Print

ကန်စွန်းဥ စားသင့်တဲ့ အကြောင်းရင်း

  01-Mar-2017
Preview Image

 

ကန်စွန်းဥဟာ အလွယ်တကူ ရရှိနိုင်သော၊ ဈေးသက်သာသော၊ အရသာ ရှိသော အသီးအနှံများထဲမှ တစ်မျိုးဖြစ်ပါတယ်။ ကန်စွန်းဥကို ဘာကြောင့် စားသုံးသင့်သလဲ ဆိုတဲ့ အချက်များကတော့-

 

- နှလုံး ထိခိုက်ခံရခြင်း ကို ကာကွယ်ပေးနိုင်သော ဗီတာမင် B6 ကြွယ်ဝစွာ ပါရှိခြင်း

 

- အရေပြား တင်းရင်း၊ နုပျိုမှုကို ထိန်းသိမ်း ပေးနိုင်သော ကောလဂျင်(Collagen) အမျှင်များကို ထုတ်လုပ်ပေးရာတွင် ကူညီပေးသော ဗီတာမင် C များ ပါဝင်နေခြင်း

 

- ဗီတာမင် D ပါဝင်ခြင်း၊ ထို ဗီတာမင်သည် စွမ်းအင် ပမာဏ၊ စိတ် အခြေအနေ၊ အရိုးများ တည်ဆောက်ခြင်း၊ နှလုံး၊ အရေပြား၊ အာရုံကြောနှင့် သွားကျန်းမာရေး တို့တွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေခြင်း

 

- သွေးဖြူ ဥများ ထုတ်လုပ်ခြင်း၊ စိတ် ဖိစီးမှုများ လျော့ကျခြင်း ၊ ခုခံအား စနစ် ကောင်းမွန်ခြင်း စသည့် အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သော သံဓာတ်၊ စိတ်ဖိစီးမှုများကို ပြေလျော့စေနိုင်သော မဂ္ဂနီစီယမ်ဓာတ် (Magnesium)၊ နှလုံးခုန်နှုန်းနှင့် အာရုံကြော သတင်းပေးပို့ချက် များကို ထိန်းညှိပေးသော ပိုတက်စီယမ် (Potassium)၊ သဘာဝ သကြားဓာတ်များ ပါရှိပြီး သွေးကြောထဲသို့ ဖြည်းညှင်းစွာ ထုတ်လွှတ်နိုင်ခြင်း

 

- ကင်ဆာ ရောဂါကို မောင်းထုတ်ပြီး အသက်အရွယ် အိုမင်းခြင်းကို တွန်းလှန်ကာ ကွယ်နိုင်သော ကယ်ရိုတီးနွိုက် ဓာတ်များ ကြွယ်ဝစွာ ပါဝင်ခြင်း တို့ဖြစ်ပါတယ်။


Credit : health digest



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18