Print

ကလေးငယ်များဝမ်းလျှောသည့် အခါအသုံးဝင်သော လမ်းညွှန်ချက်များ

  30-Oct-2016
Preview Image

 

၁။ အမြဲစားနေကျ အစာများကိုကောင်းမွန်စွာ ချက်ပြုတ်ခြင်းဖြင့် အစာကြေလွယ်ပါစေ။(ဥပမာ-ထမင်း၊ ပြောင်းဖူး၊ အာလူး၊ ခေါက်ဆွဲ)

 

၂။ စားနေကျအစာများကို ခပ်ပျော့ပျော့ချေထားသော အစာများ (ဥပမာ-ဆန်ပြုတ်) စသည်တို့ကို ကျွေးပါ။

 

၃။ စားနေကျ အစာများကို စားရာတွင် စွမ်းအင်ပိုမိုရရှိအောင် ဟင်းရွက်ဆီ တစ်ဇွန်းမှနှစ်ဇွန်းခန့် ရောစားပါ။

 

၄။ စားနေကျအစာများကို ကောင်းမွန်စွာချက်ထားသော ပဲအမျိုးမျိုး၊ အခွံမာသီး၊ ဟင်းသီးဟင်းရွက်များနှင့် ရော၍ကျျွေးပါ။ အကယ်၍တတ်နိုင်ပါက ဥများ၊ အသားငါးပါရော၍ကျွေးပါ။

 

၅။ ၀မ်းသွားစဉ် ပိုတက်ဆီယမ် ဆုံးရှုံးသွားသဖြင့် ပိုတက်ဆီယမ်ကြွယ်ဝသော အစားအစာ(ဟင်းနုနယ်၊ သင်္ဘောသီး၊ အုန်းရည်) များကိုကျွေးပါ။

 

၆။ သကြားများများထည့်ထားသော ရောင်းတမ်း သစ်သီးဖျော်ရည်များ၊ ကော်ဖီ၊ လက်ဖက်ရည်များကိသည် ၀မ်းကိုပိုမိုသွားစေပြီး အရည်ဓာတ်ကိုလည်း ပိုမိုခန်းခြောက်စေသည်။

 

Ref:

ဒေါက်တာလှဖေ

Health For All Magazin No.102, Pg.14-16 , July. 2015

 

မှတ်ချက်။ ။ ဤဆောင်းပါးနှင့်ပက်သက်၍ဆက်စပ်ပြီး ထပ်မံသိရှိလိုပါက comment

(သို့မဟုတ်) message box ထဲတွင် ၀င်ရောက်မေးမြန်းနိုင်ပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18