Print

ဒူးနာခြင်း

  01-Mar-2017
Preview Image

ကိုယ်ခန္ဓာရှိ လူ့ကိုယ်အလေးချိန်ကို ထမ်းထားရသော အဆစ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ဒူးဆစ်မှာလည်း ထိခိုက်ဒဏ်ရာရလွယ်၊ ဒဏ်ဖြစ်လွယ်သော အဆစ်ဖြစ်ပါသည်။ ဒူးတစ်ဖက်ဖြစ်စေ၊ နှစ်ဖက်စလုံး စုံဖြစ်စေ ထိခိုက်နိုင်ပါသည်။ ထိုသို့သောအခါမျိုးတွင် ဒူးဆစ်မှာ ပူလာ၊ ရောင်ရမ်းလာတတ်ကာ ကွေးရ၊ ဆန့်ရ ခက်လာတတ်ပါသည်။ ဒူးဆစ်ခိုင်သွားသည် အထိပင်ဖြစ်တတ်ပါသည်။ အများအားဖြင့် ဒူးဆစ်လည်သွားသည့်အခါ (သို့) ဒူးဆစ်ကို ရုတ်တရက် ဆတ်ခနဲ လှည့်လိုက်မိသည့်အခါ ဒူးနာလာတတ်ပါသည်။ ဒူးဆစ်ရောင်ခြင်း (သို့) ဒူးဆစ်ပတ်လည်ရှိ အရည်အိတ်များ ရောင်ခြင်း (ဘာဆိုက်တစ်စ်) နှင့် (အာသရိုက်တစ်စ်)ခေါ် အဆစ်အမြစ် ရောင်ရမ်းနာတို့ကြောင့် ဒူးနာ၊ ဒူးခိုင်လျှင် ကြာတတ်ပါသည်။

 

ဆရာဝန်နှင့် အရင်ပြရန်
• ဒူးဆစ်ရောင်၊ နီရဲ၊ ပူနွေးနေပြီး တအားကိုက်ခဲနာကျင်ကာ ဖျားနေလျှင်


• ထိခိုက်ဒဏ်ရာ ရပြီးနောက် လမ်းမလျှောက်နိုင်လျှင် (သို့) ဒူး မကွေး၊ မဆန့်နိုင်လျှင် ချက်ချင်းကုပါ။

 

မိမိဘာသာ ဆောင်ရွက်နိုင်သော ကိစ္စရပ်များ
• ဒူး ထိခိုက်ဒဏ်ရာရသဖြင့် ဒူးနာလျှင် ထိုနာနေသော ဒူးကို အနားပေးထားပါ။
• ဒူးခိုင်သွားမည်ကိုလည်း စိုးရိမ်ရသဖြင့် အနာခံနိုင်သည့် အတိုင်းအတာကိုလိုက်ကာ ဒူးကိုမကြာမကြာ ကွေးဆန့်ပေးပါ။ အနာသက်သာလာသည်နှင့်အမျှ တိုး၍၊ တိုး၍ လှုပ်ရှားကြည့်ပါ။
• ဝလွန်းပါက ဝိတ်ချပါ။ ဝလွန်းလျှင်လည်း ဒူးဆစ် ဝန်ပိနိုင်ပါသည်။ 
• ရှူးဖိနပ်ဝတ်လျှင်လည်း ကိုယ့်အတွက် သက်သောင့်သက်သာရှိပြီး ခုံနိမ့်နိမ့် အောက်ခံဆိုးလ်(ခြေဖနောင့်) ငြိမ့်ငြိမ့်ညောင်းညောင်းရှိသော ဖိနပ်မျိုးကို ရွေးစီးပါ။
• လှေကားတက်ဆင်းလုပ်ခြင်း၊ စက်ဘီးစီးခြင်းစသော လေ့ကျင့်ခန်းများ လုပ်ပါ။ ပုံမှန်လုပ်လျှင် ခြေသလုံး ကြွက်သားများ သန်မာလာကာ ဒူးဆစ်ကို ကာကွယ်ပ့ံပိုးပေးနိုင်စွမ်း တက်လာနိုင်ပါသည်။ 


Credit:
ဒေါက်တာသန်းထွဋ်ု
အိမ်သားသမားတော် စာအုပ်မှကောက်နုတ်ထားပါသည်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18