Print

ကလေးများတွင် ဖြစ်သော ရင်ကျပ်ရောဂါ

  30-Oct-2016
Preview Image

 

မြန်မာဝီကီပီးဒီးယားမှာရင်ကျပ်ရောဂါနဲ့ပတ်သက်ပြီးအတော်အတန်ပြည့်စုံတဲ့ဆောင်းပါးတစ်ပုဒ်ရေးပါမယ်။ Blog Post အနေနဲ့တော့များပြားလှတဲ့အတွက်ခေါင်းစဉ်တွေခွဲပြီး တင်ဆက်သွားပါမယ်။ တချို့အကြောင်းအရာတွေကိုတော့ ဆေးပညာအသုံးအနှုန်းတွေနဲ့ပဲ ဖော်ပြထားပါတယ်။ အကယ်၍ သိချင်ပါက ကျွန်တော့် mail ဖြစ်တဲ့ [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ CBox မှာ ကလေး ရင်ကျပ်ရောဂါနဲ့ ပတ်သက်ပြီး မေးထားတာတွေ့လို့ အဲဒီကပဲ စလိုက်ပါတယ်။

 

အဓိပ္ပါယ်ဖွင့်ဆိုချက်

 

ရင်ကျပ်တယ်ဆိုတာဟာ နာတာရှည်လေပြွန်တွေ ရောက်ရမ်းတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ အဲဒီလို ရောင်ရမ်းတဲ့နေရာမှာ ခန္ဓာကိုယ်မှာရှိတဲ့ ရောင်ရမ်းမှုကိုဖြစ်စေတဲ့ ဆဲလ်တွေ က အဓိက ပါ၀င်လှုပ်ရှားကြတာတွေ့ရပါတယ်။ ကာလကြာရှည်ရောင်ရမ်းခြင်း ဟာလေပြွန်များရဲ့ လိုတာထက်ပိုပြီး တုံ့ပြန်မှုနဲ့တွဲဖြစ်တတ်ပြီးရင်ကြပ်ခြင်း၊ အသက်ရှုမဝခြင်း၊ညဘက်နှင့်နံနက်စောစောတွင် ချောင်းဆိုးခြင်းတို့ကို ခဏခဏဖြစ်အောင်လုပ်ဆောင်ပေးပါတယ်။ဒီလို လက္ခဏာတွေ ပြလာပြီးဆိုရင် အဆုပ်အတွင်းသို့လေကောင်းစွာဝင်လို့မရတော့ဘဲ တခါတရံတွင်သူ့ဘာသာသူ ပျောက်သွားတတ်သလို တခါတခါတွင်လည်း ကုသမှုပေးမှ ပျောက်ကင်းသွားတတ်သည်။

 

ဖြစ်ပွားရသောအကြောင်းအရင်း

 

ရင်ကျပ်ခြင်းကို ဖြစ်စေတဲ့ အချက်တွေ များစွာရှိပါတယ်။ ဘာ့ကြောင့် ဖြစ်တယ်ဆိုတဲ့ Theory တွေလည်း အများကြီးရှိပါတယ်။

 

ရင်ကျပ်ရောဂါရဲ့ ရောဂါလက္ခဏာများ

ခဏခဏအသက်ရှူကျပ်ခြင်းနှင့် အသက်ရှူလျှင် တရွှီရွှီ မြည်ခြင်း

ရင်ကျပ်လာပါက အသက်ရှူလမ်းကြောင်းတစ်လျှောက်ရှိ လေပြွန်များသည် ကျဉ်းသွားသည်။ ထို့နောက် အချွဲများ သလိပ်များကို အများကြီးထွက်စေသည်။ ရှူသွင်းလိုက်သော လေသည် ထိုသို့ ကျဉ်းသွားသော လေပြွန်များကို ဖြတ်သန်းရသောကြောင့် ရှူလိုက်တိုင်း ရွှဲ ကနဲ မြည်လေသည်။ ကျဉ်းနေသော လေပြွန်များကြောင့် အဆုပ်သည် oxygen ကောင်းစွာမရတော့ချေ။ ထို့ကြောင့် လူသည် မောလာသည်။ အသက်ရှူခက်လာသည်။ ထိုသို့ လေပြွန်ကျဉ်းနေသည်ကို သက်သာအောင် မလုပ်ပေးနိုင်ပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။

 

ညဘက်ချောင်းဆိုးခြင်း

 

ရင်ကျပ်ရောဂါသည်ညဘက်နှင့်အေးသည့်ရာသီဥတုများတွင်ထဖေါက်တတ်သည်။ အဘယ့်ကြောင့်ဆိုသော်လေပြွန်များသည် အေးသောလေများဝင်လာပါကအလိုလို ကျဉ်းသွားတတ်သောကြောင့် နဂိုကတည်းက ရင်ကျပ်အခံရှိသူများတွင် ပိုမို ဆိုးသွားခြင်းဖြစ်သည်။

 

ရင်ကျပ်စေသော လက်သည်ရှိခြင်း၊ ဥပမာ - ဖုန်မှုန့်၊ မီးခိုး၊ ပြင်းပြသော အနံ့များ

 

ရင်ကျပ်တယ်ဆိုတာကဓာတ်မတည့်မှုတစ်မျိုးပါပဲ။ခံစားရတဲ့သူအများစုမှာသိသာထင်ရှားတဲ့ အကြောင်းတစ်ခုခု ရှိစမြဲဖြစ်ပါတယ်။ တချို့က စူးရှတဲ့အနံ့တွေကို ရှူမိရင် ကျပ်တတ်တယ်။ အချို့က အစားမှားရင် ကျပ်တတ်တယ်။ အချို့က ဖုန်တွေ၊ ဆေးလိပ်ငွေ့တွေ ရှူမိရင် ကျပ်တတ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် ကျပ်ရတဲ့အကြောင်းချင်းမတူတတ်ကြပါဘူး။

 

အဖေအမေ နှင့် မောင်နှမသားချင်းများတွင် ရပ်ကြပ်ရှိခြင်း

 

ရင်ကျပ်ခြင်းဟာမျိုးရိုးလည်းလိုက်တတ်ပါတယ်။အမေ့ဆီမှာရှိရင် သားသမီးတွေဆီမှာပါ ရှိတတ်တယ်။ ရောဂါပြင်းတာ ပျော့တာတော့ ကွာပါတယ်။

 

ရာသီအလိုက်ဖြစ်ပွားခြင်း

 

ရာသီဥတုကို လိုက်ပြီး လေထုထဲတွင် ပါ၀င်သည့် ရေငွေ့နှင့် ဖုန်မှုန့်များ၊ ပန်းဝတ်မှုန်များ ပါ၀င်မှု ကွာခြားပါသည်။ ဝေဒနာသည်အများစုသည် ဆောင်းတွင်ကာလတွင် ရောဂါဖောက်တတ်ကြသည်။

 

လေပြွန်ကို ကျယ်စေသော ဆေးများပေးလိုက်ပါက ချက်ချင်းသက်သာခြင်း

 

ရင်ကျပ်ခြင်းသည် လေပြွန်များ ကျဉ်းသွားခြင်းကြောင့် ဖြစ်သောကြောင့် လေပြွန်ကို ကျယ်စေသော ဆေးများရှူလိုက်၊သောက်လိုက်၊ ထိုးလိုက်ပါကသက်သာသွားပါသည်။များသောအားဖြင့်ချက်ချင်းသက်သာတတ်သည်။ဤအချက်သည်အဆုပ်ပွရောဂါနှင့်ကွာသောအချက်ဖြစ်သည်။ အဆုပ်ပွရောဂါသည်များသည် များသောအားဖြင့် ရင်ကျပ်ဝေဒနာသည်များလောက် သက်သာတာ မမြန်လှပါ။ရင်ကျပ်သမားများကမူလေပြွန်ကျယ်ဆေးများရှူလိုက်ပါကချက်ချင်းသက်သာတတ်ကြသည်။သို့သော်ရောဂါအရမ်းရင့်လာသောအခါတွင်မူထိုရောဂါနှစ်ခုသည်လက္ခဏာများဆင်သွားတတ်ကြသည်။

 

အခြားသော ဓာတ်မတည့်သည့် ရောဂါတစ်ခုခုရှိခြင်း၊ ဥပမာ - နှင်းခူ၊ ဓာတ်မတည့်သောကြောင့် နှာစေးခြင်း

 

ဓာတ်မတည့်ခြင်းဆိုသည်မှာခန္ဓာကိုယ်တွင်ရှိသော ခုခံအားစနစ်၏ ချို့ယွင်းချက်ဖြစ်သည်။ ထို့ကြောင့် အခြားသော ဓာတ်မတည့်သည့် ရောဂါများပါ တွဲဖြစ်တတ်သည်။

 

ရင်ဘက်သည် မို့မောက်ပြီး အဆုပ်အတွင်းတွင် လေများပြည့်နေခြင်း နှင့် အခြားသော ရင်ဘက်အရိုးများ မူမမှန်ဖြစ်ခြင်း

 

ကလေးငယ်များ၏အရိုးများသည်ပျော့ပျောင်းသေးသည်။ပုံသွင်းယူလို့ရသေးသည်။ ရင်ကျပ်ရောဂါဖြစ်ပွားသော ကလေးများတွင် ရောဂါကို သေသေချာချာ control ရအောင် မကုသပါက တချိန်လုံးရောဂါဖောက်နေတတ်သည်။လေပြွန်များသည်အမြဲတမ်းကျဉ်းနေရသောကြောင့် အသက်ရှူသွင်းချိန်တွင်လည်းလေကောင်းစွာမဝင်သလိုအဆုပ်အတွင်းရှိလေများသည်လည်း အပြင်ကို ပြန်မထွက်နိုင်တော့ပေ။ အဆုပ်အတွင်း၌ လေများခိုအောင်းနေသောကြောင့် ရင်ဘတ်သည် ဖောင်းနေတတ်သည်။ ကာလကြာရှည်ဖြစ်လာသောအခါ ရင်ဘတ်ရှိ အရိုးများပါ ဖောင်းလာပြီး ခိုငှက်၏ ရင်ဘတ်ကဲ့သို့ မို့မောက်လာသည်။

 

အသက်ရှူထုတ်လိုက်သောအခါ rhonchi ဟုခေါ်သည့် အသံကို ရင်ဘက်အနံ့တွင် ကြားရခြင်း (နားကြပ်ဖြင့်)

 

ရင်ကြပ်ရှိသောကလေးတစ်ယောက် ရုတ်တရက်ရင်ကြပ်ထဖောက်လာသည့် လက္ခဏာများ

 

• မောလွန်းကြပ်လွန်းသောကြောင့် စကာမပြောနိုင်ခြင်း

• မောလွန်းကြပ်လွန်းသောကြောင့် အစာမစားနိုင်ခြင်း

• အသက်ရှူမြန်ခြင်း

• နှလုံးခုန်မြန်ခြင်း

• pulsus paradoxus

• အသက်ရှူလိုက်သောအခါ လည်ပင်းရှိ ကြွက်သားများ (accessory muscles of respiration) တက်လိုက်ကျလိုက်ဖြစ်နေခြင်း

 

အသက်အန္တာရာယ်ရှိနိုင်သော ရင်ကြပ်ခြင်း၏ လက္ခဏာများ

• နှုပ်ခမ်းများ၊ လက်သည်းများပြာလာခြင်း

• အသက်ရှူသံမကြားရတော့ခြင်း

• အသက်ရှူသောအခါ ရင်ဘက်သည် မလှုပ်သလောက်ဖြစ်သွားခြင်း

• မောပမ်းနွမ်းနယ်ခြင်းနှင့် အားအင်ကုန်ခမ်းနေခြင်း

• ကယောင်ကတမ်းပြောခြင်း၊ ဂျီကျခြင်းနှင့် သတိမကောင်းခြင်း

ကလေးတစ်ယောက်ရင်ကြပ်ရှိမရှိ ရောဂါအမည်တပ်တဲ့နေရာမှာ ရောဂါလက္ခဏာများကို ကြည့်၍ တပ်ခြင်းကသာ အဓိကဖြစ်ပါသည်။ ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ခြင်းများက ရောဂါဘယ်လောက်ဆိုးမဆိုးကို သိလို၍သာဖြစ်သည်။ ရောဂါအမည်တပ်ဖို့ မဟုတ်ပါ။

 

နောက်ဆက်တွဲဝင်လာသော ရောဂါအခြေအနေများ

• အဆုပ်ပွခြင်း(Emphysema) နှင့် လေပြွန်များဖွံ့ဖြိုးမှုမမှန်ခြင်း(Airway Remodelling)

• အဆုပ်ကိုဖုံးအပ်ထားသည့် အမြှေးပါး ပေါက်သွားပြီး ရင်ဘက်နှင့် အဆုပ်အမြှေးပါးကြားတွင် လေဝင်ခြင်း(အရပ်အခေါ် - အဆုပ်ထဲလေဝင်ခြင်း)

• အသက်ရှူစနစ်အားနည်းပြီး အလုပ်မဖြစ်တော့ခြင်း (Respiratory Failure)

• ကလေး၏ ကြီးထွားမှု နှေးကွေးသွားခြင်း(Growth Retardation)

 

ကလေးတစ်ယောက် ခဏခဏရင်ကြပ်သကဲ့သို့ အသက်ရှူကြပ်နေပါက ဖြစ်နိုင်သော အခြေအနေများ (Differential Diagnosis)

• Bronchial asthma

• Gastro-esophageal reflux

• Pulmonary eosinophilia

• Tropical eosinophilia

• Viral induced wheeze

• Foreign body

• Tuberculosis

 

ရောဂါကို စုံစမ်းစစ်ဆေးခြင်း(Investigation)

• ရင်ဘက်ကို ဓာတ်မှန်ရိုက်ခြင်း (နောက်ဆက်တွဲဝင်လာသော ရောဂါအခြေအနေများကို သိစေရန်ဖြစ်သည်)

• allergy ရှိမရှိ စစ်ဆေးခြင်း - Eosinophil count, IgE, Skin tests

• အဆုပ်ကောင်းမကောင်း စစ်ဆေးခြင်း (အသက် ၆ နှစ်အထက်ကလေးများတွင် ပြုလုပ်သည်)

• PEFR- reduced

• FEV1 - reduced

• FVC - reduced

• FEV1/ FVC - reduced

• Arterial Blood gas

• Pulse oximetry

 

ရုတ်တရက် ရင်ကြပ်လာပါက ကုသပုံ

• High flow O2(5L/min)

• Nebulized Salbutamol

• Prednisolone(short course)

• if not improved, refer to ICU

 

အသက်အန္တာရာယ်ရှိနိုင်သော လက္ခဏာများပေါ်ပေါက်လာပါက ကုသပုံ

• Infusion aminophylline

• IV hydrocortisone

• Reassess for progress

ရေရှည်အတွက် သိသင့်သောအချက်များ (Long Term Management)

ကလေးများတွင် ရင်ကျပ်ရောဂါဖြစ်ပွားပါက အများစုသည် လူပျိုအပျိုဖော်ဝင်စ အရွယ်တွင် သူ့အလိုလို ပျောက်ကင်းသွားတတ်သည်။ အချို့တွင်မူ နာတာရှည် ရင်ကျပ်ရောဂါအဖြစ် လူကြီးဘဝအထိ ပါသွားတတ်သည်။ ရင်ကျပ်ရောဂါသည် ဆေးသောက်ရုံ ဆေးရှူရုံဖြင့် ပျောက်ကင်းအောင် မကုသနိုင်သေးပါ။ ဆေးသောက်တယ် ဆေးရှူတယ်ဆိုတာက ရောဂါဆိုးမလာအောင် ခဏခဏမဖောက်အောင် ကြိုတင်ကာကွယ်ခြင်းဖြစ်သည်။ သို့မှသာ ကလေးသည် ပုံမှန်အတိုင်း အခြားကလေးများနည်းတူ ကြီးထွားနိုင်မည်ဖြစ်သည်။ ရင်ကျပ်ရောဂါကို သောက်ဆေးဖြင့် ရောဂါမထအောင် ကာကွယ်သည့်နေရာ၌ ဆေးများကို တမျိုးခြင်းသော်လည်းကောင်း၊ တွဲဖက်၍သော်လည်းကောင်း ပေးရသည်။ နောက်ပြီး ပမာဏအနည်းဆုံးမှ စပြီးပေးရသည်။ ကလေးကို ဘေးထွက်ဆိုးကျိုးများ မခံစားရစေရန်ဖြစ်သည်။ လက်ရှိပေးနေသည့် ဆေးဖြင့်မသက်သာမှသာ ဆေးပမာဏကို တိုးတန်တိုး အခြားဆေးဖြင့် တွဲဖက်၍ ပေးတန်ပေးရပါသည်။ လူကြီး ရင်ကျပ်ရောဂါတွင်လည်း ဤနည်းအတိုင်း ကုရပါသည်။ အလွန်ရှုပ်ထွေးသော ကုသမှုတစ်မျိုးဖြစ်ပါသည်။ ထို့ကြောင့် ငွေကြေးတစ်ခုတည်းကိုကြည့်ပြီး ဆေးဆိုင်များ ကွမ်းယာဆိုင်များမှ စပ်ပေးသော ဆေးများကို သောက်ပါက အနာတခြား ဆေးတခြားဖြစ်ပြီး ကုသမှုသည် မထိရောက်ဘဲ ဖြစ်တတ်ပါသည်။ မြန်မာများတွင် ရင်ကျပ်နှင့် ပတ်သက်ပြီး မှားယွင်းနေသည့် ယူဆချက်တစ်မျိုးလည်းရှိသေးသည်။ ရင်ကျပ်ရောဂါကို သက်သာစေရန် ရူဆေး၊ သောက်ဆေးနှင့် ထိုးဆေးများရှိသည်။ အချို့သော သူများက ရူဆေးရူပါက စွဲသွားတတ်သည်။ ဆေးကလည်း အရမ်းပြင်းသည် စသည်ဖြင့် ပြောကြသည်။ အမှန်တော့ Inhaler လို့ ခေါ်တဲ့ ရူဆေးတွေဟာ ဘေးထွက်ဆိုးကျိုးအနည်းဆုံးဖြစ်ပြီး အမြန်ဆုံးသက်သာစေတဲ့ ဆေးဝါးများ ဖြစ်ကြပါတယ်။ ထို့ကြောင့် အထက်ပါ ယူဆချက်များ မှားယွင်းပါတယ်။

 

Reference:

Handbook for undergraduate Paediatrics, Dept of Child Health, University of Medicine, Myanmar

Posted by ဇီဝက (ဆေး-၂)

Labels: Asthma, Lungs, Paediatrics

http://publichealthinmyanmar.blogspot.com/2010/11/blog-post_21.html

publichealthinmyanmar

Sunday, November 21, 2010



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18