Print

အရက်နှင့်လေ့ကျင့်ခန်း

  01-Mar-2017
Preview Image

အရက်သောက်လိုက်တာကြောင့် လေ့ကျင့်ခန်းတွေ ကြိုးစားလုပ်ထားပေမယ့်ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာသလဲဆိုတာ သိပါရဲ့လား။

 

၁။ ခန္ဓာကိုယ်၏ ပြန်လည်ပြုပြင်သောစနစ်ကို နှေးကွေးခြင်း

လေ့ကျင့်ခန်းတွေ ကြိုးကြိုးစားစားလုပ်တဲ့အခါ အသည်းနဲ့ကြွက်သားမှာရှိတဲ့ အဆီပိုတွေဟာ စွမ်းအင်ရှိတဲ့ကြွက်သားတွေ ပြန်လည်ဖြစ်ပေါ်တဲ့နေရာမှာ အကူညီပေးပါတယ်။ တကယ်လို့ ဒီလိုအချိန်မျိုးမှာ အရက်သောက်မိရင် စွမ်းအင်တွေအစား အရက်ကနေရာယူသွားပါတယ်။ လေ့လာတွေ့ရှိချက်အရ ခန္ဓာကိုယ်ပြုပြင်မှုဟာ 50%လောက်ထိ နှေးကွေးသွားပြီး ကြွက်သားတွေမှာရှိသင့်တဲ့ စွမ်းအင်တွေလည်း အလျင်အမြန် လျော့နည်းသွားနိုင်တယ်လို့ ဆိုပါတယ်။

 

၂။ ခန္ဓာကိုယ်မှာ အဆီပိုများစုနေခြင်း

လေ့ကျင့်ခန်းကြောင့် ကယ်လိုရီတွေကို လောင်ကျွမ်းသွားပေမယ့် အရက်အလွန်အကျွံ သောက်လိုက်တဲ့အခါ ခန္ဓာကိုယ််ဟာ ကယ်လိုရီအများအပြားကို အဆီပိုတွေအဖြစ် ပြန်လည်ပြုလုပ်လိုက်ပါတယ်။ အမိုင်နိုအက်စစ်တွေကိုလည်း အဆီတွေအဖြစ် ချေဖျက်လိုက်တဲ့အပြင် စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေတဲ့ ကော်တီဆောဟော်မုန်း အဆင့်ကိုလည်း မြင့်မားစေပါတယ်။

 

၃။ အိပ်စက်မှုကို အနှောက်အယှက်ဖြစ်စေခြင်း

အမျိုးသား ၉၃ ယောက်နဲ့ အမျိုးသမီး ၉၃ ယောက်ကို အရက်သောက်စေပြီး လေ့လာမှုပြုလုပ်ခဲ့ရာ အမျိုးသားတွေထက် အမျိုးသမီးတွေရဲ့ အိပ်ချိန်ဟာ ပုံမှန်ထက်မိနစ် ၃၀ လျော့နည်းသွားတာကို တွေ့ရှိခဲ့ပါတယ်။ လေ့ကျင့်ခန်းတွေကြောင့် အိပ်စက်ခြင်းဟာ သက်သောင့်သက်သာ ဖြစ်နေပေမယ့် အရက်ကတော့ အိပ်ချိန်စက်ဝန်းကို အနှောက်အယှက်ပေးပြီး ခန္ဓာကိုယ််ဖွံဖြိုးကြီးထွားမှု ဟော်မုန်းကို ဟန့်တားကာ ကြွက်သားဖြစ်ပေါ်မှုကို 70% ထိ ထိခိုက်နိုင်တယ်လို့ ဒေါက်တာပီယက်တိုလီက ဆိုပါတယ်။

 

၄။ အာဟာရရှိမှုကို လျော့နည်းစေခြင်း

အရက်ဟာအစာအိမ်အတွင်း မျက်နှာပြင်ကို မအီမသာဖြစ်စေပြီး အာဟာရစုပ်ယူတဲ့ စွမ်းအင်ကို လျော့နည်းစေပါတယ်။ ဆီးခဏခဏသွားစေတာကြောင့် အခန့်မသင့်ရင်ရေဓာတ်ဆုံးရှုံးပြီး ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကို နှေးကွေးစေပါတယ်။


Credit :
အိဖြူ(ဆေးဝါးတက္ကသိုလ်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18