Print

ပြည့်ပြည့်လေးလှချင်သူများအတွက် လိုက်နာစရာလေးများ

  30-Dec-2021
Preview Image

*အစားအသောက်* 

၁ ။ တစ်နေ့တာပုံမှန်လိုအပ်တဲ့ ကယ်လိုရီထက် ၅၀၀ ပိုစားပေးရပါမယ် ။ တစ်နေ့တစ်နေ့ ကိုယ့်အတွက်ဘယ်လောက်စားဖို့လိုလဲဆိုတာ RMR တွက်ပြီးသိနိုင်ပါတယ်။ RMR တွက်နည်းလေးကို သီးသန့်တင်ပေးထားလို့ မှီငြမ်းတွက်ထုတ်နိုင်ပါတယ် ။ 

၂ ။ တစ်နေ့ ထမင်း၃နပ် စားပေးပါ ။ အစာပြေ သွားရေစာ ကို တစ်နေ့ ၂ခါစားပေးပါ ။ စုစုပေါင်း အစားစားချိန် ၅ချိန်ရှိပါစေ ။ အာဟာရမျှတစေဖို့ အထူးဂရုစိုက်ပေးပါ ။ 

၃ ။ ကောင်းသော အဆီများစားပေးပါ ။ အမဲသား ဝက်သား ကြက်သား တို့မှ အဆီကိုရှောင်ပေးပြီး ငါးမှရတတ်သော အဆီကိုပိုစားပေးပါ ။ 

၄ ။ သောက်စရာများရွေးချယ်ရာတွင်လည်း ဂတ်စ်ပါသောအချိုရည်များကိုရှောင်ပြီး protein shakes , juices , whole milk စသည်တို့ကို ပိုသောက်ပေးပါ ။ 

၅ ။ ပေါင်မုန့်တွေဆိုလဲ ဖြူဖြူဖွေးဖွေးလေးတွေထက် ပိုအာဟာရပြည့်သော whole wheat , oat bran စသည်တို့ကိုရွေးစားပေးပါ ။ နှစ်သက်ရာ peanut butter , jam , ပျားရည် , cream cheese တို့ကို သုတ်ကာစားပေးနိုင်ပါတယ် ။ 

၆ ။ ကဆီ ပေါသော အသီးအနှံများကို ရွေးခြယ်ပါ ။ အာလူး မြေပဲ ပြောင်းဖူး မုန်လာ စသည်ဖြင့်စားသုံးပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီ အဖြူ အစိမ်း ၊ ပဲစိမ်းတောင့် ၊ သခွားသီး တို့မှာရေပေါများသောကြောင့် ထိုအရာများကိုရှောင်ပေးပါ။ 

၇ ။ သစ်သီးများ စားမယ်ဆိုရင် ငှက်ပျောသီး ၊ သစ်တော်သီး ၊ ပန်းသီး ၊ နာနတ်သီး နှင့် သစ်သီးခြောက်များကိုပိုစားပေးပါ 

၈ ။ ဟင်းရည်ချက်သောက်မယ်ဆိုရင်လဲ အသားပြုတ်ရည်ကိုအခြေခံပြီးချက်တဲ့ ဟင်းရည်ထက် cream ပါတဲ့ဟင်းရည်တွေကပိုကောင်းပါတယ် ။ အုန်းနို့ရည်လိုမျိုးဟင်းရည်ကိုဆိုလိုပါတယ် ။ 

၉ ။ ဆီများများထည့်ချက်ပါ ။ ကျန်းမာရေးအတွက်ညီညွတ်တဲ့ ဆီဖြစ်စေဖို့တော့ သတိပြုရပါမယ် ။ unrefined ( extra virgin ) လို့ဆိုထားတဲ့ ဆီတွေဟာ အကောင်းဆုံးပါ ။ သံလွင်ဆီ ၊ အုန်းဆီ ၊ ကနိုလာ ၊ ထောပတ်ဆီများဟာ သင့်တော်ပါတယ် ။ omega-6 fatty acids ပါသော နေကြာဆီ ၊ ပဲဆီများကိုလဲ သင့်တော်တဲ့ဆီ အဖြစ်သတ်မှတ်နိုင်ပါတယ် ။ 

၁၀ ။ ဖြည့်စွက်အားဆေးများသောက်ပေးပါ ။ အာဟာရဖြည့်စွက်အားဆေးများဟာ ဝိတ်တက်စေဖို့များစွာအထောက်အကူပေးပါတယ် ။ 

၁၁ ။ မာဂျရင်း ထောပတ် ၊ အသင့်စားရန် ထုတ်ပိုးထားသော သွားရေစာများကိုရှောင်ပေးပါ ။ကြာရှည်ခံအောင်ပြုပြင်ထားသော အသားများကိုမစားပါနှင့် ။ ဝမ်းဗိုက်အဆီကိုသာဖြစ်စေပြီး ဘာမှကောင်းကျိုးမဖြစ်စေပါ ။ 

၁၂ ။ Protein ပါအောင်စားပေးပါ ။ ပဲပိစပ်ပြုတ် ၊ ကြက်သား ၊ မြေပဲသို့မဟုတ် မြေပဲ ထောပတ်၊ တူနာငါး စသည်တို့ကို များများစားပေးခြင်းဖြင့် အလေးချိန်တက်အောင်လုပ်နိုင်ပါတယ် ။

 

*လေ့ကျင့်ခန်း* 

ကြွက်သားလေ့ကျင့်ခန်းများလုပ်ပေးပါ ။ အလေးမလေ့ကျင့်ခန်းများဟာ အဆီပိုများကို ကြွက်သားများ ဖြစ်စေရုံသာမက အစာစားချင်စိတ်ကိုလည်း ပိုဖြစ်စေပါတယ်။ ကြွက်သားပိုကြီးစေဖို့ အလေးချိန်ပိုများများ လေ့ကျင့်ပေးပါ 

*အစားတစ်မျိုးတည်းနှင့် ဝိတ်တက်အောင် မကြိုးစားသင့်ပါ* 

* ဆရာဝန်နှင့်တိုင်ပင်ပါ * 

အထက်ပါအချက်များအားလုံးလုပ်ဆောင်ပါလျက်နှင့် ပြောင်းလဲမှုမရှိပါက ဆေးပညာဆိုင်ရာအကြောင်းရင်းတစ်ခုခုကို အဖြေထုတ်ရတော့မှာဖြစ်ပါတယ် ။ အရင်းနှီးဆုံးတိုင်ပင်လို့ရမယ့် ဆရာဝန်ကို ပြသပါ ။ 

* ဝိတ်ချိန်တော့မယ်ဆို နေ့တိုင်း အချိန်တစ်မျိုးတည်းမှာသာချိန်ပါ * 

မနက်နိုးနိုးချင်းချိန်ပါက နေ့တိုင်း မနက်နိုးနိုးချင်း ချိန်ပေးသင့်ပါတယ် ။ အချိန်အတိအကျ ချိန်ပေးခြင်းဖြင့် မှန်ကန်သော အလေးချိန်ကိုတိုင်းယူနိုင်မှာဖြစ်ပါတယ် ။ 

* အစားကို မြန်မြန်စားခြင်း ၊ အလွန်အကျွံစားခြင်းများရှောင်ရှားပါ * 

glucose level , insulin level တို့အပေါ်ဆိုးရွားစွာသက်ရောက်စေနိုင်လို့ပါ ။ တစ်နပ်ထဲ အများကြီးပုံအောစားခြင်းထက် တစ်နေ့လုံးစာအတွက် နည်းနည်းစီပိုစားပေးတာက ပိုထိရောက်စေပါတယ် ။ 

ဘယ်အရာမဆိုအချိန်တစ်ခုပေးမှ အကောင်းဆုံး ဆုလာဒ်ကိုရရှိနိုင်တာပါ ။အောင်မြင်မှုမှာ ဖြတ်လမ်းမရှိသလို ဇွဲရှိသူသာ စံရတာ လောကသဘာဝပါ ။ လမ်းခုလပ်မှာတင် စိတ်မလျှော့မိဖို့ ကိုယ် စတင်ခဲ့တဲ့ နေ့ရက်တွေကိုပြန်လည်အောက်မေ့ပါ ။

 

လူတိုင်းအောင်မြင်ပျော်ရွှင်သော ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေရှင့် ။

 

Ref: May

 (Super Women)


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT / ATOM မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18