Print

ကျောက်ကပ်ကင်ဆာရှိကြောင်း သိရှိနိုင်သော ရောဂါလက္ခဏာရပ်များ

  04-Jan-2022
Preview Image

ဆီးထဲသွေးပါခြင်း 

ကျောက်ကပ်ကင်ဆာအဖွဲ့ရဲ့ လေ့လာမှုအရ ဆီးထဲမှာ သွေးပါတာက ကျောက်ကပ်ကင်ဆာရောဂါမှာ တွေ့ရများတဲ့ လက္ခဏာတစ်ရပ်လို့ ဆိုပတယ်။ ဆီးထဲသွေးပါရင် ဆီးအရောင်က ပန်းရောင်၊ အညိုရောင်၊ အနီရောင်စတဲ့ အရောင်အမျိုးဖြစ်နေတာကို တွေ့ရတတ်ပါတယ်။ ဆီးထဲမှာ သွေးပါတာရဲ့ နောက်ထပ်ဖြစ်နိုင်တဲ့အချက်တွေက ဆီးအိတ်ပိုးဝင်တာ၊ ဆီးကျောက်တည်တာ၊ အရည်အိတ်တည်တာနဲ့ ရောင်ရမ်းတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဆီးထဲမှာ သွေးပါခဲ့ရင် ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးမှုကို မဖြစ်မနေခံယူဖို့ လိုပါတယ်။

 

ခါးနာခြင်း

ကျောက်ကပ်ကင်ဆာရှိသူတွေရဲ့ တချို့မှာ ကင်ဆာက နောက်ဆုံးအဆင့် ရောက်ရှိနေရင်တောင် ခါးနာတဲ့လက္ခဏာ မပြတတ်တာမျိုးလည်း ရှိတတ်ပါတယ်။ ကျောက်ကပ်ကင်ဆာမှာ ခန္ဓာကိုယ်ရဲ့ ဘေးဘက်ခါးနေရာမှာ တစ်ဖက်မှာသာ နာပြီး နာကျင်မှုက တဖြည်းဖြည်းချင်း တင်ပါးဆုံပိုင်းနှင့် နံရိုးအောက် ဝမ်းဗိုက်ပိုင်း ရောက်သွားတတ်ပါတယ်။ နာကျင်မှုက တဖြည်းဖြည်းချင်းနဲ့ မခံမရပ်နိုင်အောင် စူးရှနာကျင်တတ်ပါတယ်။ ရုတ်တရက် နာကျင်မှုကို ခံစားရပြီး ၁-၂ ရက်အတွင်း မသက်သာပါက ဆရာဝန်ထံ ပြသသင့်ပါတယ်။

 

အဖု၊ အလုံးအကျိတ်

 

ဝမ်းဗိုက်ထဲမှာ အဖု၊ အလုံး၊ အကျိတ်င်္တေ တွေ့ရရင်တော့ ကျောက်ကပ်ကင်ဆာရဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ ကျောက်ကပ်မှာ အလုံးအကျိတ်ပေါ်က ဝမ်းဗိုက်ရဲ့ တွင်းဘက်ကျတာကြောင့် လက်နဲ့စမ်းကြည့်ဖို့ ခက်ခဲတတ်ပါတယ်။ ဝမ်းဗိုက်ပိုင်းမှာ အလုံးအကျိတ်တွေ့ရပါက ဆရာဝန်က အာထရာဆောင်း၊ CT Scan တွေ ရိုက်ကြည့်ပြီး စစ်ဆေးမှုကို ဆောင်ရွက်နိုင်ပါလိမ့်မယ်။

 

မောပန်းနွမ်းနယ်နေခြင်း

မောပန်းနွမ်းနယ်နေတဲ့ လက္ခဏာကတော့ ကင်ဆာရောဂါအများစုမှာ တွေ့နိုင်ပါတယ်။ ကင်ဆာရောရါရှိသူတွေမှာ မောပန်းနွမ်းနယ်တာမျိုးက လှုပ်ရှားမှုတွေကြောင့်မောပန်းတာမျိုးနဲ့ မတူပါဘူး။ ကင်ဆာကြောင့် မောပန်းနွမ်းနယ်နေတာမျိုးက အနားယူတာ၊ အိပ်စက်တာတွေ ပြုလုပ်လိုက်ပေမယ့် မပြေပျောက်တတ်ပါဘူး။ ကင်ဆာရောဂါရှိသူတွေရဲ့မောပန်းနွမ်းနယ်မှုက နေ့စဉ်လုပ်ငန်းဆောင်တာတွေ မလုပ်ချင် မကိုင်ချင်လောက်အောင်ဖြစ်တတ်ပါတယ်။

 

ကိုယ်အလေးချိန်နည်းခြင်း၊ အစာစားချင် စိတ်မရှိခြင်းနှင့် ဖျားနာခြင်း

ကျောက်ကပ်ကင်ဆာရဲ့ နောက်ထပ်ထင်ရှားတဲ့ လက္ခဏာတစ်ရပ်ကတော့ ကိုယ်အလေးချိန် ချနေတာမဟုတ် ရုတ်တရက် ကိုယ်အလေးချိန် လျော့နည်းသွားတတ်ပါတယ်။ အစားအသောက် စားချင်စိတ်မရှိဘဲ ကြိုက်နှစ်သက်တဲ့ အစားအသောက်တွေကိုတောင်စားချင်သောက်ချင်စိတ် ပျောက်ဆုံးနေတတ်ပါတယ်။ ကျောက်ကပ်ကင်ဆာ ရှိသူတွေမှာ ဘာကြောင့်မှန်းမသိဘဲ ဖျားနာနေတတ်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:

ဇာခြည်ဝင်း

(ဆေးဝါးတက္ကသိုလ်)

 

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနဲ့ ပတ်သက်ပြီး Healthcare.com.mm ရဲ့ hotline နံပါတ် 7887 သို့ MPT, ATOM  မိုဘိုင်းလ်ဖုန်းများဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနဲ့ တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18