Print

အရေပြားယားယံခြင်း

  28-Oct-2018
Preview Image

အရေပြားယားယံခြင်းဟာ ပတ်ဝန်းကျင်မှာ တွေ့လေ့တွေ့ထရှိတဲ့ ကျန်းမာရေးပြသနာတစ်ခု ဖြစ်တယ်။ ခန္ဓာကိုယ် အရေပြားနဲ့ အရေပြားအောက်ရှိ အာရုံကြောငယ်တွေ အထိမခံနိုင်အောင် ဖြစ်စေတဲ့အထိ ယားယံ ခြင်းမျိုးကို ခံစားရတတ်တယ်။ အာရုံကြောငယ် အထိမခံ ဖြစ်လာရင် နာလာတယ်။ ယားယံတာ ကလည်း တစ်နေရာတည်းမှာ ဖြစ်တယ်။ ဒါ့အပြင် ဝဲ၊ ယားနာများ ပေါက်လို့ ခန္ဓာကိုယ်အနှံ့ ယားယံခြင်းလည်း ဖြစ်တတ်တယ်။ ခြေချောင်းများ အကြား၊ လက်ဖဝါး၊ ခြေဖဝါးများ အကြား၊ တံတောင်ဆစ်၊ ပေါင်ခြံတစ်ဝိုက် တွေမှာ ယားယံ တတ်တယ်။ ဝဲစိုနဲ့ ဝဲခြောက် နှစ်မျိုးရှိပြီး နှစ်မျိုးလုံးဟာ ကူးစက်တတ်တယ်။

ဝဲယားနာ
ဝဲရောဂါဟာ ကမျဉ်းနီ ပိုးကောင်ငယ်၊ မှို(ဖန်းဂပ်) တစ်မျိုး ဖြစ်တယ်။ အရေပြားပေါ်မှာ ပေါက်ပွားကြီးထွား လာခြင်း၊ မစင်စွန့်ရာ မြေကျင်းတူးရာမှ အရေပြားပေါ်မှာ ယားယံခြင်း ခံစားရတယ်။ မတည့်တဲ့ အစားအစာ များစားမိရင် အဖုအပိမ့်များ ထွက်ခြင်း၊ ပန်းနာရင်ကျပ်ခြင်း၊ ယားယံခြင်းတွေ ဖြစ်တတ်တယ်။

ဆီးချို
ဆီးချိုရောဂါ ရှိသူရဲ့ ကိုယ်တွင်းမှာ သန်ကောင်နေ ရှိရင် ယားယံ တတ်တယ်။ သည်းခြေပြွန်ပေါက် ပိတ်ပြီး မျက်လုံး ဝါလာခြင်း၊ အသား ဝါလာခြင်း၊ ယားယံခြင်း၊ အင်ပြင် ထခြင်း၊ မခံမရပ်နိုင်အောင် ဗိုက်အောင့်ခြင်း တို့ ဖြစ်တတ်တယ်။ သည်းခြေဆား (Bile Sults) များ အူထဲ မဆင်းနိုင်တော့လို့ သွေးကြောများထဲကို ပြန့်နှံ့ပြီး တစ်ကိုယ်လုံး ယားယံခြင်းတွေ ဖြစ်ပေါ်တတ်တယ်။ သည်းခြေ ကျောက်များ၊ သန်ကောင်များ ပိတ်ဆို့ခြင်းကြောင့် ကင်ဆာ ဖြစ်နိုင်တယ်။

ဟော်မုန်းဓာတ်ချို့တဲ့
အမျိုးသမီးတွေ ကလေး မီးဖွားခါနီးမှာ ယားယံလေ့ ရှိတယ်။ အသက်အရွယ် ကြီးလို့ သွေးဆုံးချိန် နီးရင်လည်း ဟော်မုန်းဓာတ် ချို့တဲ့တဲ့ အခါ ယားယံလေ့ ရှိတယ်။

ပွေး၊ ဝဲ၊ နှင်းခူ
ပွေး၊ ဝဲ၊ နှင်းခူတို့ လက်ချောင်း၊ ခြေချောင်း၊ ချိုင်း၊ ပေါင်ခြံမှာ ပေါက်ရင် မခံမရပ်နိုင်အောင် ယားယံ တတ်တယ်။ ကြမ်းပိုး ကိုက်ခြင်း၊ ပင့်ကူလျှပ်ခြင်း၊ မိတ်ထွက်ခြင်းတွေ ကလည်း ယားယံ တတ်တယ်။ အထူး သဖြင့် အလွန်ပူပြင်းတဲ့နွေအခါ၊ ခရမ်းလွန်ရောင်ခြည်ဒဏ် ခံရတဲ့ အရေပြားများ အညိုအမည်းစွဲပြီး ယားယံ တတ်တယ်။

မိန်းမကိုယ် ယားယံခြင်း
အမျိုးသမီး အတော်များများမှာ တွေ့ရပြီး သားမွေးလမ်းကြောင်း တစ်လျှောက် ထရိုင်ခိုမိုနပ် (Trichomonura) ရောဂါကြောင့် အဖြူဆင်းပြီး ယားယံစေတယ်။ တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းပြီး ဆေးဝါး သုံးစွဲမှု မရှိသော မိန်းမများမှာ အတွေ့များတယ်။

စအိုဝ ယားယံခြင်း
စအိုဝ ယားယံခြင်းမှာ ချွေးထွက်လွန်ကဲခြင်း၊ မစင်စွန့်ပြီး စအိုဝ စင်ကျယ်အောင် မဆေးခြင်း၊ အူထဲမှာ သန်ကောင် ရှိခြင်းတို့ဟာ စအိုဝ ယားယံစေတယ်။ တုတ်ကောင် စွဲကပ်ရင် ညဘက်မှာ စအိုအပြင် ထွက်လာ တတ်တဲ့ အတွက် အလွယ်တကူ ဖမ်းလို့ ရနိုင်တယ်။ လူတိုင်း နှစ်စဉ် တစ်နှစ်မှာ သန်ချဆေး နှစ်ကြိမ် သောက်သင့် ပါတယ်။

ယားယံတဲ့အခါ မကုတ်မိအောင်

ယားယံတဲ့အခါ မကုတ်မိအောင် ခြေသည်း၊ လက်သည်း အရှည်မထားရပါ။ အိပ်ပျော်နေစဉ် ကုတ်မိတတ်တဲ့ အတွက် တတ်နိုင်သလောက် အရေပြားယားနာရောဂါများ မဖြစ်ပွား မပြန့်နှံ့စေဖို့ တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရု စိုက်သင့်တယ်။ အရေပြား အထူးကု သို့မဟုတ် တတ်ကျွမ်းသော ဆရာဝန်နဲ့ ပြသင့်တယ်။

ယားယံခြင်း မဖြစ်ရန်
ယားယံခြင်း မဖြစ်စေဖို့ ခန္ဓာကိုယ် အရေပြားကို သန့်ရှင်းစွာ ထားရမယ်။ မိတ်ဖု ပေါက်ရင် ဘာစကေဘီ သို့မဟုတ် မဲဇင်ကယ်ဆေး လိမ်းပေးနိုင်တယ်။ပါးလွှာပြီး လေဝင်လေထွက် ကောင်းတဲ့ အဝတ်အထည်များကို ဝတ်သင့်တယ်။နေ့စဉ် ရေမှန်မှန်ချိုး၊ ခြောက်အောင်သုတ်၊ ဆေးလိမ်း၊ ဝဲဆေး၊ ဘာစကေဘီ၊ စကီနာ စသည်ဖြင့် လိမ်းပြီး သန်ချဆေး သောက်သင့်တယ်။ အမျိုးသမီးများဟာ တင်းကျပ်တဲ့ အဝတ်အစားတွေ မဝတ်သင့်ဘူး။ အဝတ်အစား အသစ်ဆိုရင် လျှော်ပြီးမှ ဝတ်သင့်တယ်။ ထရိုင်ခိုမိုနပ် ရောဂါဖြစ်ရင် မက်ထရိုတဆေး သို့မဟုတ် ဆရာဝန်ညွှန်တဲ့ ဆေး သုံးနိုင်
တယ်။ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီး ညွှန်ကြားချက် ခံယူ သင့်ပါတယ်။

Ref:
ဒေါက်တာ လွင်သန့် (ဆေး-၂)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18