Print

HIV က ပါးစပ်နဲ့ လိင်ဆက်ဆံရင် ဘယ်လိုပုံစံနဲ့ ကူးစက်နို်င်ပါသလဲ

  28-Feb-2017
Preview Image

 

အိတ်ချ်အိုင်ဗွီပိုးဟာ လိင်အင်္ဂါက ထွက်တဲ့အရည်မှာ အများဆုံးရှိပါတယ်။ ပါးစပ်နဲ့ လိင်ဆက်ဆံတဲ့အခါမှာ လိင်အင်္ဂါက အရည်တွေဟာခံတွင်းထဲ၊ အာခေါင်ထဲကို ရောက်လာမယ်။ ခံတွင်းထဲ၊ အာခေါင်ထဲမှာ အနာရှိနေရင် အဲ့ဒီအနာပေါက်ကနေတဆင့် ရောဂါ ပိုးတွေ အလွယ်တကူဝင်သွားပြီး ရောဂါကူးမယ်။  အနာ မရှိပေမယ့်လည်း ရောဂါ မကူးနိုင်ဘူးဆိုပြီး စိတ်ချနေလို့မရပါဘူး။ ခံတွင်းရဲ့နံရံတွေကို နုနယ်ပါးလွှာတဲ့ အမြှေးပါးဟာ မာတဲ့ အစာတွေ၊ အရိုးတွေ ကိုက်ဝါးထားတဲ့ဒဏ်၊ သွားတိုက်ရင်း သွားပွတ်တံနဲ့ ဖုံးအုပ်ထားတယ်။ အဲ့ဒီအမြှေးပါးဟာ မာတဲ့အစာတွေ၊ အရိုးတွေ ကိုက်ဝါးထားတဲ့ဒဏ်၊ သွားတို်က်ရင်း သွားပွတ်တံနဲ့ ပွတ်မိထားတဲ့ ဒဏ်တွေကြောင့် သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ပွန်းပဲ့မှုတွေ ရှိနေမယ်။ ရောဂါပိုးတွေဟာ ပွန်းပဲ့နေတဲ့ အမြှေးပါးကတဆင့် ခန္ဓာကိုယ်ထဲရောက်ပြီး ရောဂါ ကူးစက်နိုင်တယ်။ အဲ့ဒါကြောင့် ဘယ်ပုံစံနဲ့ပဲ လိင်ဆက်ဆံဆက်ဆံ ရောဂါမကူးအောင် ကွန်ဒုံး ( အက်ဖ်အယ်လ်/ F.L ) ကို သုံးပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : Unicef ( Page131. No.111 ,Health For All , April 2016 )

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18