Print

ကလေး ဝမ်းချုပ်ခြင်း အကြောင်း သိကောင်းစရာ

  30-Oct-2016
Preview Image

 

ဝမ်းချုပ်ခြင်းဆိုတာ ဝမ်းမှန်မှန် မသွားခြင်း၊ ဝမ်းသွားမှန်ပေမယ့်လည်း ဝမ်းပမာဏ နည်းခြင်းတို့ ဖြစ်ပါတယ်။ နို့ဘူးစို့ ကလေးငယ်တွေနဲ့ ဖြည့်စွက်စာ ကျွေးခါစ အရွယ်တွေမှာကျွေးတဲ့ အစားအစာမှာ ဟင်းသီးဟင်းရွက် ထည့်သွင်း ကျွေးမွေးမှုနှုန်း နည်းပါးလို့ ဝမ်းမာလာသလို အသီးအရွက် ပါဝင်မှုနှုန်းနည်းလို့ ဝမ်းသွားတဲ့ ပမာဏ နည်းသွား ရတယ်။ ရေသောက်နည်းရင်လည်း ဝမ်းချုပ်တတ်ပါတယ်။

 

ရောဂါလက္ခဏာများ

*******************

 

ဝမ်းမာပြီး စမြင်းတုံးဖြစ်ခြင်း၊ ဝမ်းဗိုက်အောက်ပိုင်း နာခြင်းနဲ့ ကလေးရဲ့ဘောင်းဘီမှာ သွေးစ တွေ့ရခြင်း စသည်တို့ဟာလည်း ဝမ်းချုပ်တာကြောင့် ဖြစ်ပါတယ်။ ဝမ်းဖောဝမ်းရောင် မဖြစ်စေဖို့ ဝမ်းချူပေးသင့် ပြီး တစ်ခါတလေ ဝမ်းချုပ်ခြင်းက စိုးရိမ်စရာ မရှိပေမယ့် ဝမ်းနဲ့အတူ သွေးပါလာပါက ကျန်းမာရေးအရ ပြဿနာ ရှိနိုင်ပါတယ်။ မိဘတွေက ကလေးငယ်ကို အချိန်မှန်မှန် ဝမ်းတည်ပေးရပါမယ်။ နာကျင်မှုမရှိစေဖို့ ကလေးကို ညှစ်ပြီး ဝမ်းသွားစေခြင်းကို ရှောင်သင့်တယ်။ ဝမ်းချူဘောလုံးနဲ့ ချူပေးဖို့လည်း လိုပါတယ်။ ကလေးကို ကျွေးတဲ့ အစားအစာမှာလည်း ဟင်းသီးဟင်းရွက် များများပါ ရပါမယ်။ ရေများများ တိုက်သင့်ပါတယ်။

 

ဆရာဝန်ထံ ပြသသင့်

------------------------

 

ဝမ်းသွားမယ့်လမ်းကြောင်းမှာ စမြင်းတုံးဖြစ်ပြီး ပိတ်နေပါက စမြင်းတုံးဖယ်ပေးပြီးရေများများတိုက်ပေးပြီး ဝမ်းမှန် စေရပါမယ်။ ဝမ်းချူလို့မရဘဲ ဝမ်းမသွားပါက သက်ဆိုင်ရာဆရာဝန်ထံ ပြသသင့်ပါတယ်။

 

ဆရာဝန် လုပ်ဆောင်ချက်

-----------------------------

 

ကလေးခံစားနေရတဲ့ ရောဂါဝေဒနာကို ပျောက်ကင်းစေဖို့ အန္တရာယ်မရှိနိုင်တဲ့ ဝမ်းပျော့ဆေးကို ညွှန်ပေးနိုင်ပါ တယ်။ ကလေးစအိုမှာ ကွဲကြောင်းဖြစ်တဲ့အထိရောဂါလက္ခဏာရှိရင် ဆရာဝန်က ကလေးစအိုဝကို သေသေချာချာ စစ်ဆေးကြည့်ရပါမယ်။ အနာရှိပါက အနာကျက်တဲ့ လိမ်းဆေးအဆီ တစ်မျိုးမျိုးကို လိမ်းပေးသင့်ပါတယ်။

 

မိဘများကို အကြံဉာဏ်ပေးခြင်း

-----------------------------------

 

ဆရာဝန် ညွှန်ကြားချက်မရှိဘဲ ကလေးကို ဝမ်းနုတ်ဆေး မတိုက်ကျွေးသင့်ပါဘူး။ ကလေးကို ဂရုစိုက်ပြီး ဝမ်းတည ပေးရပါ မယ်။ အရည်များများ တိုက်ကျွေးပေးရပါမယ်။ ဝမ်းမသွားလို့ ဝမ်းချူမယ်ဆိုရင် သင်္ဘောရိုးငယ်နဲ့ ဆပ်ပြာရည် သွင်းပေးပြီး ဝမ်းချူနိုင်သလို ကလေးဝမ်းချူ ဘောလုံးတစ်လုံးသုံးပြီး ချူပေးနိုင်ပါတယ်။ ထိခိုက်မှု မရှိစေဖို့လည်း ဂရုစိုက်သင့်ပါတယ်။ ဝမ်းတစ်လုံးကောင်း ခေါင်းတစ်လုံးမခဲဆိုတဲ့ ဆိုရိုးစကားနဲ့အညီ ဝမ်းတစ်လုံး ကောင်းမွန်ရေး အတွက် မိဘများက အထူးသဖြင့် မိခင်များက စောင့်ကြည့်ဖို့ လိုပါတယ်။

 

ကလေး မူကြိုအရွယ် ကျောင်းပို့ရင်လည်း အိမ်မှာ ဝမ်းတည်ပြီးမှ ပို့ဖို့လိုပါတယ်။ ဒါမှမဟုတ် မူကြိုကျောင်းမှာ တည်ခိုင်းဖို့ လိုပါတယ်။ ကျောင်းမသွားမီနဲ့ ကျောင်းဆင်းချိန်တိုင်းမှာ ဝမ်းတည်ပေးတဲ့ အလေ့အကျင့်ကို လုပ်ပေးရ ပါမယ်။ အသီး အရွက်နဲ့ ငှက်ပျောသီး တစ်လုံးကို နေ့စဉ်ကျွေးသင့်ပြီး တတ်နိုင်သလောက် သဘာဝအတိုင်း ဝမ်းသွားနိုင်စေ ဖို့ လေ့ကျင့်ပေးဖို့ လိုပါတယ်။

 

Ref:

Myawady Health

September 28 •2015

 

မှတ်ချက်။ ။ ဤဆောင်းပါးနှင့်ပက်သက်၍ဆက်စပ်ပြီး ထပ်မံသိရှိလိုပါက comment

(သို့မဟုတ်) message box ထဲတွင် ၀င်ရောက်မေးမြန်းနိုင်ပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18