Print

မိမိရင်သွေးလေးများကျန်းမာသွက်လက်ထက်မြက်သူများဖြစ်လာစေရန် ပြုစုစောင့်ရှ...

  30-Oct-2016
Preview Image

 

(၁) မိဘတွေအနေနဲ့ မိမိရင်သွေးအတွက် တတ်နိုင်သလောက်အချိန်ပေးပါ။ ယုယပါ။

 

စားဝတ်နေရေးအတွက် လုံးပန်းနေရတဲ့အတွက် ကလေးတွေကို အဘိုး၊ အဘွားစတာတွေနဲ့ ထားရတဲ့အတွက် ကလေးကိုမိဘများအနေနဲ့ ထားရတဲ့အတွက် ကလေးကိုမိဘများအနေနဲ့ အချိန်ကို တတ်နိုင်သမျှဖဲ့ပြီး၊ အတူနေ၊ အတူစားပြုလုပ်ရမှာဖြစ်ပါတယ်။

 

- ကလေးနဲ့အတူ ဆော့ကစားရပါမယ်။ မိခင်ရော ဖခင်ပါ အတူဝင်ရောက်ဆော့ကစားနိုင်ရင် ပိုပြီးကောင်းမွန်ပါတယ်။ ဆော့ကစားချိန်မှာ ကလေးကိုငိုအောင် မပြုလုပ်ဘဲ ပျော်ရွင်စွာကစား စေရပါမယ်။

- ကလေးကို ညအိပ်ရာဝင် ပုံပြင်လေးတွေ ပြောပြခြင်းဖြင့် ကလေးရဲ့စိတ်ထားကိုလည်း ပြုပြင်ပေးနိုင်ပါတယ်။ ကလေးကိုဘာသာရေးဆိုုင်ရာ ပုံတိုပတ်စများ ပြောခြင်းဖြင့် ဘာသာရေးအသိတရား ရှိစေနိုင်ပါတယ်။ ထူးချွန်ပြောင်မြောက်တဲ့ အာဇာနည်များအကြောင်း၊ ပြောပြပေးခြင်းဖြင့် ကြိုးစားလိုသောစိတ်ဓာတ် မြင့်တင်ပေးနိုင်ပါတယ်။

 

(၂) ကလေးရဲ့စိတ်ဝင်စားမှုကို မြေတောင်မြှောက်ပေးပါ

 

ကလေးကိုကျောင်းမှာစာတော်ရန် မိဘတွေကအလေးထားဆောင်ရွက်ကြပါတယ်။ ပညာအဆင့်အတန်းမြင့်မားပြီး အသက်မွေးဝမ်းကြောင်းအတွက် အရေးပါတဲ့ပညာရေးအပြင် ကလေးရဲ့ အခြားစိတ်ဝင်စားမှုတွေကိုလည်း ပ့ံပိုးကူညီပေးသင့်ပါတယ်။ ပန်းချီဆွဲရာမှာ အားသန်တဲ့ကလေး၊အကကိုစိတ်ဝင်စားတဲ့ကလေး၊ အဆိုကိုပေါက်မြှောက် အောင်မြင်လိုတဲ့ကလေး စတဲ့ကလေးတွေရဲ့ ဗီဇလည်းတွေကိုလည်း ကလေးတွေအတွက် မြေတောင်မြှောက်ပေးရပါမယ်။

 

အဝတ်အစားနဲ့ဖက်ရှင်ကိုစိတ်ဝင်စားတဲ့ ကလေးတွေကိုတော့ အလွန်အကျွံမဖြစ်ရလေအောင် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ပါတယ်။ခေတ်ကာလအလျှောက် အရှက်အကြောက်ကင်းမဲ့မှု မဖြစ်အောင် ထိန်းသိမ်းသွန်သင်ရပါမယ်။ အစားအသောက်နဲ့ ပတ်သက်ရင်လည်း အာဟာရမျှတတဲ့ အစားအစာများကိုသာ သုံးစွဲတတ်ရန် ပြုစုသင်ကြားရမှာဖြစ်ပြီး အလွန်အကျွံစားသောက်ခြင်းဖြင့် လူဝကြီးများ မဖြစ်အောင် ဆုံးမသွန်သင်ရပါမယ်။

 

(၃) ကလေးကိုချစ်ခင်ကြောင်းပြသပါ

 

မိသားတစ်စု ၀ိုင်းထိုင်ပြီး တစ််ယောက်နဲ့တစ်ယောက် ပျော်ရွင်ချမ်းမြေ့စွာ စားသောက်ကြခြင်း သီးချင်းဆိုခြင်း၊ TV ကြည့်ခြင်း စတာတွေနဲ့အတူ ကလေးတွေကို အလေးထားကြောင်း စတာတွေ နဲ့ အတူ ကလေးတွေကို မိဘတွေက အလေးထားကြောင်း ပြသစေချင်ပါတယ်။ ကလေးတွေက ယုယကြင်နာမှုကို လိုလားပါတယ်။ကလေးတစ်ယောက်ရဲ့ စိတ်ခွန်အား ဖွံ့ဖြိုးမှုအတွက်လည်း အရေးကြီးပါတယ်။ ကလေးငယ်တစ်ယောက်စပြီး လမ်းလျှောက်နိုင်တာကို လက်ခုပ်တီပြီးအားပေးတာ ဖက်ပြီးနမ်းခြင်းကလည်း အောင်မြင်မှုကို ပြသခြင်းဖြစ်ပါတယ်။ ကလေးတွေကို တိရစ္ဆာန်ဥယာဉ်လိုက်ပို့ပေးပြီး ကလေးတွေနဲ့အတူ ရွင်မြူးပျော်ရွင်စေခြင်းဖြင့် ကလေးအလိုလိုက် အကြိုက်ဆောင်ပြီး ချစ်ခင်မှုပြသနိုင်ပါတယ်။

 

(၄) ကလေးတွေပျော်ရွင်ရန် လက်ဆောင်ပေးပါ။

 

ကလေးတွေအနေနဲ့ မိဘတွေဆီကရရှိတဲ့ လက်ဆေင်တွေကို အချင်းချင်းပြသပြိုင်ဆိုင်ခြင်းဖြင့် မိဘတွေက ၄င်းတို့ကိုချစ်ခင်ကြောင်း သိရှိနိုင်စေပါတယ်။ မိဘတွေအနေနဲ့ ကလေးရဲ့မွေးနေ့မှာ ကလေးလိုလားတဲ့ လက်ဆောင်လေးတွေကို ပေးခြင်း၊ကလေးတွေရဲ့အောင်မြင်မှုကို အသိအမှတ်ပြုခြင်းဖြင့် ဆုချခြင်းများ ပြုလုပ်စေခြင်းဖြင့် တစ်ဆင့်ထက်တစ်ဆင့် အောင်မြင်မှုရရှိစေသလို ကလေးကိုပျော်ရွင်ပီတိပေး နိုင်ပါတယ်။ ကလေးတစ်ယောက်ပျော်ရွင်နေရင် ကြိုးစားအားထုတ်မှု ပိုမိုလုပ်ကိုင်နိုင်ပြီး ဘဝရှေ့ရေးအတွက် တဖြည်းဖြည်းတိုးတက်လာအောင် ကြံဆောင်နိုင်ပါတယ်။ ကလေးတွေကို အိမ်ရဲ့ “ဆည်းလည်း”ဖြစ်ပါစေ။

 

 

Ref:

ပါမေါက္ခဒေါက်တာအေးသောင်း

(ကလေးအထူးကုသမားတော်ကြီး)

Health For All Magazine

No.99, Pg.13-14 ,April.2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18