Print

သွေးလွန်တုပ်ကွေးရောဂါဟာ ကလေးတွေရဲ့ဘယ်အရွယ်တွေမှာ ဖြစ်တတ်ပါသလဲ

  30-Oct-2016
Preview Image

 

သွေးလွန်တုပ်ကွေးရောဂါဟာ မိုးရာသီမှာအဖြစ်များတဲ့ ရောဂါတစ်မျိုးပါ။ လူအများအနေနဲ့ ထင်မှတ်ထားကြတာတွေက ကလေးရဲ့အသက် ၃ နှစ်က ၁၀ နှစ်အတွင်း အဖြစ်များကြတယ်လို့ထင် မှတ်ထားကြပါတယ်။ ဒါပေမယ့် သွေးလွန်တုပ်ကွေးရောဂါဟာ ကလေးအသက် တစ်နှစ်အောက်နဲ့ ၁၀နှစ်အထက်၊ ၁၄ နှစ်၊ ၁၅ နှစ်အထိလည်းဖြစ်တတ်ပါတယ်။ အဖျားပထမနှစ်ရက်မှာ စိုးရိမ်စရာမရှိဘဲ အဖျားသုံးရက်မြောက်ကနေပြီး ခုနှစ်ရက်အထိ သွေးလန့်မှု (Shock) ဖြစ်တတ်တဲ့အတွက် သတိထားစောင့်ကြည့်ရမယ့်အချိန် ဖြစ်ပါတယ်။ ကလေးကဖျားပြီး မှိန်းနေရင်၊ ခဏခဏအန်နေရင်ကော်ဖီရောင်အန်နေရင် ဗိုက်နာနေရင်၊ ရုတ်တရက်အဖျားကြပြီး အေးစက်လာရင်၊ဂနာမငြိမ်ဖြစ်နေမယ်ဆိုရင် ကလေးကိုဆေးရုံ၊ ဆေးခန်းမှာကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ပြသသင့်ပါတယ်။

 

ဖျားနေတဲ့ကလေးအန်တဲ့အခါ ကော်ဖီရောင်အန်တာကို မသိမှာစိုးရိမ်တဲ့အတွက် ကော်ဖီမတိုက်သင့်ပါသူး။ အညိုရောင် အစားအစာတွေ မကျွေးသင့်ပါဘူး။ ဒါမတည့်တာတွေလည်း မဟုတ်ပါဘူး။ အရောင်မခွဲခြားတတ်ပြီး မလိုအပ်တဲ့စိုးရိမ်မှုတွေ ဖြစ်မှာစိုးရတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ဖျားတဲ့ကလေးကို အဖျားကြအောင်ပါရာစီတမောကိုသာတိုက်ပါ။ ဒါမှမဟုတ် စအိုကနေပြီး Suppository အတောင့်ထည့်နိုင်ပါတယ်။ တခြားအပုကျဆေးတွေက အစားအိမ်ကို ဒုက္ခပေးတတ် လေ့ရှိတဲ့အတွက် မသုံးတာကောင်းပါတယ်။ နောက်ပြီးအဖျားကြအောင်ဆိုပြီး ပါရာစီတမောကိုလည်း မလိုအပ်ဘဲ ခဏခဏမတိုက်သင့်ပါဘူး။ ဖျားနေတဲ့ကလေးကို ဓာတ်ဆားရည်ကိုတော့ တိုက်သင့်ပါတယ်။ ဒါပေမယ့်တချို့မိဘတွေက သွေးလန့်မှာ ကာကွယ်ဖို့ဆိုပြီး ဓာတ်ဆားရည် အလွန်အကျွံတိုက်တာက လည်းမကောင်းပါဘူး။

 

ကျွမ်းကျင်တဲ့ဆရာဝန်တွေ ညွန်ကြားချက်အတိုင်းသာတိုက်သင့်ပါတယ်။ ဓာတ်ဆားရည်တိုက်ပြီး အစာမကျွေးဘဲလည်း မထားသင့်ပါဘူး။ကျွေးတဲ့အစာကိုလည်း အစာကြေလွယ်တဲ့အစာ၊ ပျော့ပျောင်းတဲ့အစားအစာတွေကိုပဲကျွေးရပါတယ်။ ဒီကြားထဲ အဖျားတက်လာရင် ကလေးကိုရေချိုးပေးနိုင်ပါတယ်။ရေခဲတင်မပေးပါနဲ့။ ရေခဲတင်ပေးရင် ကလေးရဲ့ ခန္ဓာကိုယ်ပြင်ပမှာသာ အေးနေပေမယ့် ခန္ဓာကိုယ်ထဲမှာ ပူပြီးပူနေတတ်ပါတယ်။ သွေးလွန်တုပ်ကွေးအတွက် ကာကွယ်နိုင်တဲ့အကောင်းဆုံးဆေးကတော့ နေ့ခင်းပိုင်းမှာ ကလေးကို ခြင်မကိုက်အောင်းထားပါ။ခြင်ပေါက်ပွားမှုမရှိအောင် ဂရုစိုက်ပါ။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ညွ်ကြားချက်အတိုင်း လိုက်နာနေထိုင်ဖို့ပါ။

 

ဘယ်လိုကလေးတွေက ဖျားရင်တက်တတ်ပါသလဲ

-----------------------------------------------------

 

ဖျားရင်တက်တဲ့ကလေးတွေကို Febrile Convuision လို့ခေါ်ပါတယ်။ အဲဒီလိုကလေးတွေက မိသားစုထဲမှာ တစ်ယောက်လောက်ဖြစ်ရင် နောက်ကလေးတွေကိုလည်း ဖျားရင်တက်တတ်ကြ ပါတယ်။ အများအားဖြင့်ကတော့ အသက်ခြောက်လကနေ ခြောက်နှစ်အထိပါတယ်။ ယောကျ်ားလေးတွေက မိန်းကလေးတွေထက် ပိုပြီးအဖြစ်များပါတယ်။ ကိုယ်အပူချိန်အများဆုံး အချိန်မှာ တက်တတ်ပါတယ်။ တစ်ခါတက်ရင် ၁၅ မိနစ်ထက်မပိုပါဘူး။ တက်ပြီးအတက်ကျသွားရင် နဂိုအတိုင်းလူကောင်းပကတိ ဖြစ်ပါတယ်။ ဖျားရင်တက်တတ်တဲ့ကလေးတွေက ဦးနှောက်အမြှေးရောင်ရေဂါနဲ့ ဆက်စပ်မှုရှိပါသလား ဖျားရင်တက်တတ်တဲ့ကလေးတွေက ဦးနှောက်ရောင်ရောဂါ၊ ဦးေျနျာက်အမြှေးရောင်ရောဂါ တွေ မဖြစ်ကြပါဘူး။ ဖျားရတဲ့အကြောင်းအရင်းတွေက တုပ်ကွေးရောဂါ၊ ဆီးချိုရောဂါစတဲ့ ရောဂါတွေကြောင့် အဖျားကြီးပြီး တက်ရတာဖြစ်ပါတယ်။

 

ဖျားရင်တက်တတ်တဲ့ကလေးကို မတက်အောင်ဘယ်လိုကာကွယ်ရမလဲ

----------------------------------------------------------------------------

 

ဖျားရင်တက်တဲ့ကလေးကို အဖျားတက်ပြီးဆိုတာနဲ့ အဖျားကြအောင်စအိုထဲကို ပါရာစီတမော အပူကျဆေးနဲ့ မတက်အောင်အတက်ကျဆေးများဖြစ်တဲ့ Diazepam၊ ဒါမှမဟုတ် Phenobarbitone ပျောက်ဆေးတစ်ခုခုကို ဆရာဝန်ညွှန်ကြားချက်အတိုင်း အသက်အလိုက်တိုက်ထားဖို့လိုပါတယ်။ ဖျားရင်တက်တတ်တဲ့ ကလေးတွေက ဉာဏ်ရည်ဉာဏ်သွေး ကျတတ်ပါသလား ဖျားရင်တက်တတ်တဲ့ ကလေးတွေဟာ အချိန်အနေနဲ့ ၁၅ မိနစ်လောက်သာတက်တတ်ကြ ပါတယ်။ အများအားဖြင့် ဉာဏ်ရာ်ဉာဏ်သွေး မကျကြပါဘူး။

 

ဖျားရင်တက်နေတဲ့အချိန်မှာ ဘာတွေသတိထားရမလဲ

---------------------------------------------------------

 

ကလေးတစ်ယောက် ဖျားနေလို့တက်နေတဲ့အချိန်၊ ကျန်းမာရေးစောင့်ရှောက်မှု မယူခင်မှာ ကလေးကိုထူထဲတဲ့ အဝတ်အထည်ကိုဖယ်ရှားပေးထားရပါမယ်။ နောက်ပြီး ကလေးရဲ့ နှခေါင်းနဲ့ ပါးစပ်ကထွက်လာတဲ့အချွဲ၊ အရည်တွေ၊ အသက်ရှူလမ်းကြောင်းနဲ့ တစ်ဆို့မနေရလေအောင် ဘေးစောင်ဒထားရပါမယ်။

 

 

Ref

ပါမောက္ခဒေါက်တာဦးအေးသောင်း

(ကလေးအထူးကုသားတော်ကြီး)

Health For All Magazine No.102, Pg.9-10 ,July.2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18