Print

ဗီတာမင်ဒီ

  01-Mar-2017
Preview Image

 

ဒီတစ်ခေါက်တော့ လူအများ သတိမထားမိတတ်တဲ့ ဗိုက်တာမင် ဒီ ( Vitamin D ) အကြောင်းကို ပြောပြချင်ပါတယ်။ ဗိုက်တာမင်အုပ်စုထဲမှာမှ ဗိုက်တာမင် အေ၊ ဘီ၊ဗိုက်တာမင် အီး တို့ကဲ့သို့ ဗိုက်တာမင်ဒီဓာတ်ကလည်း ခန္ဓာကိုယ်အတွက် အရေးကြီးပါတယ်။

 

ဗိုက်တာမင် ဒီ ချို့တဲ့ခြင်း၏ ရောဂါလက္ခဏာများ
ဗိုက်တာမင် ဒီ ချို့တဲ့မယ်ဆိုရင် ဖြစ်ပေါ်လာမယ့်ရောဂါလက္ခဏာများက မသိသာတတ်ပေမယ့်အောက်ပါတို့ ဖြစ်စေနိုင်ပါတယ်။

 

- အရိုးနာခြင်း
- ကြွက်သားအားနည်းခြင်း
- နှလုံးသွေးကြောရောဂါများဖြစ်ပြီး အသက်ဆုံးရှုံးနိုင်ခြင်း
- အသက်အရွယ်ကြီးသူများတွင် နှိုင်းဆချင့်ချိန်နိုင်စွမ်းလျော့ပါးလာတတ်ခြင်း
- ကလေးများတွင်ချို့တဲ့ပါက ပန်းနာရင်ကျပ်ရောဂါဆိုးရွားစွာဖြစ်ခြင်း
- ကင်ဆာရောဂါဖြစ်နိုင်ခြေပိုများခြင်း

 

ဗိုက်တာမင် ဒီ ဓာတ် ( Vitamin D ) ချို့တဲ့ရခြင်းအကြောင်းရင်း
(၁) ခန္ဓာကိုယ်အတွက် လိုအပ်သော ပမာဏ ရရှိရန် ဗိုက်တာမင်ဒီ ပါဝင်သောအစားအစာများကို အချိန်အတော်ကြာအောင်မစားခြင်း
- ဗိုက်တာမင် ဒီ သည် ငါးနှင့်ငါးကြီးဆီ၊ ကြက်ဥအနှစ်၊ ပြုပြင်ထားသောနွားနို့နှင့် အသည်း အစရှိသည်တို့တွင် ပါဝင်သည်ဖြစ်ရာ အသားငါးမစားသောသူများတွင် ဗိုက်တာမင် ဒီ ချို့တဲ့နိုင်သည်။

 

(၂) နေရောင်ခြည်နှင့်ထိတွေ့မှုနည်းခြင်း
- ဗိုက်တာမင်ဒီသည် နေရောင်ခြည်မှရရှိသည်ဖြစ်ရာအိမ်တွင်းပုန်းများ၊ နေရောင်ခြည် အရနည်းသည့်ဒေသတွင်နေထိုင်ကြသူများ၊ တစ်ကိုယ်လုံးဖုံးကာပြီး ဝတ်ဆင်ကြသူများနှင့် နေရောင်နှင့်မထိရသော အလုပ်လုပ်ကိုင်ကြသူများတို့တွင် ဗိုက်တာမင်ဒီ ချို့တဲ့လာကြောင်းတွေ့ရှိရသည်။

 

(၃) အသားအရောင်ညို ခြင်း
- အသားအရည်မှ (Melanin) ဓာတ်သည်နေရောင်ခြည်မှ ရရှိသော ဗိုက်တာမင်ဒီ ကို ဟန့်တားစေသောကြောင့် အသက်အရွယ်ကြီးသော အသားညိုသူများတွင် ဗိုက်တာမင် ဒီ ချို့တဲ့လာကြောင်းတွေ့ရှိရသည်။

 

(၄) သင့်ကျောက်ကပ်သည် ဗိုက်တာမင်ဒီ ကို အလုပ်လုပ်နိုင်သော ပုံစံသို့ပြောင်းလဲရာတွင် ပါဝင်သောကြောင့် ကျောက်ကပ်ပြဿ နာရှိသူများ အသက်ကြီး၍ ကျောက်ကပ်လုပ်ငန်းဆောင်တာ မကောင်းသူများတွင် ဗိုက်တာမင်ဒီ ချို့တဲ့နိုင်သည်။

 

(၅) သင့်အစာအိမ်နှင့်အူလမ်းကြောင်းမှ ရောဂါများဖြစ်ပါက ဗိုက်တာမင်ဒီကို ကောင်းစွာမစုပ်ယူနိုင်သောအခါလည်း ချို့တဲ့နိုင်သည်။ - သွေးထဲတွင်ရှိသော ဗိုက်တာမင်ဒီ ကို ခန္ဓာကိုယ်၏ အဆီဆဲလ်များမှ ယူသောကြောင့် အဆီများသော အဝလွန်သောသူများ( BMI ၃ဝ ထက်များသူများ) တွင် ဗိုက်တာမင်ဒီ အားနည်းကြောင်းတွေ့ရှိရသည်။

 

အထက်ပါတို့ကိုဖတ်ရှုခြင်းဖြင့် ဗိုက်တာမင်ဒီ သည် ခန္ဓာကိုယ်အတွက်အရေးကြီးကြောင်း သိရှိမယ်လို့မျှော်လင့်ပါတယ်ရှင်။နောက်ရက်များမှာ ဗိုက်တာမင်ဒီကို ရရှိနိုင်မည့်အစားအစာများ၊ တစ်နေ့လျှင် စားသုံးသင့်သည့်ပမာဏ၊ ဗိုက်တာမင်ဒီချို့တဲ့နေပြီဆိုရင် ဘယ်လိုလုပ်ရမလဲတို့ကို တင်ပြပေးပါမယ်ရှင်။ ကျန်းမာသုခနှင့် ပြည့်စုံတဲ့ ဘဝများကို ပိုင်ဆိုင်ကြပါစေရှင်။


Dr.Greenbud ( 7887 Healthcare call center )
Ref : WebMD

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18