Print

တီဘိရောဂါနှင့် အေအိုင်ဒီအက်စ်ရောဂါ

  28-Feb-2017
Preview Image

တီဘီရောဂါနှင့် အေအိုင်ဒီအက်စ်ရောဂါ ဘယ်လိုဆက်နွှယ်နေသလဲ။

အေအိုင်ဒီအက်စ်ရောဂါဖြစ်ပွားနေသူတွေမှာ တီဘီရောဂါဟာ အဓိကကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ အိတ်ချ်အိုင်ဗွီပိုး ရှိတဲ့သူတွေမှာ ခုခံစွမ်းအား ကျလာတဲ့အတွက်  တီဘီရောဂါကူးဖို့ အခွင့်အလမ်းပိုများပါတယ်။ သူတို့မှာဖြစ်တဲ့ တီဘီရောဂါကလည်း သာမန်ထက် ပိုပြီး ပြင်းထန်နိုင်ပါတယ်။ စနစ်တကျဆေးကုသမှုခံယူပြီး အချိန်မှန်မှန် ဆေးသာက်ဖို့ဆေးပတ်လည်အောင် သောက်ဖို့အတွက် ရေးကြီးပါတယ်။ တီဘီရောဂါကို မကုဘဲထားရင် လူနာချောင်းဆိုးတဲ့ လေကတစ်ဆင့် အနားမှာရှိတဲ့ လူတွေကို တီဘီရောဂါကူးနိုင်ပါတယ်။ အိတ်ချ်အိုင်ဗွီပိုးကတော့ လေထဲက တစ်ဆင့် မကူးစက်နိုင်တဲ့အတွက် လူနာချောင်းဆိုးပေမယ့် အေအိုင်ဒီအက်စ် ရောဂါမကူးနိုင်ပါဘူး။ 

 

တီဘီရောဂါ မကူးစက်အောင် လူနာမှာ တီဘီရောဂါရှိတယ်လို့ သံသယရှိပါက သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ ပြသပြီး ထိထိရောက်ရောက်ဆေးကုပါ။ လူနာချောင်းဆိုးတိုင်းပါးစပ်နဲ့ နှာခေါင်းကို လက်ကိုင်ပဝါနှင့်အုပ်ပြီး ချောင်းဆိုးပါစေ။ လူနာရဲ့ ထွေးခံကိုလည်း ကတ်ထူပြား (သို့) အဖုံးတစ်ခုခုနဲ့ ဖုံးထားရပါမယ်။ ထွေးခံကို သွန်တဲ့အခါ အိမ်သာကျင်းထဲကို သွန်ပါ။ လူနာကိုထားတဲ့ အခန်းနေရာဟာ လေဝင်လေထွက်ကောင်းဖို့လိုတဲ့အတွက်ပြတင်းပေါက်တွေ ဖွင့်ထားဖို့ အရေးကြီးပါတယ်။ မြန်မာပြည်မှာ အေအိုင်ဒီအက်စ် ရောဂါသည်တွေကို ပြုစုကုသပေးတဲ့ ဆေးရုံရှိနေ
ပါပြီ။ မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ပြည်နယ်နှင့်တိုင်း ဆေးရုံကြီးများနှင့် မြို့နယ်ဆေးရုံတွေမှာ ခုခံအားကျဆင်းလို့ ဖြစ်လာတဲ့ နောက်ဆက်တွဲ ရောဂါဝေဒနာအမျိုးမျိုး (ဥပမာ တီဘီ အဆုတ်ရောဂါ၊ အူရောင်ရောဂါ၊ ဦးနှောက်ရောင်ရောဂါ) ကိုပျောက်ကင်း သက်သာအောင် ကုသပေးလျက်ရှိပါတယ်။ ရန်ကုန်မှာရှိတဲ့ ဆေးရုံတိုင်းမှာ အေအိုင်ဒီအက်စ် ရောဂါသည်တွေကို ပြုစုကုသပေးပါတယ်။ မြောက်ဥက္ကလာပမြို့နယ် ဝေဘာင်္ဂအထူးကုဆေးရုံကြီးမှာလည်း အေအိုင်ဒီအက်စ် ရောဂါအပြင် အခြားကူးစက်ရောဂါများကို ကုသပေးလျက် ရှိပါတယ်။

 

အိတ်ချ်အိုင်ဗွီပိုးကို သေအောင်သတ်နိုင်တဲ့ ဆေးမရှိသေးဘူးလို့ ပြောတာပါ။ ဒါပေမယ့် ခုခံအားကျသွားလို့ ပေါ်လာတဲ့ရောဂါ ဝေဒနာအမျိုးမျိုးကို ပျောက်ကင်းသက်သာအောင် ကုသပေးနိုင်တဲ့ ဆေးတွေရှိပါတယ်။ ဥပမာ -တီဘီရောဂါ၊ ဝမ်းလျှောရောဂါ၊ ဦးနှောက်ရောင်ရောဂါ၊ မှက္ခရုစတဲ့ ရောဂါတွေကို ကုသနိုင်တဲ့ ဆေးတွေရှိပါတယ်။ အဲဒီဆေးတွေအပြင်အိုင်ချ်အိုင်ဗွီပိုးတွေ ခန္ဓာကိုယ်အတွင်းမှာ မပြန့်ပွားအောင် ထိန်းထားနိုင်တဲ့ ဆေးတွေလည်းရှိပါတယ်။ ရောဂါပိုးတွေ ထပ်မပွားတော့ လူနာရဲ့အခြေအနေကို သက်သာစေတယ်။ ရောဂါလက္ခဏာတွေ ပေါ်လာတာနှောင့်နှေးသွားမယ်။ တခြားရောဂါပိုးတွေ ဝင်လာမယ့် အန္တရာယ်ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အေအိုင်ဒီအက်စ်ဖြစ်တာနဲ့ ဘဝဆုံးပြီလို့ မဆိုနိုင်ပါဘူး။ ကျန်းမာရေးဝန်ထမ်းတွေက အတိုင်းအတာတစ်ခုအထိ ကူညီနိုင်ပါတယ်။

 

ရောဂါရဲ့သဘာဝဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် အိုင်ချ်အို်င်ဗွီပိုး ခန္ဓာကိုယ်ထဲရောက်ပြီး ငါးနှစ်ကျော် ၁၀ နှစ်အထိ ရောဂါလက္ခဏာ မပြသေးပါဘူး။ အဲဒီအချိန်မှာ လူကောင်းအတိုင်း ရှိနေပါမယ်။ အဲဒီနောက်ပိုင်း ရောဂါလက္ခဏာ ပေါ်လာပါမယ်။ အေအိုင်ဒီအက်စ်ရောဂါ လက္ခဏာပေါ်ပြီးရင် ခြောက်လမှ နှစ်နှစ်အတွင်း သေဆုံးနိုင်ပါတယ်။ ရောဂါပိုးရှိမှန်း သိသိချင်းစနစ်တကျ ဆေးကုသမှုခံယူမယ်။ အနေအထိုင် ခြင်ဆင်မယ်၊ ကိုယ်ရောစိတ်ပါ ကျန်းမာအောင် ကြိုးစားမယ်ဆိုရင် အသက်ပိုရှည်တတ်ပါတယ်။ အေအိုင်ဒီအက်စိရောဂါ ဝေဒနာရှင်တွေကို ဆေးရုံမှာ အမြဲထားပြီး ကုသဖို့မလိုပါဘူး။ ဝေဒနာပြင်းထန်နေတဲ့ အချိန်အခါမှာသာ ဆေးရုံတင်ဖို့လိုပါတယ်။ ကျန်တဲ့အချိန်တွေမှာ ကိုယ့်အိမ်မှာပဲနေပြီး အတူနေမိသားစုတွေက ပြုစုစောင့်ရှောက်ပေးဖို့လည်း ရပါတယ်။


အေအိုင်ဒီအက်စ်ရောဂါဖြစ်တဲ့ လူနာရဲ့သွေး၊ အညစ်အကြေးပေတဲ့ အဝတ်တွေနဲ့ အခြားအသုံးအဆောင်တွေကို ခွဲပြီးလျှော်ဖွပ်ပါ။ မပေသေးတဲ့အစနေရာမှ ကိုင်ပြီး သွေးတွေအညစ်အကြေးတွေကိုရေနဲ့ အရင်ဆေးပါ။ ပုံမှန်လုပ်နေကျအတိုင်း ဆပ်ပြာရည်နဲ့ လျှော်၊ နေပူလှန်း၊ မီးပူတိုက်ပါ။ ဆပ်ပြာရည်အစား အရောင်ချွတ်ဆေးမှုန့်အရည် သုံးနိုင်ရင်တော့ ပိုကောင်းပါတယ်။ အရောင်ချွတ်ဆေးရည်နဲ့ လျှော်မယ်ဆိုရင်ဆေးမှုန့်ကို ရေပုံးထဲမှာ ရေသန့်ဘူး ( တစ်လီတာဗူး) တစ်ဗူးစာရေထည့်ပါ။ အရောင်ချွတ်ဆေးမှုန့် ထမင်းစားဇွန်း (စတီးဇွန်းအရွယ်) တစ်ဇွန်းကိုရေထဲထည့်မွှေပြီး ဆေးမှုန့်တွေပျော်သွားတဲ့အခါ ခန့်မှန်းခြေ ၅ ရာခိုင်နှုန်းပါတဲ့ အိမ်သုံးအရောင် ချွတ်ဆေးမှုန့်အရည်အဖြစ်သုံးလို့ ရပါပြီ။ အရောင်ချွတ်ဆေးမှုန့် အရည်ဟာဖျော်ပြီးရင် အာနိသင်တွေ လျော့သွားတတ်ပါမို့ သုံးခါနီမှ ဖျော်ပြီးသုံးတာ ပိုကောငး်ပါတယ်

 

လူနာရဲ့ ခန္ဓာကိုယ်မှထွက်တဲ့အရည်များကို မထိမိအောင် ကာကွယ်ရပါမယ်။ လူနာရဲ့သွေးတွေ၊ အရိအရွှဲတွေကို ကိုင်တွယ်တဲ့အခါ ကိုယ်ရဲ့လက်မှာ ပွန်းပဲ့ဒဏ်ရာရှိရင် အနာ၊ နှင်းခူရှိရင် လက်မစိုအောင် လက်မပေအောင်။ လက်အိတ် (သို့) ပလတ်စတစ်အိတ်ကို သုံးပါ။ သွေး၊ အရိအရွှဲပေနေတဲ့နေရာကို ဆပ်ပြာရည် (သို့) အရောင်ချွတ်ဆေးရည်နှင့် သန့်စင်အောင်ဆေးပါ။ အေအိုင်ဒီအက်စ်ရောဂါနဲ့ သေဆုးံတဲ့အခါ အခြားရောဂါနဲ့ သေတဲ့လူတွေလိုပဲ အသုဘကိစ္စ ဆောင်ရွက်လို့ရပါတယ်။ ရေချိုးပေးလို့လည်းရပါတယ်။ တစ်ခုသတိထားရမှာက သေဆုံးသူရဲ့ ခန္ဓာကိုယ်က ထွက်လာတဲ့ အရည်တွေကို ကိုယ်တွယ်ရတဲ့အခါ မတော်တဆ ကူးနိုင်တယ်။ 

 

သေဆုံးသူရဲ့ ခန္ဓာကိုယ်အပေါက်တွေကို ဂွမ်းစနဲ့ဆို့ပါ။ ကိုင်တွယ်တဲ့အခါမှာလည်း တစ်ခါသုံး လက်အိတ်သုံးပါ။ ကိုင်ပြီးရင် ဆပ်ပြာနဲ့ လက်ဆေးပါ။ အေအိုင်ဒိအက်စ်ရောဂါကြောင့် ဇနီး (သို့) ခင်ပွန်းသေသွားခဲ့ရင် ကျန်ခဲ့တဲ့သူက နောက်ထပ် အိမ်ထောင်ပြုသင့် မပြုသင့်ကို ကာယကံရှင်တွေကို ဆန္ဒအတိုင်း ဆုံးဖြတ်နိုင်ပါတယ်။ အရေးကြီးတာက ေနာက်အိမ်ထောင် ပြုခဲ့လို့ရှိရင် ကိုယ်မှာ အိုင်ချ်အိုင်ဗွီပို ရှိနေရင် ကြိုကြိုတင်တင် ဖွင့်ပြောဖို့ သင့်ပါတယ်။ တစ်ယောက်ကနေ တစ်ယောက် ရောဂါထပ်ပြီး မကူအောင်လည်း အကာအကွယ်ယူဖို့ လိုပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Unicef
Health foe all magazine, August 2016, P127

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18