Print

ကျန်းမာတဲ့ကလေးဖြစ်ဖို့ မိခင်များလုပ်ဆောင်သင့်သည့်အချက်များ

  30-Oct-2016
Preview Image

 

ကျန်းမာခြင်းဆိုတာ ရောဂါကင်းဝေးရေး တစ်ခုတည်းမဟုတ်ဘဲ စိတ်ကျန်းမာခြင်းနဲ့ ကိုယ်ကျန်းမာခြင်းနှစ်ခုစလုံးအတွက် အရေးပါသည်။ မိခင်အနေနဲ့မိမိ၏ကလေးစိတ်ရောကိုယ်ပါ ကျန်းမာဖို့အတွက် (၁) အစာ၊ (၂) နွေးထွေးမှု၊ (၃) လုံခြံုမှု၊ (၄) ချစ်ခင်ကြင်နာယုယမှု၊ (၅) မိခင်နဲ့ကလေးတစ်ဦးနဲ့တစ်ဦးတွယ်တာမှု စတာတွေကိုမွေးကင်းစကလေးအရွယ်ကစပြီး ရရှိအောင်ပြုစုစောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ အဲဒီအချက်တွေကို တစ်ခါတည်း၊ တစ်ထိုင်တည်း ရရျိတာကတော့ မိခင်နို့တိုက်ကျွေးခြင်းဖြင့် ကလေးအတွက်အစာရရှိခြင်း၊ မိခင်ရင်ခွင်မှာ စိတ်နွေးထွေးမှု၊ လုံခြံုမှုရရှိခြင်း၊ ကလေးနဲ့မိခင်တစ်ဦးနှင့် တစ်ဦးကြင်နာမှုရရှိခြင်းစတဲ့ ကလေးတစ်ယောက် စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်းနိုင်တဲ့ကောင်းမွန် တဲ့အချက်တွေရရှိတာဖြစ်ပါတယ်။ ကလေးတွေ တဖြည်းဖြည်းအရွယ်ရောက်လာပြီးဆိုရင် အဲဒီအချက် ငါးချက်ကိုဖြည့်ဆည်းပေးရမယ့်အပြင်

 

(၁) ကလေးကိုလူသားတစ်ယောက်အဖြစ် အသိအမှတ်ပြုရပါမယ်။ ထားရာမှာမယ့် အရုပ်ကလေးတစ် ရုပ်မဟုတ်ပါ။ အသိဉာဏ်ရှိတဲ့ လူသားတစ်ယောက်ဖြစ်တယ်ဆိုတာ မမေ့သင့်ပါ။

 

(၂) စည်းကမ်းတစ်ကျဖြစ်အောင် ငယ်ငယ်ကတည်းက လေ့ကျင့်ပေးရပါမယ်။ ဆီးဝမ်းသွားတတ် အောင်၊ ခံတွင်းသန့်ရှင်းရေး၊ လက်သန့်ရှင်းတို့ကိုလုပ်တတ်အောင် အသက်အလိုက်သင်ကြား စေ ခြင်းဖြင့် တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ စည်းစနစ်ကျလာမှာ ဖြစ်ပါတယ်။

 

(၃) ကလေး၏အောင်မြင်မှုကို အသိအမှတ်ပြုပြီး ဆုချရမှာဖြစ်ပါတယ်။ ကလေးလမ်းလျှောက်တတ် အောင်သင်ပေးရင်းနဲ့ လမ်းလျှောက်တတ်လာရင် မိဘဆွေမျိုးတွေက ၀မ်းသာအားရဖြစ်ပြီး လက်ခုပ်တီးတာ၊ နမ်းပြီးဂုဏ်ပြုတာတွေလုပ်တာဟာ ကလေးရဲ့အောင်မြင်မှုကို အသိအမှတ်ပြုရာ ရောက်ပါတယ်။ အတန်းရောက်လာပြီး အဆင့်တွေကောင်းလာရင်၊ ရမှတ်တွေတတ်လာရင် အောင်မြင်မှုတွေ အတွက် ဆုချရင်ပိုပြီးကောင်းပါတယ်။ ကလေးကပိုပြီးလည်းကြိုးစားလာမှာပါ။ သချင်္ာမှာအမှတ် ၁၀၀ ရရင် အရုပ်ဝယ်ပေးမယ်ပြောပြီးမဝယ်ပေး၊ ဆုမချရင် ကလေးရဲ့အောင်မြင်မှုကို အသိအမှတ်မပြုတဲ့ တွက် ကလေးစိတ်မှာ မကျေနပ်မှုနဲ့ ကြီးပြင်းလာတတ်ပါတယ်။

 

(၄) ကလေးကိုဆုပေး၊ ဒဏ်ပေးလုပ်ပြီး ကလေးရဲ့အောင်မြင်မှုကို တွန်းအားပေးသင့်ပါတယ်။ ဆုပေးရာမှာလည်း အောင်မြင်မှုနဲ့ ထိုက်တန်တဲ့ဆုမျိုးသာဖြစ်ပါတယ်။ တရားလွန်ဆုပေးခြင်းမျိုး မပြု လုပ်သင့်ပါဘူး။ ဒဏ်ပေးရာမှာလည်း သင့်တင့်လျောက်ပတ်သော ဒဏ်မျိုးသာဖြစ်သင့်ပါတယ်။ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် ဆုပေးစနစ်က ပိုပြီးလက်ခံသင့်တဲ့ ထိန်းကျောင်း မှုဖြစ်ပါတယ်။

 

(၅) ကလေးကိုကိုယ်လက်လှုပ်ရှားမှု ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ကိုယ်ခန္ဓာကိုယ်ဖွံ့ဖြိုး မှုကို အထောက်အကူဖြစ်စေပါတယ်။ အဲဒီအချိန်မှာ စိတ်လွတ်လပ်မှု၊ စိတ်အနားယူမှုရှိပြီး စိတ်ကျန်း မာရေးကိုလည်း ဖြစ်စေပါတယ်။ ကလေးကိုအရွယ်နဲ့မမျှသော လေကျင့်မှု၊ အောင်မြင်မှုရရှိအောင် လုပ်စေခြင်းဖြင့် ကလေးကိုစိတ်ဖိစီးမှု မပြုလုပ်သင့်ပါ။

 

(၆) အရွယ်ရောက်လာပြီဖြစ်တဲ့ ကလေးကိုမိဘများနဲ့ ပွင့်လင်းစွာဆွေးနွေးခွင့်ပေးခြင်းဖြင့် ကလေးကိုမဖြစ်သင့်တဲ့အချက်များ လုပ်သင့်လုပ်ထိုက်တဲ့ ဆုံးဖြတ်ချက်များကို လမ်းကြောင်းပေးနိုင် မှာဖြစ်ပါတယ်။ အခုဖော်ပြခဲ့တာတွေက စိတ်ကျန်းမာဖို့၊လိုအပ်ချက်တွေဖြစ်ပါတယ်။

 

Ref:

ပါမေက္ခဒေါက်တာဦးအေးသောင်း

(ကလေးအထူးကု သမားတော်ကြီး)

Health For All Magazin No.103, Pg.9-10 ,August.2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18