Print

အနှိပ်ခံခြင်းကြောင့် သက်သာလျော႔ပါးနိုင်သော ရောဂါဝေဒနာများ

  01-Mar-2017
Preview Image

အနှိပ်ခံတာကြောင့် အောက်ပါ ရောဂါဝေဒနာတွေကို သက်သာလျော့ပါးစေတယ်လို့ကျွမ်းကျင်သူတွေက ဆိုပါတယ်။

 

ခေါင်းတစ်ခြမ်းကိုက်ရောဂါ
မကြာခဏ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကြောင့် နာကျင်နေရင်အနှိပ်ခံပါ။ပြင်းထန်ဆိုးဝါးတဲ့ခေါင်းကိုက်ဝေဒနာ ဖြစ်သူတွေအနေနဲ့ အနှိပ်ခံတဲ့ကုထုံးကို သီတင်းပတ် များစွာ ခံယူပြီးချိန်မှာ ဝေဒနာသက်သာပြီး အိပ်မောကျသွားကြောင်း အော့ခ်လန်းတက္ကသိုလ်ရဲ ့လေ့လာမှု အရ သိရပါတယ်။

 

ခန္ဓာကိုယ် ကိုက်ခဲနာကျင်မှု
အနှိပ်ခံတာကြောင့် လေ့ကျင့်ခန်း လုပ်တဲ့အတွက် ကြွက်သား ရောင်ရမ်းမှုနဲ့ ကိုက်ခဲနာကျင်မှုကို လျော့ပါး သက်သာစေတယ်လို့ လေ့လာမှုက ဖော်ပြထားပါတယ်။ကနေဒါနိုင်ငံ၊ အွန်တယ်ရီယို တက္ကသိုလ်ရဲ့လေ့လာမှုအရ အနှိပ်ခံတဲ့ ကုထုံးဟာလေ့ကျင့်ခန်းလုပ်ပြီး ဖြစ်တတ်တဲ့ ရောင်ရမ်းနာကျင်မှုကို သက်သာစေတယ်လို့ တွေ့ရပါတယ်။ အနှိပ်ခံတာဟာ ရောင်ရမ်းမှု သက်သာစေတဲ့ ဆေးဝါးတွေနဲ့ အာနိသင်တူပါတယ်။

 

အိုမင်းရင့်ရော်သည့် အသွင်အပြင်
အနှိပ်ခံတာကြောင့် သွေးစီးဆင်းမှုကို လှုံ့ဆော်ပေးနိုင်ပြီး မျက်နှာပြင်ကိုတောက်ပ ကြည့်ကောင်းစေပါတယ်။ အနှိပ်ခံတာကြောင့် အရေပြား ဖောင်းအစ်မှုကို သက်သာစေတာ၊ ဆဲလ်ထဲက အဆိပ်တွေ ထွက်ရှိစေတာစတဲ့ အကျိုးကျေးဇူးတွေ ရရှိစေကာ နွမ်းနယ်နေတဲ့ အသားအရေကို ကြည်လင် တောက်ပစေပါတယ်။

 

ရာသီအကြို ဝေဒနာ
အနှိပ်ခံတာကြောင့် ရာသီအကြို ဝေဒနာတွေဖြစ်တဲ့ လေပွတာ၊ ခေါင်းကိုက်တာ၊ကိုယ်အလေးချိန် မြင့်တက်တာနဲ့ စိတ်ကယောက်ကယက် ဖြစ်တာတို့လို ဝေဒနာတွေကိုလျော့ပါးစေတယ်လို့ မီယာမီ ဆေးကျောင်း တက္ကသိုလ်က ဆိုပါတယ်။ ပုံမှန် အနှိပ်ခံတာကြောင့် အသက် ၁၉ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသမီးတွေမှာ ခံစားရတဲ့ ရာသီအကြိုဝေဒနာကို သက်သာ လျော့ပါးစေပါတယ်။

 

နာတာရှည် ကိုက်ခဲခြင်း
နာတာရှည် တစ်သျှူးနာကျင်မှု (အဆစ်ရောင်နာ၊ နာတာရှည် နုံးချည့်ညောင်းညာတာ၊ အဆစ် ဝေဒနာ) စတာတွေ ခံစားနေရသူတွေမှာ အနှိပ်ခံတာကြောင့် ဝေဒနာ လျော့ပါးသက်သာတာကို တွေ့ရပါတယ်။ နာတာရှည် နာကျင်ကိုက်ခဲမှု ဝေဒနာ ခံစားရသူတွေ အနေနဲ့ အနှိပ်ခံတာကြောင့် ဝေဒနာ သက်သာစေပါတယ်။ 

 

ကင်ဆာကုထုံး၏ ဘေးထွက်ဆိုးကျိုးများ ကင်ဆာရှိသူတွေဟာ အနှိပ်ခံတာကြောင့် ဆေးကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေ လျော့ပါးကာ အိပ်ရေးဝဝ အိပ်ပျော်တာ၊ ကိုက်ခဲ နာကျင်မှု လျော့ပါးတာနဲ့ ဘဝနေထိုင်မှု အရည်အသွေး ကောင်းမွန်တာစတဲ့ အာနိသင်တွေရရှိကြောင်း ဘော့စတွန် လေ့လာသူတွေက ဆိုပါတယ်။ ညင်ညင်သာသာ ထိတွေ့ပြီး ခြေထောက်ကို နှိပ်နယ်တာကြောင့် ကင်ဆာရှိသူတွေမှာ နာကျင်မှု၊ ပျို့ချင်အန်ချင်ဖြစ်တာ စိတ်ဖိစီးမှု များတာ၊ စိတ်ဓာတ်ကျတာနဲ့ နုံးချည့်ညောင်းညာတာစတဲ့ ဝေဒနာတွေကို လျော့ပါးသက်သာစေပါတယ်။


Credit : Good Health



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18