Print

အံ့အားသင့်ဖွယ်ရာ အစားအစာပဲပုပ်

  01-Mar-2017
Preview Image

 

ပဲပုပ်ကို သုတေသန ပညာရှင်များက အာဟာရ၊ အလှအပနှင့် ကျန်းမာရေးအတွက် အံ့အားသင့်ဖွယ်ရာ အစားအစာ (super food) လို့ ခေါ်ကြပါတယ်။ ပဲပုပ်မှာ ပရိုတင်းဓာတ်တွေ၊ ဗီတာမင်တွေ၊ အာဟာရဓာတ်တွေ၊ သတ္တုဓာတ်၊ ကယ်ဆီယမ်၊ antioxidants ဓာတ်တွေ အများအပြား ပါဝင်နေပါတယ်။ အကယ်၍ သင့်အနေနဲ့ ပဲပုပ်ကနေ ထုတ်လုပ်ထားတဲ့ Soya milk ဖြစ်ဖြစ် စားသောက် အသုံးပြုမယ်ဆိုရင် သင်ဟာ လှပကျန်းမာတဲ့ အရာတွေကို ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။ 

 

၁။ ပဲပုပ်ရဲ့တန်ဖိုး ပရိုတင်းဓာတ်များခြင်း

ပဲပုပ်မှာ ပရိုတင်းဓာတ် အများအပြား ပါဝင်နေပါတယ်။ အဲဒီ ပရိုတင်းပမာဏဟာအသားတွေ စားသုံးခြင်းကနေ ရရှိလာမယ့် ပရိုတင်းပမာဏတွေနှင့် တူညီပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အဆိုပြုချက်အရ ပဲပုပ်စားသုံးခြင်းဟာ လူတစ်ယောက်ရဲ့လိုအပ်တဲ့ ပရိုတင်းပမာဏတွေကို ဖြည့်ဆည်းပေး နိုင်တယ်လို့ ဆိုပါတယ်။ နောက်ပြီး ပရိုတိန်းမှာ essential amino acid တွေ လုံလောက်စွာပါဝင်နေတဲ့ အတွက် အကျိုးရှိပါတယ်။ 

 

၂။ အမျှင်ဓာတ်နှင့် ကယ်စီယမ်

ပဲပုပ်မှာ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတဲ့အတွက်ကြောင့် ခန္ဓာကိုယ်အလေးချိန် လျော့ချလိုသူများအတွက် ပဲပုပ်ဟာ အထူးသင့်လျော်ပါတယ်။ ပဲပုပ်မှာ ကိုလက်စထရော မပါဝင်ပါဘူး။ ပဲပုပ်မှာ ကယ်စီယမ်ဓာတ်တွေ အများအပြား ပါဝင်တဲ့အတွက် အရိုးတွေ ကျန်းမာစေဖို့ ကူညီပေးနိုင်ပြီး အရိုးပွခြင်းနှင့် အရိုးပါးခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ 

 

၃။ ကျန်းမာရေးနဲ့ ပဲပုပ် နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါတွေကို လျော့ချပေးခြင်း

ပဲပုပ်မှာ ပရိုတိန်းဓာတ်တွေ ပါဝင်တဲ့အတွက် သွေးကြောထဲက ကိုလက်စထရောတွေကိုလျော့ချပေးနိုင်ပြီး နှလုံးရောဂါတွေ ကာကွယ်ဖို့အတွက်လည်း အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။

 

၄။ အရိုး ကျန်းမာရေးကို တိုးစေခြင်း

ပဲပုပ်မှာပါဝင်တဲ့ ကယ်လ်စီယမ်ဓာတ်တွေဟာ အရိုးပွခြင်း၊အရိုးပါးခြင်း၊ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပြီး အရိုးကျန်းမာရေးကို တိုးတက်ကောင်းမွန်
စေနိုင်ပါတယ်။ 

 

၅။ အလှအပနှင့် ပဲပုပ်....... ဆံသားများကို နူးည့ံစေခြင်း

အထူးသဖြင့် ခြောက်သွေ့တဲ့ ဆံသားများအတွက် ပဲပုပ်ဟာ ဆံသားရဲ့ အစိုဓာတ်ကို ပြန်လည်ဖြည့်တင်း ပေးနိုင်ပါတယ်။ ပဲပုပ်ကနေ ထုတ်လုပ်ထားတဲ့ ပဲပုပ်ဆီကို တစ်ပတ်လျှင် တစ်ကြိမ် (သို့) နှစ်ကြိမ်၊ မိနစ် ၃၀ လောက် လိမ်းထားပေးမယ်ဆိုရင် ဆံသားတွေ သန်စွမ်းဖို့နဲ့ ဆံသားရဲ့ အစိုဓာတ်ကို ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။ 

 

၆။ အရေပြားအတွက်

အရေပြားအတွက် ပဲပုပ်ဟာ moisturizer တစ်မျိုးပါပဲ။ ခြောက်သွေ့တဲ့ အရေပြားပိုင်ရှင်အတွက် အရေပြား စိုပြေစေရန် ပဲပုပ် အဆီကို အသုံးပြုနိုင်ပါတယ်။ ပဲပုပ်မှာ ဗီတာမင်အီး ပါဝင်တဲ့အတွက် အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်တွေ ပြန်လည်ဖြည့်ဆည်းပေးပါတယ်။ နောက်ပြီး အသက်အရွယ်ကြီးရင့်ခြင်း လက္ခဏာများ၊ အရေပြား အရေးအကြောင်းများ၊ အစက်အပြောက်များကို ဖယ်ရှားစေနိုင်ပါတယ်။ အနှစ်ချုပ်အားဖြင့် ပဲပုပ်ကနေ ထုတ်လုပ်ထားတဲ့ Soya Milk တွေကို သင့်ရဲ့ နေ့စဉ် စားသောက်မှု ပုံစံထဲကို ထည့်ထားလိုက်မယ်ဆိုရင် သင့်အတွက် အကျိုးရှိစေမှာဖြစ်ပါတယ်။


Credit:
ရွှေယဉ်ကျေး
Health for all magazine, June 2015, pg.69-70

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18