Print

ကလေးများကိုယ်ပူလျှင်

  30-Oct-2016
Preview Image

 

ကိုယ်ပူခြင်းသည် ကလေးငယ်များတွင် ဗိုင်းရပ်စ်ပိုး၊ ဗက်တီးရီးယား သို့မဟုတ် ကပ်ပါးကောင်များကြောင့် ဖြစ်ပေါ်လာသော ရောဂါလက္ခဏာပင်ဖြစ်သည်။ ကလေးများ၏ “လတ်တလောဖြစ်နေသော အဆုတ်ရောဂါများ”တွင်ကိုယ်ပူခြင်းကိုတွေ့ရသည်။ နမိုးနီးယား( ခေါ်)အဆုတ်ရောင်ရောဂါတွင်လည်း ကလေးများကိုယ်ပူသည်။သို့သော် အခြားရောဂါများကြောင့်လည်းကိုယ်ပူနိုင်သည်။ ပါပူအာနယူဂီနိနိုင်ငံ တွင်လေ့လာချက်အရ ဆေးရုံများတွင်လာပြသော နမိုးနီးယားဖြစ်နေသည့်ကလေးများနှင့် နမိုးနီးယား မဖြစ်သောကလေးများကို လေ့လာကြည့်ရာ နှစ်မျိုးစလုံးတွင် အဖျားရှိကြောင်းတွေ့ရသည်။

 

အချို့ကလေးများသည် နမိုးနီးယားရောဂါ ခံစားရသည့်တိုင်အောင်ကိုယ်ပူခြင်းမရှိပေ။ အာဟာရအလွန်အမင်း ချို့ယွင်းနေသောကလေးများ၊ မွေးစကလေးများ၊ နှစ်လအောက်ငယ်သော ကလေးများသည် ၄င်းတို့၏ကိုယ်ပူချိန်ကို မထိန်းနိုင်ကြပေ။ အဆိုပါကလေးများမှာ ကိုယ်မပူဘဲအမြဲဖျားနိုင်ပေသည်။ ကိုယ်ပူခြင်းသည် အန္တရာယ်မရှိပေ။အချို့ကိုယ်ပူနေသော ကလေးများသည် လန်းဆန်းသွက်လက်ကြသည်။ ကလေး၏ စားချင်သောက်ချိန်စိတ်ကို ကိုယ်ပူခြင်းကတိုက်ရိုက်အကျိုးသက်ရောက်ခြင်းမရှိပေ။ ရောဂါပိုးဝင် ရောက်၍သာ ကိုယ်လက်မအီမသာ ဖြစ်ရခြင်းဖြစ်၏။ခြွင်းချက်တစ်ခုအနေဖြင့် နမိုးနီးယားရောဂါ အပြင်းအထန် ခံစားနေရသော ကလေးငယ်များတွင် ကိုယ်ပူပါကခန္ဓာကို ယ်သည်အေက်ဆီဂျင်ကိုပိုသုံးရပြီးနှလုံးကပိုအလုပ်လုပ်ရသော ကြောင့်ဖြစ်သည်။

 

အလွန်အမင်းဖျားနေသောကလေး ငယ်များတွင်ရောဂါအခြေအနေ ပိုဆိုးသည်။အသက်ငါးနှစ်အောက် ကလေးများတွင် ကိုယ်အပူချိန်များပါက တက်တတ်သည်။ ကလေးများတက်ပါက မိဘများအတွက် စိတ်ပူရသော်လည်း ကလေးငယ်များအတွက် အန္တရာယ်မဖြစ်စေပါ။ အချိန်အနည်းငယ်သာ ကလေးများတက်ပြီး ကုသမှုမလိုဘဲ အတက်ကျသွားနိုင်သည်။ ကိုယ်အပူချိန်ကြောင့်ကလေးများ ၁၅ မိနစ်ထက်ကျော်ပြီး တက်လျှင် သို့မဟုတ် မကြာခဏကလေးတက်နေလျှင် အကတအကျဆေး ဖီနိုတာဘီတုန်း လိုအပ်ပေသည်။ အဖျားကျဆေးပေးခြင်းဖြင့် ကလေးတက်ခြင်းကို မကာကွယ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အဖျားကျဆေးမပေးမည်ကပင် အပူချိန်များ၍ ကလေးတက်ရခြင်းဖြစ်ပေ သည်။

 

အသက်နှစ်လအောက် ကလေးငယ်များတွင် ကိုယ်ပူခြင်း သို့မဟုတ် ကိုယ်အပူချိန်လျှော့နည်းနေခြင်း စသည်တို့ကို အလွန်အရေးကြီးသော အန္တရာယ်လက္ခဏာဖြစ်သည်။ ယင်းလက္ခဏာများမှာ ဗက်တီးရီးယား ရောဂါများဖြစ်သော ဦးနှောက်အမြှေးရောင် သို့မဟုတ် နမိုးနီးယားရောဂါတို့၏ လက္ခဏာများပင်ဖြစ်သည်။ ၄င်းကလေးများကို ဆေးရုံတင်ပြီး ပဋီဇီဝဆေးများဖြင့် ကုသရသည်။

 

မည်သည့်အချိန်တွင် ကိုယ်ပူခြင်းကိုကုသနိုင်မည်နည်း

အကယ်၍ ကိုယ်ပူခြင်း ချောင်းဆိုးခြင်း သို့မဟုတ် အသက်ရှူကျပ်သော ကေလေးကို ဆေးရုံးဆေးခန်းသို့ ခေါ်လာပါက ဆရာဝန် ဆရာမများသည် အဆိုပါကလေးတွင် နမိုးနီးယားရောဂါ ရှိ၊ မရှိကြည့်ရှုပါ။ အောက်ပါအခြေအနေများတွင် အဖျားကျရန် အရေးကြီးပါသည်။

 

(၁) ကိုယ်အပူချိန် သိပ်များသောကလေးများ (၃၉ ဒီဂရီစင်တီဂရိတ် သို့မဟုတ် ထို့ထက်များနေလျှင်)၊

(၂) ကလေးငယ်သည် ကိုယ်လကါမအီမသာဖြစ်ပြီး မလှုပ်မယှက်ဖြစ်နေလျှင်၊

(၃) နမိုးနီးယားရောဂါ ပြင်ထန်စွာဖြစ်နေသော ကလေးများတွင် အောက်ဆီဂျင်လိုအပ်၍ အဖျားချရန် အရေးကြီးသည်။ အဖျားချလိုက်ပါက ခန္ဓာကိုယ်က လိုအပ်သောအောက်ဆီဂျင်ပမာဏမှာ ကျသွားပေသည်။ ပါရာစီတမော ကုသခြင်း ကလေးငယ်များတွင် အဖျားကျသောဆေးမှာ ပါရာစီတမော ဆေးဖြစ်သည်။ အက်(စ)ပရင်သည်အာနိသင်ထက်မြတ်သော ကိုယ်ပူကျဆေးဖြစ်သော်လည်း မလိုအပ်သောအပြစ်အနာ အဆာများရှိ၍ ကလေးများတွင်မသုံးသင့်ပါ။ လတ်တလောဖြစ်နေသော အဆုတ်ရောဂါများ (အေအာရ်အိုင်) နှင့် ဖြစ်ခါစ အဖျားရောဂါဖြစ်နေသော ကလေးများမှာ လန်းဆန်းဖျတ်လတ်နေနေ၍ ပါရာစီတမော မလိုအပ်ပေ။ ကလေးများ ရေများများတိုက်ရန်နှင့် အဝတ်ထူထူမဝတ်ရန် မိဘများလမ်းညွှန်ပေးပါ။ ထို့အပြင် ကိုယ်ပူခြင်းသည် အန္တရာယ်မဖြစ်ကြောင်း မိဘများအား ကျန်းမာရေးလုပ် သားများက ပညာပေးရှင်းပြသင့်သည်။

 

ကလေးကို ရေခပ်နွေးနွေး သို့မဟုတ်ရေးအေးဖြင့် ရေပတ်တိုက်ခြင်း မပြုလုပ်ရပါ။ ယင်းသို့ပြုလုပ်ပါက ကလေးများချမ်းတုန်ပြီး ကိုယ်လက်မအီမသာ ဖြစ်တတ်သည်။ နမိုးနီးယားရောဂါ ဆိုးဆိုးရွားရွားဖြစ်နေသော ကလေးငယ်များတွင်ချမ်းတုန်ဖျားပါက အသက်ရှူလုပ်ငန်း ပျက်စီးသွားနိုင်ပေသည်။ ထို့အတူကိုယ်ပူနေသော ကလေးအား အရက်ဖြင့်ပွတ်တိုက်ခြင်းမပြုရပါ။ အကယ်၍ပြုလုပ်ခဲ့သော် အရက်သည်ကလေး ၏ အရည်ပြားမှတဆင့် စုပ်ယူခဲ့ရပြီး ကလေးငယ်အား အဆိပ်အတောက်ဖြစ်စေပါသည်။

 

ဆောင်ရန်္

၁။ ကလေးငယ်အား ရေများများတိုက်ပါ။

၂။ လေကောင်းလေသန့်ရပြီး အေးမြသောအခန်းတွင် ကလေးအားထားပါ။

၃။ ပါရာစီတမောဆေးကို နှစ်လထက်ကျော်သော ကလေးငယ်များတွင်ပေးနိုင်ပါသည်။

- အကယ်၍ကလေး၏ကိုယ်ပူချိန်သည် ၃၉ ဒီဂရီ စင်ဒီဂရိတ်ထက်ကျော်လျှင်၊

- နမိုးနီးယားရောဂါ ပြင်းထန်စွာဖြစ်နေသော ကလေးတွင် အောက်ဆီဂျင်ပေးရန်လိုအပ်လျှင်၊

၄။ ငှက်ဖျားရောဂါ အဖြစ်များသောဒေသတွင် ငှက်ဖျားဖြတ်ဆေးကိုပေးပါ။

၅။ နှစ်လထက်ငယ်သော ကလေးများဖျားလျှင် ဆေးရုံသို့လွှဲပေးပါ။

 

ရှောင်ရန်

 

၁။ ကိုယ်ပူပြီးချောင်းဆိုးနေသော ကလေးတိုင်းကို ပဋီဇီဝဆေးများမပေးရပါ။

- နမိုးနီးယားရောဂါ၏ လက္ခဏာများကို မပြတ်ကြည့်ရှုပါ။ (အသကရှူမြန်ခြင်း သို့မဟုတ် အသကရှူလိုက်စဉ် ရင်ဘတ်အတွင်း ချိုင့်ဝင်ခြင်း)

၂။ ကိုယ်ပူသောကလေးများကို ရေနွေးသို့မဟုတ် ကြက်သီးနွေးဖြင့် ကိုယ်ပတ်မတိုက်ရပါ။

၃။ ကိုယ်ပူသောကလေးများကို အရက်ဖြင့်မပွတ်လိမ်းရပါ။

၄။ ကိုယ်ပူသောကလေးများအား အဝတ်ခပ်ထူထူမဝတ်ပေးရ။

 

ကိုယ်ပူခြင်းအကြောင်း

 

လူ့ခန္ဓာကိုယ်၏အပူချိန်ကို ဦးနှောက်ကထိန်ညှိထားပြီး ၃၇ ဒီဂရီစင်တီဂရိတ်တွင် ရှိအောင်ညှိပေးသည်။ အေးသောရာသီတွင် ခန္ဓာကိုယ်သည် ချမ်းတုန်ပေးခြင်းဖြင့်နွေးနွေးထွေးထွေးအဝတ်ဝတ်အောင် ပြုလုပ်ပေးပါ။ တစ်ခါတရံတွင် ဦးနှောက်မှထိန်းညှိထားသည့် တိုင်အောင် ခန္ဓာကိုယ်သည်ပုံမှန်အပူချိန်ကို မထိန်းညှိနိုင်ပေ။ မွေးကင်းစကလေးများမှာ အေးသောပတ်ဝန်းကျင်တွင် ပုံမှန်ရရှိမည့် ခန္ဓာကိုယ်အပူချိန်ထက် လျော့နည်းစွာရှိနေသည်။ တစ်ခါတစ်ရံတွင် ပူပြင်းစိုထိုင်းသောရာသီတွင် လူ့ခန္ဓာကိုယ်သည် ပုံမှန်ထက်ပိုပူနေသည်။ ကိုယ်ပူလျှင် ခန္ဓာကိုယ်သည် ပုံမှန်ရရှိမည့် ကိုယ်အပူချိန်ထက် ပိုများလာသည်။

 

ကိုယ်ပူခြင်းသည်ရောဂွပိုးဝင်ခြင်းကြောင့် ဖြစ်ပေါ်သော တုံပြန်မှုသာဖြစ်သည်။ ကိုယ်ပူခြင်းသည် ပတ်ဝန်းကျင်အပူချိန်ပေါ် မူတည်ခြင်းမရှိပေ။ ကိုယ်ပူလျှင် ဦးနှောက်သည် ခန္ဓာကိုယ်အား ၃၇ ဒီဂရီစင်တီဂရိတ်တွင်ရှိအောင် မထိန်းနိုင်တော့ဘဲ၃၈ သို့မဟုတ် ၃၉ ဒီဂရီ စင်တီဂရိတ်အထိရောက်ရှိနေပေသည်။ ဤကဲ့သို့အပူချိန်တိုးလာခြင်းမှာ ခန္ဓာကိုယ်ကို အကျိုးရှိစေသည်။ ကိုယ်ပူနေသောအခြေအနေတွင် ရောဂါပိုးကို တွန်းလှန်နေသော ခန္ဓာကိုယ်၏ ခုခံအားမှ ပိုကောင်းလာကြောင်းတွေ့ရပေသည်။

 

Author; ဒေါက်တာလှဖေ

Health For All Magazine

No.100 , p.17-18, May, 2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18