Print

ဗီတာမင်များ ချို့တဲ့ခြင်း၏ အကြောင်းအရာများ

  01-Mar-2017
Preview Image

၁။ ဗီတာမင်အေဆိုတာဘာလဲ။

ကလေးငယ်တွေမှာဖြစ်ရင် ကြီးထွားမှုနှောင့်နှေးတတ်တယ်။ မျက်စိအမြင်အား ချို့တဲ့ပြီး မျက်စိအပေါ်မြှေးခြောက်ရောဂါ ဖြစ်တတ်တယ်။

 

ဗီတာမင် A ပါတဲ့ အစားအသောက်များမှာ -

အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်များ၊ အသည်း၊ ငါး၊ နို့၊ ဥ၊ ထောပတ်။

 

၂။ ဗီတာမင် B1 ချို့တဲ့လျှင် ဘာဖြစ်နိုင်သလဲ။

ဘယ်ရီဘယ်ရီလို့ခေါ်တဲ့ရောဂါ ဖြစ်တတ်ပါတယ်။ ခြေထောက်များ၊ လက်များ ထုံကျဉ်ခြင်း၊ တဆစ်ဆစ်နှင့် နာကျင်ခြင်း၊ ပူလောင်ခြင်း၊ ကြွက်သားများ အထိမခံနိုင်အောင် နာခြင်းစတဲ့ ဝေဒနာတွေ ခံစားရတတ်ပါတယ်။ အလွန်အမင်းဆိုးလာလျှင် နှလုံးကြီးကာ သွေးလည်ပတ်မှု အားနည်းလာတတ်တယ်။ ဦးနှောက်နှင့်အာရုံကြောရာဂါတွေ ဝင်လာတတ်ပြီး သတိလစ်နိုင်ပါတယ်။ များသောအားဖြင့် အရက်သမားတွေ အတွေ့များတတ်ပါတယ်။ 

 

ဗီတာမင် B1 အစားအစာများမှာ - 

တဆေး၊ အာလူး၊ အသည်း၊ အစေ့၊ အဆန်၊ ဥ၊ အသား၊ ဟင်းသီးဟင်းရွက်။

 

၃။ ဗီတာမင် B2 ချို့တဲ့တဲ့အခါ ဘယ်လိုလက္ခဏာတွေပြတတ်သလဲ။

ပါးစပ်ထောင့် အရေပြားကွဲအက်ခြင်း (ကျီးကန်းပါးစပ်)၊ လက်များ ပပ်ကြား အက်ခြင်း၊ ခန္ဓာကိုယ်အရေပြားကွာခြင်း၊ မျက်စိယားယံခြင်းစတာတွေ ဖြစ်နိုင်ပါတယ်။

 

ဗီတာမင် B2 ပါဝင်တဲ့ အစားအသောက်များမှာ -

ဥ၊ နို့၊ ဒိန်ခဲ၊ အသား၊ အသည်း။

 

၄။ ဗီတာမင် B6 ချို့တဲ့တဲ့အခါ ဘာဖြစ်တတ်သလဲ။

ကလေးငယ်တွေမှာ အတွေ့ရများပြီး တက်ခြင်း၊ ကြီးထွားမှု နှေးကွေးခြင်းတွေ ဖြစ် တတ်ပါတယ်။ အဖြစ်နည်းပါတယ်။

 

ဗီတာမင် B6 ပါတဲ့ အစားအစာများမှာ -

အသည်း၊ ကောက်နှံမျိုး၊ ငါး၊ ဟင်းသီးဟင်းရွက်၊ တဆေး။

 

၅။ ဗီတာမင် B12 ချို့တဲ့လျှင် ဘာတွေဖြစ်နိုင်သလဲ။

သွေးအားနည်းရောဂါတွေဖြစ်တတ်ပြီး အာရုံကြောဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

 

ဗီတာမင် B12 ကြွယ်ဝတဲ့ အစားအသောက်များမှာ -

ဥ ၊ နို့ ၊ အသည်း ၊ အသား ။

 

၆။ ဗီတာမင် C ဓာတ် အားနည်းရင် ဘာဖြစ်နိုင်သလဲ။

စကာဗီလိုခေါ်တဲ့ ရောဂါဖြစ်တတ်ပါတယ်။ သွားဖုံးသွေးယိုခြင်း ၊ စိတ်တိုခြင်း ၊ သွေးအားနည်းရောဂါဝင်ခြင်း ၊ အရိုးအဆစ်ထဲသို့ သွေးဝင်ခြင်းတွေ ဖြစ်တတ်ပါတယ်။

 

ဗီတာမင် C ကို ဘယ်အစားအသောက်များမှာ -

ရှောက်၊ သံပုရာ၊ ကျွဲကော်၊ လိမ္မော်၊ ခရမ်းချဉ်စတဲ့ အချဉ်ဓာတ်ပါဝင်တဲ့ အသီးတွေကနေ ရနိုင်ပါတယ်။


Credit:
ဒေါက်တာငြိမ်းချမ်းအောင်
ကျန်းမာရေးအတွက် သိသင့်သောအဖြေများ စာအုပ်မှကောက်နှုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18