Print

အရေပြားတင်းအောင်ထိုးသည့်ဆေး

  08-Jan-2022
Preview Image

အသက်အရွယ်နည်းနည်းကြီးလာလို့ မျက်နှာမှာ အရေးအကြောင်းပေါ်လာတဲ့ အခါ ဒီအရေပြားတွန့်နေတာပျောက်ပြီး တင်းတင်းရင်းရင်းဖြစ်အောင် အလှပြင်ကုသရေးဆေးခန်းတွေမှာ ထိုးပေးကြတဲ့ Botox ထိုး ဆေးကို အများအားဖြင့် သိကြပါတယ်။ အမျိုးသမီးအပြင် လှချင်တဲ့ အမျိုးသားတွေလည်း ထိုးကြတာပါ။ ၂၀၁၂ ခုနှစ်စာရင်းအရ ကမ္ဘာမှာ လူပေါင်း ၆ ဒသမ ၁ သန်း ထိုးခဲ့တယ်လို့ဆိုပါတယ်။ ဒီ Botoxလို့ခေါ်တဲ့ဆေးဟာ နာမည်အရှည်က Botulinum Toxin ပါ။ ဒီဆေးဟာ ဦးနှောက်နှင့် အာရုံကြောကို အင်မတန်အန္တရာယ်ပေးတဲ့ Clostrium Botulinum ဆိုတဲ့ Bacteriaအကောင်သေတဲ့အခါ ရရှိတဲ့ Neturotoxin (အာရုံကြောအဆိပ်) ကို ဖော်စပ်ပေးတဲ့ဆေးပါ။ ဒီဆေးတွေဟာ လူ့အာရုံကြောကို အလွယ်တကူသေသွားစေပြီး အဲဒီအာရုံကြောနှင့် ပတ်သက်တဲ့ ကြွက်သားအားလုံး Paralyse (လေဖြတ်ခြင်း) ဖြစ်ရတာပါ။ ဒီလိုလေဖြတ်ပြီး ကြွက်သားတင်း သွားတော့မှ မျက်နှာက အတွန့်တွေ၊ အရေးအကြောင်းတွေပျောက်သွားရတာပါ။ ဒါပေမယ့် ဒီဆေးထိုးရာမှာ အန္တရာယ်မရှိအောင် ဆေးအစွမ်းရဲ့အဆပေါင်းများစွာနည်းအောင် ပြုလုပ်ထားပြီးမှ ထိုးတာဖြစ်တဲ့အတွက် ဒီဆေးနှင့်အပြိုင် နည်းတစ်ခုပေါ်နေပါပြီး။ ဒီနည်းကတော့ Dermal Filler ခေါ်တဲ့နည်းပါ။ ဒီနည်းမှာထိုးတဲ့ Hyaluronic Acid အရည်ဟာ အရေပြာအောက်မှာ သဘာဝအတိုင်းရှိတတ်တဲ့လူ့ခန္ဓာကိုယ်က အရည်တစ်မျိုးပါ။ ဒါကို ဆေးဖော်စပ်ပြီး တွန့်နေတဲ့ အရေပြားအောက်တည့်တည့်မှာ ထိုးလိုက်တဲ့အခါ ချက်ချင်း ဆိုသလို အတွန့်ပျောက်သွားနိုင်ပြီး လူခန္ဒာကိုယ်က သဘာဝပစ္စည်း အရည်တစ်ခုဖြစ်တဲ့အတွက် အန္တရာယ်လည်း မရှိနိုင်ဘူးလို့ဆိုပါတယ်။ဒါပေမယ့် မကောင်းတာတစ်ခုကတော့ ဒိအရည်တွေရဲ့ပျော်ဝင်မှုကြောင့် ဆေးကိုတစ်ခါပြန်ထိုးရတတ်တယ်လို့ ဆိုပါတယ်။ အလှပြင်ချင်သူတွေ ရွေးချယ်နိုင်အောင် တင်ပြလိုက်ရပါတယ်။

  

Ref:

 

ဒေါက်တာကံညွန့်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနဲ့ ပတ်သက်ပြီး Healthcare.com.mm ရဲ့ hotline နံပါတ် 7887 သို့ MPT, ATOM မိုဘိုင်းလ်ဖုန်းများဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနဲ့ တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18