Print

ကလေးငိုနေလား၊ သီချင်းနဲ့ ချော့ပါ

  07-Jan-2022
Preview Image

ကလေး အငိုတိတ်အောင် စကားတွေကလေးကို ပြောနေမည့်အစား သီချင်းဆိုပြပါဟု လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုသည်။ လေ့လာမှုအရ ကလေးသည် သီချင်း နားထောင်ရသည့်အခါ မိဘစကားပြောတာ နားထောင်ရတာထက် နှစ်ဆလောက် အချိန်ကြာကြာ ပိုငြိမ်စွာ နေတတ်သလို၊ အငိုတိတ်လည်း ပိုမြန်ကြောင်း တွေ့ရသည်။ ကလေးများသည် သီချင်းစာသားကို နားမလည်သည့်တိုင် ဂီတသံစဉ်မှာ စီးမျောနိုင်စွမ်းတွင်မူ လူကြီးများနှင့် အတူတူပင် ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ဆိုလိုက်သည်။ကနေဒါနိုင်ငံ မွန်ထရီအဲ တက္ကသိုလ်မှ ပါမောက္ခ အစ္စဘယ်လာပါရက်ဇ်နှင့် အဖွဲ့ကလေ့လာသုတေသန ပြုထားခြင်း ဖြစ်သည်။အသက်ခြောက်လမှ ကိုးလကြား ကျန်းမာသန်စွမ်းသော ကလေးငယ် (၃၀)ဖြင့် သုတေသနပြုထားသည်။ မိဘက တီတီတာတာ စကားဆိုသည်၊ လူကြီးသ ံပုံမှန်အတိုင်း စကားပြောသည်၊ ကလေးများ နားမလည်သည့် တူရကီ သီချင်းဖွင့်ပြသည်။

 

လေ့လာမှု အပြည့်အစုံကို Infancy ဂျာနယ်တွင် ထည့်သွင်းဖော်ပြထားသည်။ ကလေးများ ပုံမှန်အနေအထားမှသည် ငိုချင်ချင် ဖြစ်လာသည်အထိ စမ်းသပ်သည်။ ထိုအခါ မိဘက တီတီတာတာ စကားပြောချိန်တွင် လေးမိနစ်အကြာ၌ ကလေးငိုသည်။ လူကြီးသံနှင့် ပုံမှန်ပြောသည်တွင် လေးမိနစ် မပြည့်ခင်မှာပင် ကလေးငိုသည်။ ကလေးနားမလည်သော တူရကီသီချင်း ဖွင့်ပြသည်တွင် ကိုးမိနစ်ကြာမှ ကလေးငိုသည်။ ထိုသုံးခုကို ယှဉ်ကြည့်ရုံဖြင့် ကလေးများသည် ဂီတသံကို အကြိုက်ဆုံးဖြစ်ကြောင်း သိနိုင်သည်ဟု စစ်တမ်းက ဆိုသည်။ သို့ဖြစ်ရာ မိဘများအနေဖြင့် ကလေးငိုနေသည့် အခါတွင်လည်း စကားပြောကာ ချော့မည့်အစား သီချင်းဆိုပြခြင်းသည် အသင့်တော်ဆုံး ဖြစ်လိမ့်မည်ဟု စစ်တမ်းက အကြံပြုသည်။


Healthcare.com.mm

Credit:Messenger


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနဲ့ ပတ်သက်ပြီး Healthcare.com.mm ရဲ့ hotline နံပါတ် 7887 သို့ MPT, ATOM မိုဘိုင်းလ်ဖုန်းများဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနဲ့ တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18