Print

ကလေးများဝမ်းသွားနေစဉ် အစာကျွေးပါ

  30-Oct-2016
Preview Image

၀မ်းကြောင့်အသက်ဆုံးရှုံးရခြင်းသည် အာဟာရချို့တဲ့ခြင်းနှင့် ဆက်စပ်နေပေသည်။ ယင်းအချက်နှစ်ချက်သည် တစ်ခုနှင့်တစ်ခု စက်ဝန်းလိုလည်နေပြီးတစ်ချက်ကြောင့်အခြားအချက်မှာ ပိုဆိုးရသည်။

 

က။ ၀မ်းသွားခြင်းသည်အာဟာရချို့တဲ့မှုကို အဓီကဖြစ်စေသည်

--------------------------------------------------------------------

လူ့ခန္ဓာကိုယ်သည် ရိုးရိုးအချိန်မှာထက် ၀မ်းသွားနေစဉ် အာဟာရဓာတ်ပိုမိုလိုအပ်ပေသည်။ ကလေးများဝမ်းသွားလျှင် အစာအနည်းငယ်သာ စားကြသည်။ထို့အပြင် ၀မ်းသွားနေစဉ် ခန္ဓာကိုယ်၏ အူများက အာဟာရဓာတ်စုပ်ယူနိုင်မှုလျော့နည်းရပါသည်။ ၀မ်းစသွားစဉ် ရက်များအတွင်း အာဟာရရှိမှုမှာ သာမန်ထက် သုံးပုံတစ်ပုံအထိ ကျဆင်းသွားသည်။ အကြောင်းအချက် အတော်များများကြောင့်ဖြစ်သည်။အစားအသောက်ပျက်ခြင်း၊ အန်ခြင်း ( အန်၍မိခင်မျးက အစာသိပ်မပေးခြင်း ) မိခင်များ ကိုယ်တိုင်က ကလေးကိုအစာအနည်းငယ်ကျွေးခြင်း သို့မဟုတ် ခပ်ပျော့ပျော့ အစာများကို ရိုးရာယုံကြည်မှုအရ ပေးခြင်းတို့ကြောင့်ဖြစ်သည်။ အစာများကို စုပ်ယူနိုင်မှုကိုမှာ ၀မ်းသွားနေစဉ် သုံးပုံတစ်ပုံခန့်အထိ လျှော့နည်းသွားပေသည်။ သို့သော် အာဟာရအချို့ဆုံးရှုံးသွားသော်လည်း အစာအတော်များများကို ခန္ဓာကိုယ်က စုပ်ယူနိုင်သဖြင့် ကလေးများ ၀မ်းသွားလျှင် အစာကိုဆက်ကျွေးပါ။

 

ခ။ အာဟာရချို့တဲ့ခြင်းသည် ၀မ်းသွားခြင်းကို ပိုဆိုးစေသည်

----------------------------------------------------------------

အာဟာရချို့တဲ့သော ကလေးများတွင် ၀မ်းခပ်ကြာကြာသွားတတ်သလို၊ ဆိုးရွားသောဝမ်းသွား မှု မကြာခဏဖြစ်တတ်သည်။ အာဟာရချို့တတ်ခြင်းနှင့် ၀မ်းသွားခြင်းဟူသည့် စက်ဝန်းကို ပြည့်ဝ သောအစာကိုကျွေးဖို့ ပညာပေးရပေမည်။

 

၀မ်းသွားနေစဉ် ၀မ်းသွားပြီးနောက် အစာကောင်းကောင်းကျွေးပါ

----------------------------------------------------------------------

n အာဟာရပြည့်ဝသော အစာများကို ဖောဖောသီသီကျွေးပါ။ ခန္ဓာကိုယ်တွင် အရည်ဓာတ်ချို့တဲ့မှုဖြစ်နေပါကို ဖြည့်ဆည်းပေးပြီးပါက အစာကိုစတင်ကျွေးပါ။ ကလေးငယ် ကျန်းမာစဉ်ကကျွေးသည့်အစာများကို ၀မ်းသွားနေစဉ်ကျွေးပါ။ တကယ်၍ ကလေးငယ်သည် အလွန်အမင်း အာဟာရချို့တဲ့နေပါက ဓာတ်ဆားရေကိုတိုက်ကျွေးနေစဉ် အစာကိုကျွေးပါ။ ၎င်းကလေးများမှာ အလွန်အမင်းအာဟာရချို့တဲ့နေ၍ ဓာတ်ဆားရည်ကို ၁၂ နာရီမှ ၂၄ နာရီအတွင်း တဖြည်းဖြည်းတိုက်ပါ။ ထို့အပြင် ပိုတက်ဆီယပ်ကြွယ်ဝသော အစာများဖြစ်သည့် ဟင်းနုနယ်ရွက်၊ သဘောင်္သီး၊ အိုးနို့ရည်များကို တိုက်ကျွေးပါ။ ၀မ်းသွားပြီးသက်သာစပြုသောအချိန်မှာ အရေးကြီးပြန်သည်။ ၀မ်းသွားနေစဉ် အစာကို စောနိုင်သမျှစောပြီး ကျွေးသည့်တိုုင်အေင် ကလေး၏ဖွံဖြိုးမှုမှာနှေးကွေးသွားနိုင်သည်။ ပုံမှန်အတိုင်းဖွံ့ဖြိုးအောင် ဆောင်ရွက်သင့်ပါသည်။ ကလေးများဝမ်းရပ်သွားပါက အလွန်အမင်းဆာလောင်တတ်ကြရာ အစာကိုနှစ်ဆတိုးစားကြသည်။ အသုံးဝင်သောနည်းမှာအစာကို ကလေးငယ်စားနိုင်သလောက်သာကျွေးပြီး ရက်သတ္တပတ် နှစ်ပတ်အတွင်း အပိုအစာများကို ဖြည့်ဆည်းသင့်ပေသည်။

 

ကလေးများအတွက်နို့

-----------------------

ကလေးများဝမ်းသွားနေစဉ် အမေ့နို့ကိုလျှော့မတိုက်ရ။ ရပ်မထားရ။ ၀မ်းသွားနေသော ကလေးကို အမေ့နို့မကြာခဏ တိုက်ပေးရမည့်အပြင် ကလေးများစို့ချင်သလောက်တိုက်ပေးပါ။ အကယ်၍ နို့မှုန့်တိုက်နေလျှင် နို့မှုန့်ဆက်တိုက်ပါ။အရွယ်ငယ်သောကလေးများတွင် ၀မ်းစသွားနေစဉ် နို့မှုန့်ကိုခပ်ကျဲကျဲတိုက််ရမည်ဟု ထင်မြင်ယူဆကြသည်။ သို့သော ်ဂွာတီမာလာနှင့် ဘရာဇီးနိုင်ငံတွင် လတ်တလောလေ့လာချက်အရ ယင်းယူဆချက်မှာ မှန်ကန်ခြင်းမရှိပေ။ နို့မှုန့်ကို ခပ်ကျဲကျဲတိုက်ပါက အာဟာရဓာတ်နည်းပါးသဖြင့် ကလေးဖွံ့ဖြိုးမှု နှေးသွားကြောင်းသိရပါသည်။

 

ကြီးသောကလေးများ

----------------------

ကလေးငယ်သည် လေးလ သို့မဟုတ် လေးလထက်ကြီးသော အရွယ်ဖြစ်ပါက ခပ်ပျော့ပျော့အစာများကို စားနိုင်ပေရာ ၀မ်းသွားလျှင် ခပ်ပျော့ပျော့အစာများကို ဆက်ကျွေးပါ။ ခြောက်လအရွယ် သို့မဟုတ် ခြောက်လထက်ကြီးသော ကလေးများသည် ခပ်ပျော့ပျော့အစာများကို မစားဖူးပါက ၎င်းအစာများကို စတင်ကျွေးပါ။ အသက်ခြောက်လအရွယ်ကျော်ပါက ယင်းတို့၏ အာဟာရဓာတ်တစ်ဝတ်မှာ နို့အပြင်အစားအစာများမှ ရသင့်ပေသည်။အကယ်၍ ခန္ဓာကိုယ်တွင် အရည်ဓာတ်ချိုကတဲ့မှု ဖြစ်ပေါ်နေပါက ဓာတ်ဆားရည် တိုက်ကျွေးနေစဉ် လေးနာရီမှခြောက်နာရီအတွင်း အစာကျွေးခြင်းကိုရပ်ထားပြီး နောက်ပိုင်းတွင် ဆက်ကျွေးပါ။ စွပ်ပြုတ်အရည်များသည် အရည်ဓာတ်လျော့နည်းခြင်းကို ကာကွယ်ပေးသည်။ သို့သော် အချို့သောအရည်များမှာ သင့်တော်မှုမရှိပေ။ ယင်းအရည်များသည် ကယ်လိုရီမပြည့်ဝသည့်အပြင် အာဟာရပြည့်စုံခြင်း မရှိပေ။ ၀မ်းသွားနေစဉ် သို့မဟုတ် ၀မ်းသွားပြီးနောက် ကလေးများကို အစာ မကြာခဏကျွေးပါ။

Ref:

ဒေါက်တာလှဖေ

Health For All Magazin No.102, Pg.14-16 , July. 2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18