Print

မျက်ကပ်မှန်ကြောင့် မျက်စိကွယ်နိုင်သည်

  01-Mar-2017
Preview Image

ကော်နီယာ (မျက်လုံးရှေ့ဘက်ပိုင်းအလွှာ -Cornea) ရောင်ရမ်းခြင်းသည် မျက်စိကွယ်သည်အထိ အန္တရာယ်ဖြစ်စေသည်။ ဗက်တီးရီးယား၊ ဖန်းဂပ်စ်မှိုနှင့် အခြားသော ပိုမွှားများကြောင့် ကော်နီယာရောင်ရမ်းမှု ဖြစ်နိုင်သည်။ ယနေ့အချိန်တွင် ရိုးရိုးမျက်မှန်များနေရာတွင် မျက်ကပ်မှန်များ အစားထိုးအသုံးပြုလျက် ရှိကြသည်။ မျက်ကပ်မှန်ကို နည်းစနစ်မှန်ကန်စွာ ဂရုစိုက်မှုမရှိလျှင် မျက်စိအား ပိုးမွှားဝင်ရောက်ပြီး ကော်နီလာရောင်ရမ်းမှုနှင့် မျက်စိကွယ်မှုတို့ ဖြစ်နိုင်သည်။ 

 

မျက်ကပ်မှန်မှာ ရိုးရိုးမျက်ကပ်မှန်ကဲ့သို့ စိတ်မသက်မသာဖြစ်မှု ကင်းသည်။ သို့သော် ရောဂါပိုးမွှားဝင်ရန် အခွင့်အလမ်းပိုများသည်။ သန့်ရှင်းအောင် ဆောင်ရွက်ခြင်းနှင့် နည်းစနစ်မှန်ကန်စွာ သိမ်းဆည်းခြင်းတို့ပြုမှသာ မျက်စိထိခိုက်မှုကင်းနိုင်မည်ဖြစ်သည်။ မျက်ကပ်မှန် တပ်ဆင်အသုံးပြုသူများသည်။ သန့်ရှင်းမှုကို အလေးထား လုပ်ဆောင်ရန် လိုအပ်သည်။

 

(က) မျက်ကပ်မှန်ကို ထိတွေ့ကိုင်မှုမပြုမီ လက်ကိုရေနှင့် ဆပ်ပြာသုံး၍ စင်ကြယ်အောင်ဆေးကြောရမည်။

 

(ခ) မျက်ကပ်မှန်ချွတ်ပြီးလျှင် ပိုးသတ်ဆေးရည်ဖြင့် ပွတ်သပ်ဆေးကြောရမည်။

 

(ဂ) မျက်ကပ်မှန်ဆေးသည့် အရည်မှာ ကျွမ်းကျင်ပညာရှင်များ (အထူးကုဆရာဝန်များ) ညွှန်းဆိုသော အရည်ဖြစ်ရမည်။

 

(ဃ) မျက်ကပ်မှန်ဆေးရည်ကို အမြဲတမ်း အသစ်အသုံးပြုရပါမည်။ အသစ်နှင့် အဟောင်းရောစပ်၍ အဟောင်းတွင် အသစ်ထပ်ဖြည့်၍ မသုံးစွဲရပါ။

 

(င) မျက်ကပ်မှန်ကို ရေ (သို့) တံတွေဖြင့် သန့်ရှင်းအောင် ပြုလုပ်ခြင်းကို ရှောင်ကြဉ်ပါ။

 

(စ) မျက်ကပ်မှန်တပ်ဆင်လျှက် အိပ်စက်ခြင်းမပြုရပါ။

 

(ဆ) မျက်ကပ်မှန်ကို ရေနှင့် ဝေးဝေးရှိစေရမည်။ ရေချိုးခြင်း၊ ရေကူးခြင်း၊ ရေပူစိမ်ခြင်းစသည်တို့ မပြုလုပ်မီ မျက်ကပ်မှန်ချွတ်ရမည်။

 

(ဇ) မျက်ကပ်မှန်ထည့်သော ဘူးအားလည်း မျက်ကပ်မှန်ဆေးသည့် အရည်ဖြင့်ပင် သန့်ရှင်းစေရပါမည်။

 

(စျ) မျက်ကပ်မှန်ထည့်သော ဘူးသီး သုံးလတစ်ကြိမ် အသစ်လှဲပေးရမည်။

 

(ည) မျက်စိဆရာဝန်ထံ တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် သွားရောက်ပြသပေးရမည်။

 

(ဋ) မျက်စ်ဆရာဝန်ထံမှ လမ်းညွှန်အကြံပေးမှုများရယူပါမည်။

 

(ဌ) နာကျင်ခြင်း၊ မအီမသာဖြစ်ခြင်း၊ မျက်စိနီရဲလာခြင်းနှင့် အမြင်ဝေဝါးခြင်းဖြစ်လျှင် ချက်ချင်းမျက်စိဆရာဝန်ထံ သွားရောက်ပြသရမည်။

 

(ဍ) အပိုတစ်စုံကိုလည်း ဆောင်ထားပေးရမည်။


Credit:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးဆိုင်ရာ သတင်းနှင့် ဗဟုသုတများ စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18