (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်)၊ အသည်းရောင်အသားဝါ ဘီ ကာကွယ်ဆေးတို့နှင့် ပေါင်းစပ် ထုတ်လုပ်ထားပြီး (၁) ကြိမ်ထိုးရုံဖြင့် ရောဂါပိုး ၅ မျိုးကို ကာကွယ်ပြီးသားဖြစ်သည်။

ကလေးငယ်အသက် ၉-လ နှင့် ၁၈-လအရွယ်တို့တွင်

• ၀က်သက်ရောဂါ ကာကွယ်နို်ိင်ရန်အတွက် ၀က်သက်ရောဂါ ကာကွယ်ဆေးကို ထိုးပေး ရပါမည်။

 

Ref:

အမာခံအဖွဲ့ဝင်များ လက်စွဲစာအုပ်

(ရပ်ရွာအဆင့်)

၁၅.၁၀.၂၀၁၅



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18