Print

အရပ်ပုလျှင် နှလုံးရောဂါအန္တရာယ်ပို

  01-Mar-2017
Preview Image

သင်သည် အရပ်ပုနေသူတစ်ဦးဖြစ်ပါက နှလုံးသွေးကြောရောဂါဖြစ်ရန် အန္တရာယ်ပိုများသည်ဟု လေ့လာမှုအသစ်တစ်ခုက ဆိုသည်။ ထိုသို့ အန္တရာယ်ပိုများခြင်းမှ အစားအသောက်နှင့် နေထိုင်မှုပုံစံတို့ကြောင့် မဟုတ်ဘဲ ဗီဇမျိုးရိုးနှင့် ဆက်နွှယ်ပတ်သက်မှုကြောင့် ဖြစ်နိုင်သည်။ အရပ်ရှည်ခြင်း (သို့) အရပ်ပုခြင်းသည် မျိုးရိုးဗီဇနှင့် ဆက်နွှယ်သည်။ လေ့လာမှုတွင် နှလုံးသွေးကြောရောဂါ ရှိသူနှင့် မရှိသူ စုစုပေါင်း ၂၀၀,၀၀၀ ခန့် ပါဝင်ခဲ့သည်။ 

 

အရပ်အမြင့် ၆.၅ စင်တီမီတာ ကွာခြားမှုသည် နှလုံးသွေးကြောရောဂါဖြစ်ပွားမှု၌ ၁၃.၅ ရာခိုင်နှုန်း အန္တရာယ်ကွာခြားမှုရှိသည်ဟု သိရသည်။ အရပ်မြင့်လေ နှလုံးသွေးကြောရောဂါ အန္တရာယ်နည်းလေဖြစ်သည်။ အပြန်အလှန်အားဖြင့် အရပ်ပုလေ အန္တရာယ်များလေဖြစ်သည်။ အရပ် ၁.၆၈ မီတာရှိသူတစ်ဦးနှင့် အရပ် ၁.၅၂ မီတာရှိသူတစ်ဦးတို့အား နှိုင်းယှဉ်ကြည့်လျှင် နှလုံးသွေးကြောရောဂါဖြစ်ရန် ၃၂ ရာခိုင်နှုန်း၊ အရပ်သူ၌ အန္တရာယ်ပိုများကြောင်း တွေ့ရသည်ဟု Britain’s University of Leiceaster မှ Christopher Nelson က ပြောကြားခဲ့သည်။

 

The University of Leiceaster မှ နှလုံးရောဂါ အထူးကုပါမောက္ခ Sir Nilash Samari က အရပ်အမြင့်နှင့် နှလုံးသွေးကြောရောဂါ ဖြစ်ပွားမှုမှာ ပြောင်းပြန်အချိုးကျသည်ဟု နှစ်ပေါင်း ၆၀ ကျော် လက်ခံခဲ့ကြသည်ဟုဆိုသည်။

 

မျိုးရိုးဗီဇကို အခြေခံကာ လေ့လာခဲ့ပြီးနောက် အရပ်ပုလေ နှလုံးသွေးကြောရောဂါအန္တရာယ် ပိုများလေဖြစ်ကြောင်း တွေ့ရသည်။ နှလုံးသွေးကြောရောဂါမှာ အစားအသောက်အနေအထိုင် လူမှုပုံစံနှင့်လည်း များစွာ ဆက်နွှယ်သည်။ 

 

ဥပမာ - ဆေးလိပ်၊ စီးကရက်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ အဝလွန်ကဲခြင်း စသည်တို့မှာ နှလုံးသွေးကြောရောဂါဖြစ်စေနိုင်သည့် အန္တရာယ်များဖြစ်ကြသည်။


Credit:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးဆိုင်ရာ သတင်းနှင့် ဗဟုသုတများ စာအုပ်မှကောက်နုတ်ထားပါသည်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18